ငါးမန်း

ဝီကီပီးဒီးယား မှ

ငါးမန်း
Temporal range: Silurian–Recent
Grey reef shark
Grey reef shark (Carcharhinus amblyrhynchos)
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးပေါင်းသေး:
Superorder:
Selachimorpha
Orders

Carcharhiniformes
Heterodontiformes
Hexanchiformes
Lamniformes
Orectolobiformes
Pristiophoriformes
Squaliformes
Squatiniformes
Symmoriida
Cladoselachiformes
Xenacanthida (Xenacantiformes)
Eugeneodontida
Hybodontiformes

ငါးမန်း(Shark)

ကမ္ဘာအရပ်ရပ်ရှိ ငါးမန်းတို့တွင် တစ်တောင်သာသာမျှသာရှိ သော ငါးမန်းငယ်မျိုးမှ ကိုယ်ထည်ကြီးမားသော ငါးမန်းကြီးမျိုး အထိ အမျိုးများစွာရှိသည်။ ငါးမန်းတို့သည် ငလိပ်ကျောက်များ နှင့်အတူ 'ဆီလာချီး' မျိုးစဉ်တွင် ပါဝင်ကြသည်။ ငါးမန်းကြီးမျိုး သည် ပေ ၄ဝ မှ တစ်ခါတစ်ရံ ပေ ၆ဝ လောက်အထိပင် ကြီးမားသည်။ ငါးမန်းကို အေးသောအရပ်ဒေသများမှထက် ပူ သောနေရာဒေသများတွင် ပို၍တွေ့မြင်ရသည်။ မျိုးပွားနှုန်းအလွန်နှေးကွေးခြင်း၊ ဖမ်းဆီးသူများပြားခြင်းတို့ကြောင့် မျိုးတုံးမည့်အခွင့်အလမ်းအများဆုံးငါးတစ်မျိုးဖြစ်သည်။ ငါးမန်းတောင်ဟင်းချိုကို တန်ဖိုးထားစားသောက်လေ့ရှိသောကြောင့်လည်း ဖမ်းဆီးသူ များပြားရသည်။ ငါးမန်းတို့သည် ခရီးဝေးဝေး သွားလာကာ ကျက်စားတတ်သည်။ ကမ္ဘာ့မြောက် ဘက် ဝင်ရိုးစွန်းတို့ရှိ ဂရင်းလန်ကျွန်းအနီးမှ ငမန်းတို့သည် ပြင်သစ်နိုင်ငံကမ်းခြေသို့ပင်ရောက်အောင် ဆင်းလာ၍ ကျက်စား တတ်ကြသည်ဟု ဆိုသည်။

ငါးမန်းနှစ်မျိုး

အပြုအမူ အလေ့အကျင့်ကိုလိုက်၍ ငါးမန်းတို့တွင် အမျိုး နှစ်မျိုး ကွဲပြားသည်။ တစ်မျိုးမှာ ပင်လယ်အောက်ခြေတွင် ကျက်စားတတ်သော ငမန်းမျိုးဖြစ်၍ အခြားတစ်မျိုးမှာ ရေမျက် နှာပြင်အနီးတွင်သာ ကျက်စားတတ်သော ငမန်းမျိုးဖြစ်သည်။ ပထမငါးမန်းမျိုးသည် လူသတ္တဝါများကို အလျင်း အန္တရာယ်မပြု တတ်ပေ။ ထိုငါးမန်းတို့၏ ဦခေါင်းသည် ခုံးတုံးတုံးဖြစ်ပြီး သွား များမှာ မာကျော၍ ဝိုင်းနေလေသည်။ ထိုသွားမျိုးရှိသော ငမန်း မျိုးသည် ငါးမန်းတို့တွင် အလွန်ရှားပါး၍ ရှေးလည်း အကျဆုံး ဖြစ်၏။ ဒုတိယငါးမန်းမျိုးသည် လူသတ္တဝါများကို အလွန် အန္တရာယ်ပေးတတ်ကြသည်။ ဝေလငါးကြီးများကိုပင် အသား တုံးကြီးများပဲ့၍ ပါသွားအောင် ကိုက်ဖြတ်တတ်ကြ၏။

မြန်မာနိုင်ငံ

ငါးမန်းတို့ကို မြန်မာနိုင်ငံကမ်းရိုးအလွန် ဘင်္ဂလားပင်လယ်ထဲ တွင်လည်း အနှံ့အပြား တွေ့ရှိရ၏။ ပင်လယ်ကမ်းရိုးဒေသ တို့မှတစ်ပါး အခြားဒေသတို့တွင် ငါးမန်းကို ဟင်းလျာအဖြစ် စားလေ့မရှိသော်လည်း အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရန် အတွက်မူ အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် ငါးမန်းရေကို ဓားရိုးဖုံးရန် အသုံးပြုလေ့ရှိသည်။ အမြီးမှတစ်ပါး ငါးမန်း၏ ဆူးတောင်ကို နိုင်ငံခြားသို့ အမြောက်အမြား တင်ပို့ရောင်းချ ရသည်။ တရုတ်နိုင်ငံတွင်မူ ထိုဆူးတောင်များကို စားသုံး၍ ယင်းမှ ကော်တစ်မျိုး ပြုလုပ်ယူလေသည်။ ငမန်းအသည်းမှ ရသောအဆီတွင် ဗီတာမင်အေဓာတ်များစွာ ပါရှိသဖြင့် ငါးကြီး ဆီအစား ငါးမန်းဆီကို ချက်လုပ်ရောင်းချလေ့ရှိကြ၏။

ငါးမန်းအမျိုးမျိုး

ငါးမန်းမျိုးတွင် ငါးမန်းခေါင်းဝိုင်းငါးမန်းတောင်မဲငါးမန်းငှက်ပျံငါးမန်းနီငါးမန်းကျွဲငါးမန်းသံဝတ်ငါးမန်းပြောက်ငါးမန်းစွယ်သည်ငါးမန်းကား၊ ငလိပ်ကျောက်၊ လိပ်ကျောက်တံခွန်လျှပ်စစ်လိပ်ကျောက် စသည်တို့ ပါဝင်သည်။ ကိုယ်ထည် ပုံအမျိုးမျိုးကိုလိုက်၍ အမည်ကွဲပြားသည်။

[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)