ကိုရီးယားနိုင်ငံ

ဝီကီပီးဒီးယား မှ
Korea
한국/韓國 (S. Korean)
조선/朝鮮 (N. Korean)

ကိုရီးယားနိုင်ငံ၏ အလံတော်
အလံတော်
ကိုရီးယားနိုင်ငံ၏ တည်နေရာ
မြို့တော်
နှင့်အကြီးဆုံးမြို့များ
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ (largest overall)
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့
ဘာသာစကားကိုရီးယားဘာသာစကား
Demonymကိုရီးယန်း
Sovereign states မြောက်ကိုရီးယား
 တောင်ကိုရီးယား
ဦးဆောင်သူများ
• ကိုရီးယားသမ္မတနိုင်ငံသမ္မတ
မွန်ဂျေအင်း
• ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံခေါင်းဆောင်
ကင်ဂျုံအန်း
ဧရိယာ
• စုစုပေါင်း
၂၁၉,၁၅၅ km2 (၈၄,၆၁၆ sq mi)[၁][၂]
• ရေထု (%)
၂.၈
လူဦးရေ
• ၂၀၁၅ ခန့်မှန်း
၇၆,၄၉၇,၈၈၁
• သိပ်သည်းမှု
၃၄၉.၀၆/km2 (၉၀၄.၁/sq mi)
ငွေကြေးဝမ် (₩)
တောင်ကိုရီးယားဝမ် ()
အချိန်ဇုန်KST (UTC+9 (တောင်ကိုရီးယား))
PYT (UTC+8:30 (မြောက်ကိုရီးယား)[၃])

ကိုရီးယားနိုင်ငံသည် အရှေ့အာရှရှိ သမိုင်းဝင်နိုင်ငံဖြစ်သည်။ ၁၉၄၅ ခုနှစ်မှစကာ ၂ ပိုင်းကွဲသွားပြီး မြောက်ကိုရီးယား (ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ)နှင့် တောင်ကိုရီးယား(ကိုရီးယားသမ္မတနိုင်ငံ)တို့ ဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်တွင် တည်ရှိသော ကိုရီးယားသည် အနောက်မြောက်တွင် တရုတ်၊ အ​ရှေ့​မြောက် တွင် ရုရှားနိုင်ငံတို့နှင့် ထိစပ်နေသည်။ အရှေ့ဘက်တွင် ဂျပန်ပင်လယ်နှင့် ဂျပန်နိုင်ငံတို့ ရှိသည်။

ကိုရီးယားနိုင်ငံသည် အေဒီ ၆၇၆ နောက်ပိုင်းတွင် ရှီလာ၊ ဘတ်ဟယ် နှင့် ဂိုဂူ​လျော တို့ပူးပေါင်းထားသော နိုင်ငံ ၃ ခု ပဋိပက္ခပြီးနောက် သီးခြားတိုင်းပြည် ဖြစ်လာသည်။ ရှီလာ၏နိုင်ငံ ၃ နိုင်ငံမှ ဂိုဂူလျောကို ဆက်ခံသော ဂိုလျောနယ်သည် အခြား၂ နယ်ကို ရှုံးနိမ့်သည်။ ထိုစဉ် ဘတ်ဟယ် ပြိုကွဲကာ နောက်ဆုံးသော အိမ်ရှေ့မင်းသားသည် ဂိုလျောကို ထွက်ပြေးခဲ့သည်။ သို့သော် ၁၃ ရာစုအတွင်း မွန်ဂိုတို့၏ ကျူးကျော်မှုများသည် နိုင်ငံကို အားနည်းစေပြီး ယူနန်နိုင်ငံပြိုကွဲအပြီး နိုင်ငံရေးအရ ပြိုကွဲခဲ့ကြသည်။ ဂိုလျောသည် ရီဆောင်ဂီ၏ အဖွဲ့လက်အောက်သို့ ကျရောက်ကာ ၁၃၉၂ တွင် ဂျိုဆွန်ကို တည်ထောင်ခဲ့သည်။

ဂျိုဆွန်၏ ပထမနှစ်၂၀၀ ကို ငြိမ်းချမ်းသည်ဟု မှတ်ယူရသည်။ ထိုကာလတွင် ၁၅ ရာစု၌ ကိုရီးယား အက္ခရာကို တီထွင်ခဲ့သည်။ ၁၉ ရာစုနှောင်းပိုင်း၌ ဂျပန်နိုင်ငံနှင့်ဆိုင်သောနယ်မြေ ဖြစ်လာသည်။ ၁၉၁၀ တွင် ဂျပန်တို့၏ သိမ်းပိုက်ခြင်းခံရပြီး ၁၉၄၅ ဩဂုတ်ထိ ဖြစ်သည်။

၁၉၄၅ တွင် ဆိုဗီယက်နှင့် အမေရိကန်တို့သည် ဂျပန်တို့ ဒုတိယကမ္ဘာစစ်အတွက် လက်နက်ချခြင်းနောက်ဆက်တွဲအဖြစ် ကိုရီးယားကို ၂ ပိုင်းခွဲခဲ့သည်။ မြောက်ပိုင်းကို ဆိုဗီယက်၊ တောင်ပိုင်းကို အမေရိကန်တို့က ရယူခဲ့သည်။ ကွန်မြူနစ် ဆိုဗိီယက်နှင့် အမေရိကန်တို့သည် ကိုရီးယားနှစ်ခြမ်းကို နိုင်ငံရေးအယူဝါဒကွဲပြားစေခဲ့သည်။ ထို တင်းအားများကြောင့် ၁၉၅၀ တွင်ကိုရီးယားစစ် ဖြစ်ခဲ့သည်။ ပြည်ပနိုင်ငံများ၏ ပါဝင်မှုနှင့်အတူ ၁၉၅၃ တွင် ငြိမ်းချမ်းရေးစာချုပ်မပါဘဲ စစ်ကြီးပြီးခဲ့သည်။ ဤသည်ပင် ကျွန်းဆွယ်ကွဲပြားမှုကို ပိုမိုတင်းမာစေသည်။

အမည်

Koreaသည် Corea (၁၆၁၄တွင် အဂ်လိပ်များဖော်ပြခဲ့) ၏ ခေတ်သစ်စာလုံးပေါင်းဖြစ်သည်။ မာကိုပိုလို၏ ခရီးသွားမှတ်တမ်းတွင် Cauli ဟုဖော်ပြထားသည်။

ရှီလာမှဘုရားတစ်ဆူ
ဂျိုဆွန်နန်းတွင်း
အစောဆုံး ကိုရီးယားအလံသစ်ကို အမေရိကန် ရေတပ်စာအုပ်၌ ၁၈၈၉ဇူလိုင်တွင်ဖော်ပြခဲ့
ကိုရီးယားစစ်ပွဲ

ပထဝီဝင်

ကိုးကား

  1. Castello-Cortes 1996, p. 413, North Korea.
  2. Castello-Cortes 1996, p. 498, South Korea.
  3. Novak၊ Cathy။ "North Korea sets clocks back 30 minutes creating its own time zone"၊ CNN၊ August 13, 2015။ 4 May 2016 တွင် ပြန်စစ်ပြီး