ကာကာဒူး အမျိုးသားဥယျာဉ်

ဝီကီပီးဒီးယား မှ
၂၃:၂၈၊ ၂၈ ဒီဇင်ဘာ ၂၀၂၀ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
ကာကာဒူးအမျိုးသားဥယျာဉ်*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

ကာကာဒူး ချောက်ကမ်းပါးစွန်း
တည်ရှိသည့် နိုင်ငံ  ဩစတြေးလျ
အမျိုးအစား သဘာဝ ၊ ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i,vi, vii, ix, x
ကိုးကား ၁၄၇
ဒေသ** အာရှ-ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၁  (ပဉ္စမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ကာကာဒူး အမျိုးသားဥယျာဉ် သည် ဩစတြေးလျနိုင်ငံ မြောက်ဩစတြေးလျပြည်နယ်ရှိ ထိန်းသိမ်းစောင့်ရှောက်ထားသော နယ်မြေ တစ်ခု ဖြစ်ပြီး ဒါဝင်မြို့ ၏ အရှေ့တောင်ဘက် ၁၇၁ ကီလိုမီတာ အကွာတွင် တည်ရှိသည်။

ထိုဥယျာဉ်သည် မြောက်ဩစတြေးလျပြည်နယ် အယ်လီဂေတာ ရေးဗား ဒေသအတွင်း တည်ရှိသည်။ အကျယ်အဝန်း အနေနှင့် ၇,၆၄၆ စတုရန်းမိုင် (၁၉,၈၀၄ စတုရန်းကီလိုမီတာ) [၁] မျှ ရှိပြီး မြောက်မှတောင်သို့ ၂၀၀ ကီလိုမီတာခန့်မျှ ရှည်လျားပြီး အရှေ့မှ အနောက်သို့ ၁၀၀ ကီလိုမီတာကျော်မျှ ရှည်လျားသည်။ ထိုဥယျာဉ်၏ အကျယ်အဝန်းမှာ ဆလိုဗေးနီးယားနိုင်ငံ၏ အကျယ်အဝန်းမျှ ရှိပြီး တက်စမေးနီးယားကျွန်း၏ ၃ ပုံ ၁ပုံမျှ သို့မဟုတ် ဆွစ်ဇာလန်နိုင်ငံ၏ တစ်ဝက်မျှ ရှိသည်။ ကမ္ဘာပေါ်တွင် ယူရေနီယမ် အများဆုံး ထွက်သော ရိန်းဂျား ယူရေနီယံတွင်းအား ဥယျာဉ်မှ ဝိုင်းပတ်ထားသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Kakadu National Park Northern Territory, AustraliaUnited Nations Environment Programme World Conservation Monitoring Centre – World Heritage Sites။ UNESCO။ 13 July 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 March 2011 တွင် ပြန်စစ်ပြီး။