မှတ်မိသေးတယ် ဂျပန်ခေတ်ဆေးရုံကြီးဝယ် (စာအုပ်)
တတိယအကြိမ်ထုတ် စာအုပ်မျက်နှာဖုံး | |
စာရေးသူ | ဝဏ္ဏကျော်ထင် ဒေါက်တာမြင့်ဆွေ |
---|---|
နိုင်ငံ | မြန်မာနိုင်ငံ |
ဘာသာစကား | မြန်မာ |
ထုတ်ဝေသည့်ရက် | ၁၉၆၇ ဩဂုတ် |
မီဒီယာ အမျိုးအစား | ပုံနှိပ်စာအုပ် |
မှတ်မိသေးတယ် ဂျပန်ခေတ်ဆေးရုံကြီးဝယ် စာအုပ်ကို ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဆွေ ရေးသားပြီး ဆေးပညာဆရာဝန်၊သူနာပြု၊ ဆေးရုံဝန်ထမ်းများ ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ဆေးရုံကြီး အကြောင်း မေလ ၁၉၄၂ မှ ဧပြီ ၁၉၄၅ ကာလအတွင်း မြန်မာ့ ခေါင်းဆောင်များအား ဆေးကုသခဲ့ပုံ၊ ဆေးဝန်ထမ်းများ ပြင်းထန် လှသော ဒု-ကမ္ဘာစစ်ကြီး၏ ဗုံးဒဏ်များကြားတွင် ဆေးဝန်ထမ်းများ၏ ကိုယ်ကျိုးမဖက်၊ စေတနာ၊ မေတ္တာ၊ ဂရုနာများသည် အကြောင်းကို ရေးသားထားသည်။
- ပထမအကြိမ် ၁၉၆၇ ဩဂုတ်လ
- ဒုတိယအကြိမ် ၁၉၆၈၊ ဇူလိုင်လ
- တတိယအကြိမ် ၂၀၁၀၊ မတ်လ ..
- စာမျက်နှာ ၄၄၄ ရှိပြီး၊
- ထုတ်ဝေသူ- ဦးကျော်ဆန်း (ရအောင်စာပေ)၊
- ဖြန့်ချိသူ- စပယ်ဦးစာပေ ဖြစ်သည်။
အမှာစာများ
ဂျပန်ခေတ် ဘီအိုင်အေ ဆေးရုံကြီးတွင် မြန်မာခေါင်းဆောင်များစွာ ဆေးကုသခြင်းများမှာ သမိုင်းဝင်ဖြစ်ရပ်ပင်ဖြစ်သည်။ စာအုပ်ဖြစ်ပေါ်ရန် ပါမေက္ခဦးဧမောင် (မြန်မာစာ)၏ ပထမအမှာစာတွင်၊ မိမိတို့၏အသက်ဘေးအန္တရယ်ကို မည်သို့မျှ ပမာဏမထားပဲ၊ လူနာများကိုသာ ဂရုပြုကြည့်ရှုနဩေည်။ ရွှေ့တန်သူများကို ရွှေ့၊ ပြောင်းတန်သူများကို ပြောင်းရသည်။ သွေးသံရဲရဲနှင့် နောက်ထပ်ရောက်လာသော လူနာများကို ဖေးမ ချီပိုးသယ်ဆောင်ယူကြရပြန်သည်။ လေယာဉ်ပျံများမှာ နေ့နေ့၌သာမက၊ ညည၌လည်း အကြိမ်ကြိမ် အခါခါ လာသဖြင့် လူနာကိစ္စ အဝဝကို ညမှောင်ထုထဲတွင်ပင် ခက်ခက်ခဲခဲ၊ တပင်တပန်း ဆောင်ရွက်ကြရသည်။ ဤသည်တို့ကို ဒေါက်တာမြင့်ဆွေထံမှ ကြားသိရပြန်သောအခါ ထိုသူနာပြုဆရာမများသည် ကရိုင်းမီးယားစစ်အတွင်းက စစ်မြပြေင်၌ သူနာပြုလုပ်ငန်းကို သက်စွန့်ကြိုးပမ်း၊ ဆောင်ရွက်ခဲ့သော အင်္ဂလိပ်သူနာပြုဆရာမ လောရင့်နိုက်တင်းဂေးလ် (Florence Nightingale) နှင့် ဗီယက်နမ်ပြည် သူနာပြုဆရာမ ဂျင်နီဗေး (Genevieve) စသော ကမ္ဘာကျော် သူနာပြုဆရာမများ၏ စံချိန်အောက် မည်သို့မျှ မနိုမ့်ဟု တစ်ထစ်ချ ယုံကြည်မိပါသည် .. ဟု ရေးသားထားပါသည်။
မြန်မာနိုင်ငံသမိုင်းကော်မရှင်မှ ဦးမောင်မောင်တင်၊ မဟာဝိဇ္ဖာ အမှာစာတွင် ဗိုလ်ချုပ်အောင်ဆန်း (အလုပ်ပင်ပမ်း၊အားပြက်ဆေးရုံရောက်ခြင်း)၊ ဗိုလ်နေဝင်း (အူအတက်ရောင်ခွဲစိတ်ကုသခြင်း)၊ ဗိုလ်မှူးစိန်မှန် (အလူးလဲ၊ဗိုက်နာခြင်း)၊ ဗိုလ်လင်္ကျာ၊ ဗိုလ်စကြာ (ဆေးရုံအတွက်ဘီအိုင်အေထောက်ပံကြေးပေးသူ)၊ ဗိုလ်ထိန်လင်း၊ ဦးနု (သွေးအားနည်းရောဂါကုစဉ်)၊ သခင်မြ (လိပ်ခေါင်းရောဂါကုခြင်း)၊ သခင်သန်းထွန်း၊ သခင်ကျော်စိန် (ခြောက်လုံးပြူးဒဏ်ရာကုစဉ်)၊ ဦးကျော်ငြိမ်း၊ စသော ခေါင်းဆောင်ပုဂ္ဂိုလ်များကို နှိုက်နှိုက်ချွတ်ချွတ် သိသမျှကလေးများလည်း ရေးသားထားပေသည်၊ စစ်မှတ်တမ်းလည်းဖြစ်သည်။ အထုပတ္တိသဘောလည်းပါသည်။ အတွေးအခေါ်အရေးအသား၊ ပညာသင်ကျောင်းသားများအားပညာပေးသဘော အချက်များလည်း ပါသည်။ ဆေးပညာကုထုံးများ၊ ဆေးရှားပါးစဉ်မည်သို့ရှာကြံကုရသည်များ ပြည်သူ့အကျိုးပြုစလက်သုံး မှတ်တမ်းဟု အမှာစာရေးထားသည်။
တည်းဖြတ်သူ ဆရာမာယ က ရသပိုင်းဆိုင်ရာ၊ ဗုဒ္ဓဝါဒီပိုင်းဆိုင်ရာ၊ ရယ်ရွယ်ဘွယ်များ၊ အချစ်ရသ (အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်ခင်ကြည်၊ - စာမျက်နှာ 96-105 (၉)မျက်နှာတိတိ စိတ်ဝင်စားဘွယ်ရရေးသားခဲ့သည်၊ အထွေးနှင့်စာရေးသူဒေါက်တာမြင့်ဆွေအကြောင်း၊ ဦးအေး(၂)နှင့်ဆရာမကလေးမေမေစု၊ ရိုရိုကြီးမောင်မောင်သန်းနှင့်ဆရာမကလေး မကယ်လီ နှစ်ယောက်တည်းဆိုရင်ကွယ် စသော အခန်းများမှာ အချစ်ရသဖြစ်သည်။ ဂျပန်များဖမ်းဆီးသတ်ဖြက်နှိပ်စက်မှုများ၊ လောကငရဲ၊ ရွှေတောင်တိုက်ပွဲမှ ဒဏ်ရာရ ရဲဘော်မနျား၊ သင်တုန်းဓားဒဏ်ရာနှင့်ဆာဒူးကြီး၊ ဗုံးဒဏ်ထိသူများ၊ အထုတ်ထဲတွင် ခြောက်လုံးပြူးကျည်ဆံသိုလှောင်ထားသည့် သခင်ကျော်စိန် ..စသည့် သနားဖွယ်ကရုဏာရသ၊ ကြောက်လန့်ဖွယ်၊ စက်ဆုပ်ဖွယ်များများ၊ အဌာဝကသခင်ဖိုးလှကြီး၊ ရွာစားကြီးစိန်ဗေဒါ တို့၏ သေမင်းနှင့်အသက်လုခြင်းများ၊ ရဲရင့်ခြင်း၊ အားထုတ်စွန့်စားခြင်း အခန်းများစွာဖြင့် ရသစုံလင်ကြောင်း အမှာစာ ရေးသားပေးထားပါသည်။
ထိုအမှာစာများမှာ ပထမအကြိမ်ထုတ်ဝေစဉ် (၁၉၆၈) အတိုင်း ပြန်လည်ဖော်ပြထားခြင်းဖြစ်သည်။
ဆရာဝန်ကြီးဦးဘသန်းနှင့်ဆေးရုံမှတ်တမ်းများ
အထူးသဖြင့် အင်္ဂလိပ်အပြေး၊ ဂျပန်အဝင်တွင် ဘီအိုင်အေ ဆေးရုံကို ဆရာဝန်ကြီးဒေါက်တာဘသန်းမှ ဦးစီးတည်ထောင်ခဲ့ပေသည်။ ခွဲစိတ်ဆရာဝန်ကြီး F.R.C.S ရရှိသော ရှားရှားပါးပါး ကာနယ်အောင်ခင် နှင့် ဒေါက်တာဦးဘသန်း ဆရာဝန်ကြီး၂ဦးကိုသာ စာရေးသူမှတ်မိကြောင်း။ ဆေးကျောင်းသားများကို သင်ကြားပေးသူ၊ မြန်မာဆန်လှပြီး၊ မြန်မာသီချင်းများကို သီဆိုသည်၊ သမီးဖြစ်သူ ကစ်တီ (နောင်အခါ ဗိုလ်ချုပ်နေဝင်း၏ဇနီး-ဒေါ်ခင်မေသန်း) က စန္တယားသီချင်းကြီးများ တီးသည်၊ ဆေးရုံဝန်ထမ်း၊သူနာပြုများဖြင့် အားချိန်များတွင် အခါအားလျှော်စွာ သီဆို၊တီးမှုတ်၊ ကပြက ခက်ခဲလှသော ဂျပန်ခေတ်ဆေးရုံကြီး လုပ်ငန်းများကို ဆောင်ခဲ့ပုံများကို ရေးသားထားပါသည်။ ဆရာကြီးဦးဘသန်း နောက်ပိုင်းတွင် ဆေးတက္ကသိုလ်(၁) တွင် ပါမေက္ခချုပ်အဖြစ် အမှုထမ်းစဉ်တွင်လည်း ပတ္တလားခေါက်တုန်း၊ သီချင်းဆိုတုန်းပင်ဖြစ်သည် ဟု ရေးထားပါသည်။ ဆရာဝန်ကြီး၏ အနစ်နာခံ၊ ဆေးရုံအုပ်ကြီးပီသပုံ၊ သူ့တပည့်များကို ချစ်ခင်၊ ဂရုစိုက်ပုံ အထူးသဖြင့် သမီးလိုချစ်ပီး၊ အလွန်အားကိုးရသော သူနာပြုဆရာမ ဒေါ်ခင်ကြည်အား ဗိုလ်ချုပ်နှင့်လက်ထပ်ပွဲတွင် ဖခင်ရင်းကဲ့သို့ မင်္ဂလာဆောင်၊ ဆေးရုံမှထွက်ခွာခွင့်ပေးရပုံများကို ဝမ်နည်း၊ဝမ်းသာ ရေးသားထားပါသည်။ ဆရာဝန်ကြီးများ၏ စေတနာများ အထူးသဖြင့် FRCS ပါရဂူ ဆရာဝန်ကြီးဒေါ်ရင်မေ မိမိကိုယ်တိုင်မီးဖွားပီးကာစမှာပင် ဆရာမကြီးကိုယ်တိုင်အသက်ကယ်ရမည့် ခွဲစိတ်မှုအတွက် ညမှောင်မှောင်တွင် လာခေါ်သော ဒလဝမ်ကုလား၏ ဆိုက်ကားနှင့် သင်္ခြုင်းကုန်ကိုဖြက်ကျော်ကာ ဆေးရုံသို့လာရောက် အသက်ကယ်၊ကုသခြင်းများမှာ အံ့ဘွယ်ပင်ဖြစ်သည်။ ဆရာဝန်ကြီးဦချန်တိတ်၊ စစ္စတာဒေါ်အမာ၊ ဂျပန်လူမျိုးပါရဂူဆရာဝန်၃ဦး. စသည်တို့၏ စေတနာဝန်ထမ်းဖြစ်ရပ်များကိုလည်း ဖော်ပြထားပါသည်။
ဆေးပညာနှင့် မြန်မာခေါင်းဆောင်များ ဆေးရုံတက်၊ မကျန်းမာသည့် ဖြစ်ရပ်များကို ရေးသားထားသောကြောင့် အလွန် သေံဝဂရဘွယ်ဖြစ်ရပ်များစွာ သိရှိရပါသည်။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဆေးရုံတက်စဉ် သူနာပြုဆရာမကြီး ဒေါ်ခင်ကြည်နှင့် ချစ်စကားဆိုခြင်း၊ လက်ထပ်ခြင်းများကို ရေးသားထားသည်မှာ အလွန်အောက်မေ့ဘွယ်ရဖြစ်သည်။ ဒေါ်ခင်ကြည်နှင့်အစ်မဖြစ်သည် ဒေါ်ခင်ကြီး (သခင်သန်းထွန်းဇနီးသည်)၊ စာရေးသူ ဒေါက်တာ်မြင့်ဆွေ၏ ဇနိးသည်ဖြစ်လာမည့် သူနာပြုဆရာမ မတင်ထွေး (အထွေး) တို့အကြောင်းကိုများမှာ ပုထုစဉ်လူသားများ၏ လူငယ်ဘဝ၊ ဆေးရုံဝန်ထမ်းအလုပ်၊ အချစ်ရေးရာများမှာ လွမ်းစရာကောင်းပါသည်။
ရဲဘော်ရောင်းရင်းများ အကြောင်း၊ ဇတ်လမ်းတိုများစွာရေးသားခဲ့ပြီး စာအုပ်အဆုံးတွင်လည်း ဆရာဝန်ကြီး၊ ဆရာဝန်ငယ်၊ သူနာပြုမှူးနှင့်ဆရာမများ၊ ဆေးစပ်ဆရာများ၊ ဆာဂျင်သုံးဦး၊ ဘဏ္ဍာစိုကြီးဦးရွှေ၊ စာရေးဌာနဝန်ထမ်းများ၊ အလုပ်သမားကြီးများ၊ ဂေဟာမှုများမှ အဆုံး၊ သန့်ရှင်းရေးသမားများအားလုံးကို အမည်နှင့်မှတ်တမ်းတင်ထားပါသည်။ ဆရာဝန်ကြီးများတွင် ဦးဘသန်း(ခွဲစိတ်ပါရဂူ)၊ ဒေါ်ရင်မေ(မီးယပ်သားဖွားပါရဂူ)။ ဦးချန်တိတ် (မျက်စိပါရဂူ)၊ ဒေါက်တာအက်(စ်)ဆင်း(ေးဝါးကုပါရဂူ)၊ ဒေါကတာဦးသန်းအောင် (အဆုတ်ရောဂါပါရဂူ)၊ ဒေါကတာဦးလှရွှေ (ကွယ်လွန်)၊ ဦးအေး (ပဲခူးခရိုင် ဆရာဝန်ကြီး)၊ ဗိုလ်မှူးကြီးမောင်မောင်သန်း (မင်္ဂလာဒုံဆေးရုံတပ်မှူး)၊ ဒေါက်တာဦးကြည်ပေါ (ခွဲစိတ်ပါရဂူ)၊ ဒေါကတာဦးမြင့်ဆွေ (စာရေးသူ)၊ ဒေါကတာဦးစံမြင့်၊ ဒေါက်တာဦးကွမ်းလွင်၊ ဒေါက်တာဦးရန်ရှင်း၊ ဒေါက်တာအက်(စ်)လား (ကွယ်လွန်)၊ ဒေါက်တာစောစိန်လျောင်း (ကွယ်လွန်သူ) တို့ဖြစ်သည်။ ဆေးသင်တန်းအောင်ဆရာဝန်ကလေးများ ၃၂ဦးနှင့် အခြားသူများစွာတွေ့နိုင်သည်။ [၁]
ကိုးကား
- ↑ ဇော်အောင်(မုံရွာ) ZawAung။ မှတ်မိသေးတယ်ဂျပန်ခေတ်ဆေးရုံကြီးဝယ် - ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဆွေ (စာအုပ်အညွှန်း)။ ၂၀၁၂-၀၅-၂၇ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]