မယ်ဇလီဖူးသုပ်
ပုံပန်းသွင်ပြင်
ဖိုင်:Cassia flower bud salad.jpg | |
အခြားအမည်များ | Cassia flower bud salad |
---|---|
အမျိုးအစား | Salad |
မူရင်းနိုင်ငံ | Myanmar (Burma) |
ဒေသ | Southeast Asia |
ဆက်နွယ်သောအမျိုးသားအစားအစာ | Burmese |
အဓိက ပါဝင်ပစ္စည်း | Siamese cassia flower buds |
Cookbook: Media: Mezali phu thoke |
မယ်ဇလီဖူးသုပ် သည် ရှေးရိုးအစဥ်အလာအရ တန်ဆောင်မုန်းလပြည့်နေ့တွင် မြန်မာတို့ ဆေးဝါးအဖြစ် မိသားစုဝင်များအားလုံးစားသုံးရန် သို့မဟုတ် ပတ်ဝန်းကျင် အိမ်နီးချင်းများအား အလှူပေးရန်အတွက် စားသုံးကြသည့် ရိုးရာအသုပ်တစ်ခုဖြစ်သည်။[၁]
ယင်းအသုပ်တွင် ပါဝင်သော အဓိကပစ္စည်းများမှာ လတ်လတ်ဆတ်ဆတ် ဆွတ်ခူးထားသည့် မယ်ဇလီဖူး၊ အားလူးပြုတ်၊ ကြက်သွန်နီ၊ နှမ်းစေ့၊ ကြက်သွန်ဖြူ တို့ ပါဝင်ပြီး ဟင်းခတ်အမွှေးအကြိုင်အနေဖြင့် ဆား၊ ဆီ၊ နှမ်းဆီ နှင့် သံပုရာရည်တို့အား အသုံးပြုသည်။[၂] တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း မြန်မာလူမျိုးများအနေဖြင့် မယ်ဇလီဖူးကို ပြုတ်၍ သုပ်စားခြင်း၊ ဟင်းချက်၍စားခြင်း စသည်ဖြင့် ပြုလုပ်စားသောက်လေ့ရှိကြသည်။ နက္ခတ်၊ ကြယ်တာရာစုံညီစွာ ပေါ်ထွန်းသောကြောင့် ထိုမယ်ဇလီဖူးတွင် အနာရောဂါများပျောက်ကင်းနိုင်သည့် အစွမ်းသတ္တိရှိသည်ဟု ယုံကြည်ကြလေသည်။[၃]
ကိုးကား
- ↑ People enjoy charity food on fullmoon day of Tazaungmone in Mandalay။ 27 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 November 2020 တွင် ပြန်စစ်ပြီး။
- ↑ "The merry, marry months start in Myanmar" (in en)၊ The Myanmar Times။
- ↑ Mezali bud salad။ 2019-11-13 တွင် ပြန်စစ်ပြီး။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |