မာတိကာသို့ ခုန်သွားရန်

နဂါးနီသီချင်း

ဝီကီပီးဒီးယား မှ
၀၈:၂၈၊ ၂၈ ဩဂုတ် ၂၀၂၀ နေ့က ခင်မောင်မောင်လွင် (ဆွေးနွေး | ပံ့ပိုး) (လူမွဲတို့၏ထွက်ရပ်လမ် >>>> လူမွဲတို့၏ထွက်ရပ်လမ်း) တည်းဖြတ်သည့်မူ

နဂါးနီစာအုပ်အသင်းသည် ကိုလိုနီခေတ်ဦးကာလက ထင်ရှားခဲ့သော အသင်းကြီးဖြစ်ပါသည်။ သခင်နုနှင့် ဦးထွန်းအေးတို့က ဦးဆောင်၍ ၁၉၃၇ နိုဝင်ဘာ ၄ တွင် တည်ထောင်ခဲ့သည်။ နဂါးနီစာအုပ်အသင်းကြီး၏ မူဝါဒများကို သခင်လူငယ်များက ပြည်သူပြည်သားအများ သိကြစေလိုသဖြင့် သီချင်းတစ်ပုဒ်ဖြင့် ဝါဒဖြန့်ရန် စိတ်ကူးမိခဲ့ကြသည်။ သို့ဖြင့် သခင်နုက နဂါးနီတိုတ်ထုတ် "လူမွဲတို့၏ထွက်ရပ်လမ်း" စာအုပ်မှ အချက်အလက်များကို ထုတ်နုတ်ကာ စကားလုံးများကို စီကုံးရွေးချယ်ခဲ့သည်။ ထို့နောက် သခင်အုန်းခင် (နောင် ဗမာ့ခေတ်ဦးအုန်းခင်)နှင့်အတူ ဒီဒုတ်ဦးဘချိုထံ သွားရောက် ပြသကြသည်။ ဒီးဒုတ်ဦးဘချိုက သခင်အုန်းဆိုင် (ဂီတစာဆို ရွှေတိုင်ညွန့်) ထံသို့ စေလွှတ်ကာ နဂါးနီသီချင်းကို ရေးဖွဲ့စေခဲ့သည်။

နဂါးနီသီချင်းကို ရေးစပ်ခဲ့သူ ဆရာရွှေတိုင်ညွန့်

နဂါးနီကိုထွန်းအေးသည် သခင်အုန်းဆိုင်ထံမှ နဂါးနီသီချင်း ရရှိရေးအတွက် ကြည့်မြင်တိုင်သို့ အကြိမ်ကြိမ်သွားရောက်ခဲ့ရရာ သုံးလခန့်ပင် ကြာမြင့်ခဲ့သည်။ "ဆင်းရဲခြင်းလွတ်ကင်းအောင်၊ လမ်းပြဆောင်ပါမည်၊ ရတနာခုနှစ်သွယ် တကယ်ပင်စုံညီ တို့အမျိုးသားတိုင်းပြည်၊ မွဲတဲ့လူ လှူဒါန်းနိုင်မည်၊ ကျောင်းဆောက်က ဘုရားတည်၊ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏတို့ မတဲ့ကိန်းဆိုက်မည်" အစရှိသည်ဖြင့် ရေးဖွဲ့ထားသော နဂါးနီသီချင်းမှာ ဂီတစာဆို ဆရာရွှေတိုင်ညွန့်၏ အစွမ်းဖြင့် နာဝင်ချိုဖွယ်တေးတစ်ပုဒ် ဖြစ်လာခဲ့သည်။


နဂါးနီသီချင်းသီဆိုဓာတ်ပြားသွင်းခဲ့သူ မင်းသားခင်မောင်ရင်

ဆရာရွှေတိုင်ညွန့်က နဂါးနီသီချင်းကို ရေးဖွဲ့ပေးခဲ့ပြီးနောက် မြို့တော်ခန်းမတွင် နဂါးနီအသင်းမိတ်ဆက်ပွဲပြုလုပ်ရာ ဇာတ်လိုက်မင်းသား ခင်မောင်ရင်က သီဆိုပြီး သီတာခင်ထွေးက အကဖြင့် တွဲဖတ်ဖျော်ဖြေခဲ့သည်။ ယင်းပွဲ၌ပင် ဆရာကြီး ဒီးဒုတ်ဦးဘချိုက နဂါးနီအသင်း တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်၊ နဂါနီအသင်းမှ ထုတ်ဝေသည့် စာအုပ်များအကြောင်း စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့သည်။ ဤသို့ဖြင့် နဂါးနီသီချင်းသည် ပြည်သူများအကြား ပျံ့နှံ့သွားခဲ့သည်။

"ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည်၊ လူမွဲတွေက မနှေးခေတ်မှီ၊ သူဌေးဖြစ်တော့မည်" စသည့် တေးစာသားများက မြန်မာပြည် အနှံ့ရေပန်းစားခဲ့သည်။ ကိုလံဘီယာတိုက်မန်နေဂျာ မစ္စတာကိသ်၏ ခွင့်ပြုချက်ဖြင့် ဗြိတိသျှဘားမားမှ ဓာတ်ပြားအဖြစ် ထုတ်လုပ်ရောင်းချလိုက်သောအခါ ရောင်းမလောက်အောင် စွံခဲ့သည်။ နဂါးနီသီချင်းက နဂါးနီစာအုပ်အသင်းကို များစွာအထောက်အကူပြုခဲ့ပါသည်။

အကိုးအကား

နဂါးနီ ရေးသူမိတ်ဆက် စာမိတ်ဆက်။ တင်နိုင်တိုး။ ၂၀၁၂ နိုဝင်ဘာ။ ပကြိမ်။ လောကအမွန်စာအုပ်တိုက်။ ရန်ကုန်။