မာတိကာသို့ ခုန်သွားရန်

ခရင်းကောင်

ဝီကီပီးဒီးယား မှ

Barnacles
Temporal range: Mid Cambrian–Recent
"Cirripedia" from Ernst Haeckel's Kunstformen der Natur (1904). The crab at the centre is nursing the externa of the parasitic cirripede Sacculina
Chthamalus stellatus
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်းစုငယ်:
{{{မျိုးပေါင်းစုငယ်}}}
မျိုးပေါင်း:
မျိုးပေါင်းသေး:
Infraclass:
Cirripedia

Superorders

Acrothoracica
Thoracica
Rhizocephala

Synonyms

Thyrostraca, Cirrhopoda (meaning "curl-footed"), Cirrhipoda, and Cirrhipedia.

ခရင်းကောင်

ပင်လယ်ကမ်းခြေသို့ ရောက်ဘူးသူတို့သည် ကျောက် ဆောင်၊ တံတားတိုင်၊ သစ်တုံး သစ်လုံးများပေါ်၌ အစုအပြုံ လိုက် တွယ်ကပ်နေသော ခရင်းကောင်များကို တွေ့ဘူးကြပေ မည်။ ခရင်းကောင် တို့သည် ခွက်ပုံရှိသော အခွံအတွင်း၌ နေထိုင်ကြ၍၊ ယင်းတို့အပေါ်ကို ဖိနပ်မပါဘဲ တက်နင်းမိလျှင် ခြေဖဝါးကို ပဲ့သွားအောင် စူးရှတတ်သည်။ အခွံ၏အတွင်း၌ ထိပ်ဝကိုလိုသလို ပိတ်နိုင် ဖွင့်နိုင်သော လေးရွက်ဆိုင်ထိပ်ဖုံး များ ပါရှိသည်။ ရေကျ၍ ခရင်းကောင်များပေါ်နေချိန်၌ ကုတ် ခြစ်သံကဲ့သို့ အသံသဲ့သဲ့ ကြားရတတ်ရာ၊ ထိုအသံမှာ အခွံ အတွင်းရှိ ခရင်းကောင်လှုပ်ရှား၍ ထိပ်ဖုံးအခွံကလေးများ အချင်းချင်း ပွတ်တိုက်မိရာမှ ထွက်ပေါ်လာသောအသံ ဖြစ် သည်။ ခရင်းကောင်ကို အများကပင် ခရုတစ်မျိုးဟု ထင်မှတ် နေကြသည်။ သို့သော် ယင်းတို့သည် အမှန်စင်စစ် ခရုမျိုးတွင် မပါဝင်ဘဲ ပုဇွန်တုပ်ကြီး ကနန်းမျိုးတွင် ပါဝင်သော ရေ သတ္တဝါတစ်မျိုး ဖြစ်သည်။

ခရင်းကောင်အမျိုးမျိုးရှိသည်။ အချို့မှာ အထက်တွင်ဖော်ပြ သကဲ့သို့ ကျောက်ဆောင်များပေါ်၌လည်းကောင်း၊ အချို့မှာ တံတားတိုင်၊ သစ်တုံး သစ်လုံးများသာမက လှေသင်္ဘောတို့၏ဝမ်းပိုက်၊ ပဲ့ တက်မနှင့် ငမန်းယပ် ပန်ကာများပေါ်၌လည်းကောင်း တွယ်ကပ်နေတတ် သည်။ အချို့မှာ လိပ်ကျောကုန်းပေါ်၌ တွယ်ကပ်တတ်၍၊ ဝေလငါးကိုယ်ပေါ်၌ တွယ်ကပ်နေတတ်သော အမျိုးလည်း ရှိသည်။

တောင်အမေရိကတိုက် ချီလီနိုင်ငံ၌ ကျောက်ဆောင်များ ပေါ်တွင် တွယ်ကပ်နေသော ခရင်းကောင်များမှာ အချင်း ၃ လက်မ အလျား ၉ လက်မခန့် အထိ ကြီးမား၍ ၊ ထို အကောင်များ၏အသားကို စားကောင်း သောက်ဖွယ်တစ်ခု အနေနှင့် စားသောက်ကြသည်။ ဂျပန်နိုင်ငံတွင် ခရင်းကောင် အငယ်စားတစ်မျိုး တွယ်ကပ်အောင် ဝါးလုံးများကို ကမ်းခြေ၌ တမင်တကာ ချထားပြီးနောက် သုံးလတစ်ကြိမ်လောက် ခရင်း ကောင်များကို ရိုက်ခွာယူ၍ မြေဩဇာ ပြုလုပ်ကြသည်။ သို့သော် အထူးသဖြင့် ပင်လယ်ကူးသင်္ဘောကြီးများတွင် ဝမ်းပိုက်၊ ပဲ့တက်မနှင့် ငမန်းယပ်များ၌ သိန်းသန်းကုဋေနှင့် ချီ၍ တွယ်ကပ်တတ်သော ခရင်းကောင်မျိုးမှာ လူတို့အား ကြီး စွာသော အနှောင့်အယှက်ကို ပေးကြ၏။ တစ်ကောင်ချင်း ဆိုလျှင် ဘာမျှ အရေးမပြုလောက်သော်လည်း၊ ထုထယ်ကြီး မားစွာနှင့် စုပေါင်း တွယ်ကပ်မိသောအခါ ယင်းတို့သည် သင်္ဘော၏အသွားနှုန်းကို ထက်ဝက်နီးပါးပင် လျော့သွားစေနိုင် သည်။ ထို့ကြောင့် သင်္ဘောတည်ဆောက်သူနှင့် သင်္ဘောသားတို့ သည် အဆိုပါ ခရင်းကောင်မျိုး တွယ်ကပ်သည့် အန္တရာယ်ကို ငွေကုန်ကြေးကျခံ၍ အမြဲတွန်းလှန် ဖြိုဖျက်နေကြရသည်။ ခရင်းကောင်တို့၏ ကြီးပြင်းပုံသဘာဝမှာ အတော်ပင် ထူးဆန်းသည်။ ခရင်းကောင်သည် ပေါက်ဖွားစ အချိန်၌ စွန် (လေတံခွန်)နှင့် ပုံသဏ္ဌာန်တူ၍၊ ယင်းတွင် ချိုကလေးနှစ် ချောင်း၊ အမြီးရှည်ကလေးတချောင်း၊ ပြွန်ပုံပါးစပ်တစ်ခု၊ မျက်စိ တစ်လုံးနှင့် ရေကူးရန် ခြေထောက်ခြောက်ချောင်း ပါလာ သည်။ ထိုအကောင်ကလေးသည် ရေထဲ၌ ပက်လက်လှန်ကာ ခြေထောက်များကို ဆောင့်ကန်ကန်ယင်း ကူးခတ်သွားလာ၍ နေသည်။ ပုဇွန်တုပ်ကြီး ကနန်းမျိုးဖြစ်သည့်အတိုင်း အရေများ ကို အကြိမ်ကြိမ်လဲယင်းနှင့် ကြီးပြင်းလာရာမှ အခွံနှစ်ထပ် ပေါက်လာသည်။ မျက်စိနှစ်လုံး ခြေထောက်ဆယ့်နှစ်ချောင်း ဖြစ်လာပြီး၊ အာရုံမျှင်ကလေးနှစ်ချောင်းလည်း ပေါက်လာသည်။ ထိုအချိန်တွင် ရေအကူးရပ်ကာ ရေအောက်သို့ ဦးခေါင်းဖက်မှ နစ်ဆင်းသွားပြီးလျှင် ကျောက်ဆောင်သစ်တုံး စသဖြင့် ရရာ အမှီ တစ်ခုခုပေါ်တွင် မိမိကိုယ်မှထုတ်သော ကော်စေးတစ်မျိုး ဖြင့် အမြဲတမ်း တွယ်ကပ်လိုက်သည်။

ဤသို့ တွယ်ကပ်ပြီးသောအခါ ခရင်းကောင်ကလေးသည် မိမိကော်စေးဖြင့် ဆက်လက်၍ မိမိနေထိုင်ရန် အခွံကို ဆောက် လုပ်သည်။ အခွံပြီးစီးသွားသောအခါ မိမိကိုယ်မှ အရေခွံနှစ်ထပ် ကို စွန့်ပစ်လိုက်သည်။ မျက်စိများ ပျောက်ကွယ်သွားပြီးနောက် ခြေထောက်များလည်း ငှက်မွေးကဲ့သို့ ဖွာထွက်လာသည်။ ကျွန်ုပ်တို့ မြင်တွေ့ရသော ခရင်းကောင်များမှာ ထိုကဲ့သို့ နေသားတကျ ဖြစ်နေသော အင်္ဂါစုံ ခရင်းကောင်များပင် ဖြစ်သည်။

ခရင်းကောင်တို့၏ စားသောက်ပုံမှာလည်း ထူးဆန်း၏။ ရေကျ၍ ခရင်းကောင်ခွံထိပ် ဖုံးပိတ်နေချိန်တွင် ခရင်းကောင်၏ ခြေထောက်များကို ကျွန်ုပ်တို့ မမြင်ရချေ။ သို့သော် ရေဖုံးလာ သောအခါ ခရင်းကောင်သည် ထိပ်ဖုံးကို ဖွင့်၍ မိမိခြေထောက် များကို အပြင်သို့ ထုတ်လိုက်သည်။ ခြေထောက်ကလေးများ သည် ဟိုမှ သည်မှ လှုပ်ယမ်း၍နေကြ၏။ ထိုခြေထောက် ကလေးများသည် ခရင်းကောင်အဖို့ အစာဖမ်းယူသော ပိုက်ကွန် ပင် ဖြစ်ပေသည်။ ရေထဲ၌ မှုန်မှုန်မွှားမွှားပါလာသော အစာများ အတော်အသင့်ကပ်ငြိသောအခါ ခရင်းကောင်သည် ခြေထောက် များကို အခွံတွင်းသို့ ဆွဲသွင်းပြီးလျှင် ထိုအစာများကို စား သောက်သည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)