စင်ကာပူ အမျိုးသားအားကစားကွင်း

ဝီကီပီးဒီးယား မှ
စင်ကာပူ အမျိုးသားအားကစားကွင်း
Stadium Nasional Singapura
新加坡国家体育场
சிங்கப்பூர் தேசிய அரங்கம்
Seating at the National Stadium
စင်ကာပူ အမျိုးသားအားကစားကွင်း သည် စင်ကာပူနိုင်ငံ တွင် တည်ရှိသည်
စင်ကာပူ အမျိုးသားအားကစားကွင်း
စင်ကာပူ အမျိုးသားအားကစားကွင်း
အမည်National Stadium
လိပ်စာ1 Stadium Drive, Singapore 397629
တည်နေရာKallang, Singapore
ကိုဩဒိနိတ်1°18′2.5″N 103°52′27.2″E / 1.300694°N 103.874222°E / 1.300694; 103.874222ကိုဩဒိနိတ်: 1°18′2.5″N 103°52′27.2″E / 1.300694°N 103.874222°E / 1.300694; 103.874222
ပိုင်ဆိုင်သူစင်ကာပူနိုင်ငံ
စီမံခန့်ခွဲသူDragages Singapore Pte. Ltd.
ဝင်ဆံ့ပမာဏ၅၅၀၀၀ (ဘောလုံး၊ ရက်ဘီ)၊ ၅၂၀၉၀ (ခရစ်ကတ်)၊ ၅၀၀၀၀ (ပြေးခုန်ပစ်)
အများဆုံး လာရောက်မှု၅၂၁၀၇ (အာဆင်နယ် vs အဲဗာတန်၊၁၈ ဇူလိုင် ၂၀၁၅)
မျက်နှာပြင်Grass
တည်ဆောက်ခြင်း
ပန္နက်ရိုက်၂၉ စက်တင်ဘာ ၂၀၁၀
ဖွင့်လှစ်၃၀ ဇွန် ၂၀၁၄
ကုန်ကျငွေS$ ၁.၈၇ ဘီလီယံ
ဗိသုကာArup Associates (Sports venues), DP Architects (Non-sport venues, QP), AECOM (landscape)
ဆောက်လုပ်ရေး အင်ဂျင်နီယာArup Group Limited

စင်ကာပူ အမျိုးသားအားကစားကွင်းသည် စင်ကာပူနိုင်ငံ ကလန်တွင် တည်ရှိသည်။ ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ယခင် အမျိုးသားအားကစားကွင်းကို ၂၀၀၇ခုနှစ်တွင် ပိတ်သိမ်း၍ ၂၀၁၀တွင် ဖြိုချကာအသစ်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၂၈ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲများကို ကျင်းပခဲ့သည်။

ဖွင့်နိုင်၊ ပိတ်နိုင်သော အမိုးများ ပါသည်။ အောက်ဆုံးပွဲကြည့်စင်ထိုင်ခုံများကို အလွယ်တကူရွေ့ပြေင်း၍ ရနိုင်အောင် ပြုလုပ်ထားသည်။ ဘောလုံး၊ ရက်ဘီ၊ ခရစ်ကတ်၊ ပြေးခုန်ပစ်စသည့် အားကစားနည်းများကို ကျင်းပနိုင်သည်။ အများဆုံးဝင်ဆန့်နိုင်သော လူဦးရေ အရေအတွက်မှာ ၅၅၀၀၀ ဖြစ်သည်။ ထိုင်ခုံများကို အလွယ်တကူရွေ့ပြောင်းနိုင်အောင် ပြုလုပ်ထားခြင်းကြောင့် ဝင်ဆန့်နိုင်အောင် လူဦးရေအရေအတွက်မှာ အပြောင်းအလဲရှိသည်။

အားကစားကွင်းသည် ရေကူးကန်နှင့် ဘက်စုံသုံး အားကစားခန်းမ၊ အားကစား ပြတိုက် နှင့် အားကစား စာကြည့်တိုက်များပါဝင်သော စင်ကာပူအားကစားဌာနစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ စင်ကာပူ လက်ရွေးစင် ဘောလုံးအသင်း၏ အိမ်ကွင်းအားကစားပွဲများကို လက်ခံကျင်းပရာ ဘောလုံးကွင်းလည်း ဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် အားကစားကွင်းအတွင်း နောက်ဆုံးကျင်းပခဲ့သော စင်ကာပူအမျိုးသားနေ့အခမ်းအနားသည် ၂၀၁၆ခုနှစ်တွင် အားကစားကွင်းအတွင်း ပြန်လည်ရောက်ရှိလာခဲ့သည်။ သို့သော ကုန်ကျစရိတ်ကြီးမားသောကြောင့် ၂၀၁၆ ခုနှစ် နောက်ပိုင်းကျင်းပသော စင်ကာပူအမျိုးသားနေ့ အခမ်းအနားများကို စင်ကာပူအမျိုးသားအားကစားကွင်းအစား မာရီနာဘေး နှင့် လွှတ်တော်အဆောက်အအုံရှေ့ မြက်ခင်းပြင် (ပါဒ်တန်း) တွင် ကျင်းပသည်။

ဘောလုံးနှင့်ရက်ဘီ

ပြေးခုန်ပစ်

ပိတ်နိုင်သောအမိုး

ကိုးကား