မာတိကာသို့ ခုန်သွားရန်

ကာဠီ

ဝီကီပီးဒီးယား မှ
၀၃:၂၉၊ ၁၅ ဒီဇင်ဘာ ၂၀၁၉ နေ့က Thar Htwe Zan (ဆွေးနွေး | ပံ့ပိုး) (သောတာပန် ဖြစ်ခြင်း:  စာလုံးပေါင်း ပြင်ခဲ့သည်) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)

ကာဠီ သည် မြတ်စွာဘုရား၏ သာသနာတော်တွင် တစ်ဆင့်ကြားရုံမူဖြင့် ဘုရားရှင်အား ကြည်ညိုသူများတွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ် ရ ဥပါသိကာ ဖြစ်၏။[]

သောတာပန် ဖြစ်ခြင်း

[ပြင်ဆင်ရန်]

မဟာသက္ကရာဇ် ၁၀၃ ခု၊ ဝါဆိုလပြည့် ဓမ္မစကြာတရား ဟောကြားတော်မူသောနေ့ ညဉ့်သန်းခေါင်ယံ အချိန် ဖြစ်၏။ ကာဠီသည် ကိုယ်ဝန်၏ ပင်ပန်းမှုကို ပယ်ဖျောက်ရန် မိဘတို့၏ အိမ် ပြဿာဒ်ထက်တွင် လေညင်းခံနေ၏။ ထိုအချိန်တွင် သာတာဂီရိနတ်မင်းနှင့် ဟေမဝတနတ်မင်းတို့သည် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကို နေအိမ်ထက်တွင် ပြောလျက် ရှိ၏။ ထိုအသံတို့ကို ကာဠီသည် ကြားသော် သောတာပန် အရိယာ ဖြစ်သွား၏။

ဤသို့ဖြင့် ကာဠီဥပါသိကာသည် တစ်ဆင့်ကြားရုံဖြင့် ဘုရားရှင်အား ကြည်ညိုသူများတွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ် ရခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၂၀၀၅)။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်။ pp. ၆၀၈။