မာတိကာသို့ ခုန်သွားရန်

ကာဠီ

ဝီကီပီးဒီးယား မှ

ကာဠီ သည် မြတ်စွာဘုရား၏ သာသနာတော်တွင် တစ်ဆင့်ကြားရုံမူဖြင့် ဘုရားရှင်အား ကြည်ညိုသူများတွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ် ရ ဥပါသိကာ ဖြစ်၏။[] [] ကာဠီနှင့်ပတ်သက်သော အကြောင်းအရာများကို အင်္ဂုတ္တရနိကာယ်အဋ္ဌကထာ[]တွင် တွေ့ရှိနိုင်သည်။ အသေးစိတ်ကို ကာဠီဥပါသိကာ အကြောင်း တွင်လည်း ကြည့်ရှုနိုင်သည်။

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

ကာဠီကုရရဃရိကာ၏ အလောင်းလျာသည် ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တော်၌ တစ်ဆင့်စကား ကြားရုံမျှဖြင့် ကြည်ညိုသောအရာ၌ ဧတဒဂ်ထားခြင်းခံရသော အမျိုးသမီးကို အားကျ၍ ကုသိုလ်ပြုဆုတောင်းခဲ့သည်။

ဘဝအဆက်ဆက်

[ပြင်ဆင်ရန်]

ထိုကုသိုလ်ကံကြောင့် သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရသည်။

ဂေါတမမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

သောတာပန် ဖြစ်ခြင်း

[ပြင်ဆင်ရန်]

မဟာသက္ကရာဇ် ၁၀၃ ခု၊ ဝါဆိုလပြည့် ဓမ္မစကြာတရား ဟောကြားတော်မူသောနေ့ ညဉ့်သန်းခေါင်ယံ အချိန် ဖြစ်၏။ ကာဠီသည် ကိုယ်ဝန်၏ ပင်ပန်းမှုကို ပယ်ဖျောက်ရန် မိဘတို့၏ အိမ် ပြဿာဒ်ထက်တွင် လေညင်းခံနေ၏။ ထိုအချိန်တွင် သာတာဂီရိနတ်မင်းနှင့် ဟေမဝတနတ်မင်းတို့သည် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကို နေအိမ်ထက်တွင် ပြောလျက် ရှိ၏။ ထိုအသံတို့ကို ကာဠီသည် ကြားသော် သောတာပန် အရိယာ ဖြစ်သွား၏။ ကာဠီအမျိုးသမီးသည် မာတုဂါမ မင်းမိန်းမတို့အနက် ရှေးဦးစွာ သောတာပန်တည် အရိယသာဝိကာ ဖြစ်ခဲ့သည်။ ထိုညဉ့်မှာပင် ကာဠီအမျိုးသမီးသည် သောဏကုဋိကဏ္ဏထေရ်၏ အလောင်း သတို့သားကို ဖွားမြင်ခဲ့သည်။ နောက်ပိုင်းတွင် ထိုသတို့သားသည် ရဟန်းပြုပြီး အရှင်ကုဋိကဏ္ဏသောဏမထေရ်အဖြစ် ထင်ရှားလာခဲ့သည်။

ဤသို့ဖြင့် ကာဠီဥပါသိကာသည် တစ်ဆင့်ကြားရုံဖြင့် ဘုရားရှင်အား ကြည်ညိုသူများတွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ် ရခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၂၀၀၅)။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်။ pp. ၆၀၈။
  2. အင်္ဂုတ္တရနိကာယ်အဋ္ဌကထာ
  3. (အံ၊ဋ္ဌ၊၁၊၃၅၁)