မာတိကာသို့ ခုန်သွားရန်

ဆင်နင်းသရက်ပင်

ဝီကီပီးဒီးယား မှ

ဆင်နင်းသရက်ပင်

ရုက္ခဗေဒသဘောအရ၊ ဆင်နင်းသရက်ပင်သည် 'အန်နကားဒီယေးစီအီး (Anacardiaceae)'မျိုးရင်တွင် ပါဝင်၍၊ ယင်းကို 'မန်ဂျီဖီးရား ဆီလဗားတီးကား (Mangifera sylvatica)'ဟု ခေါ်သည်။ ဆင်နင်းသရက်ပင်သည် အမြဲ စိမ်းအပင်မျိုးဖြစ်သည်။ အများအားဖြင့် အခြားသရက်ပင်ထက် ကြီးသည်။ ပေ ၆ဝ မှ ပေ ၇ဝ အထိမြင့်သည်။ လုံးပတ်သည် ယေဘုယျအားဖြင့် ၆ ပေမှ ၇ ပေအထိ ရှိသော်လည်း၊ ထို ထက်လုံးပတ်ကြီးသော အပင်ကိုလည်း တွေ့ရသေးသည်။ အပင် တွင် အရွက်များအုပ်အုပ်ဆိုင်းဆိုင်းရှိသည်။ အရွက်မှာ လှံသွား ပုံသဏ္ဌာန်ဖြစ်သည်။ အသီးမှာပြား၍ မှည့်လာသောအခါ အဝါ ရောင်ရှိသည်။ အစေ့မှာ သာမန်သရက်စေ့ထက်ကြီးသည်။ ဆင် နင်းသရက်သားသည် မွဲပြာရောင်ရှိ၍ ပျော့သည်။ ယင်းကို လှေ၊ သေတ္တာတို့လုပ်ရာတွင် အသုံးပြုသည်။ သို့သော် ထို သရက်သားကို အသုံးမများလှချေ။

အာရှတိုက်အရှေ့တောင်ပိုင်းနှင့် အပူပိုင်းဒေသတွင် ဆင် နင်းသရက်ပင်များ ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင် တောင်ငူအရှေ့ပိုင်း၊ ပဲခူးရိုးမတောင်တန်းများ၌၎င်း၊ ပေ ၂ဝဝဝ မြင့်သော မြစ်ချောင်းကမ်းပါးတို့၌၎င်း ပေါက်သည်။ မြန်မာနိုင်ငံတွင် ဆင်နင်းသရက်ကို အများအားဖြင့်တို့စရာ အဖြစ်ဖြင့် တို့စားလေ့ရှိကြသည်။ အချို့နိုင်ငံများတွင် ဆင်နင်း သရက်တစ်မျိုးကို အခြောက်လှန်း၍ သင်္ဘောဆီးသီးခြောက် ကဲ့သို့ စားသုံးကြသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)