မူးယစ်ဆေးဝါး

ဝီကီပီးဒီးယား မှ
၁၇:၂၀၊ ၂၉ ဩဂုတ် ၂၀၁၉ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း  (-ပြဌာန်း +ပြဋ္ဌာန်း)) တည်းဖြတ်သည့်မူ

မူးယစ်ဆေးဝါး (အင်္ဂလိပ်: Narcotic drug) ဆိုသည်မှာ သုံးစွဲမိသောသူအတွက် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုများကိုဖြစ်စေတတ်ပြီး အရှည်သဖြင့် စွဲလမ်းခြင်း၊ စိတ်အာရုံထွေပြားခြင်း၊ စိတ်ကျန်းမာရေးထိခိုက်ပျက်ပြားစေခြင်း စသော ဂုဏ်သတ္တိရှိသည့် အရည်သော်လည်းကောင်း၊ အမှုန့်သော်လည်းကောင်း၊ အစိုင်အခဲ(ဆေးပြား)သော်လည်းကောင်း ဆိုလိုပါသည်။ ကမ္ဘာ့နိုင်ငံတိုင်းတွင် မူးယစ်ဆေးဝါးများကို ဆေးပညာရပ်နှင့် ကျန်းမာရေးအခြေအနေများအရ အသုံးပြုရန်မှ အပ ကျန်အခြေအနေများတွင် အသုံးပြုခြင်းအား ဥပဒေပြဋ္ဌာန်းကာ တားမြစ်ထားသည်။