မာတိကာသို့ ခုန်သွားရန်

ဂျွန် မက္ကာသီ

ဝီကီပီးဒီးယား မှ
၀၅:၁၅၊ ၁ ဖေဖော်ဝါရီ ၂၀၁၉ နေ့က Vanished user 20210921 (ဆွေးနွေး | ပံ့ပိုး) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
John McCarthy
ကွန်ဖရင့်တစ်ခုတွင်တွေ့ရသော ဂျွန် မက္ကာသီ (၂၀၀၆)
မွေးဖွား(1927-09-04)စက်တင်ဘာ ၄၊ ၁၉၂၇
ဘော်စတွန်, မက်ဆာချူးဆက်, အမေရိကန်
ဆုံးပါးအောက်တိုဘာ ၂၄၊ ၂၀၁၁(2011-10-24) (အသက် ၈၄)
စတန်းဖို့, ကာလီဖိုးနီးယား, အမေရိကန်
နေထိုင်ရာအမေရိကန် ပြည်ထောင်စု
နိုင်ငံလူမျိုးအမေရိကန်
နယ်ပယ်ကွန်ပျူတာနည်းပညာ
အဖွဲ့အစည်းဌာနစတန်းဖို့ တက္ကသိုလ်, မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်, ဒါးမောက် ကောလိပ်, ပရင့်စတန်း တက္ကသိုလ်
မိခင်ကျောင်းပရင့်စတန်း တက္ကသိုလ်, ကာလီဖိုးနီးယား နည်းပညာ တက္ကသိုလ်
ကျော်ကြားမှုအရင်းခံဉာဏ်ရည်တု, Lisp, Circumscription, Situation calculus
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များတူရင်းဆု (၁၉၇၁)

ကွန်ပျူတာ ရှေ့ဆောင်ဆု (၁၉၈၅)
အစ်ဂျကာဆု (သုတေသနပြောင်မြောက်ခြင်း) (၁၉၈၅)
ကျိုတိုဆု (1988)
သိပ္ပံဆိုင်ရာ အမျိုးသားဆုတံဆိပ် (၁၉၉၀)

ဘန်ဂျမင် ဖရန်ကလင်း ဆုတံဆိပ် (၂၀၀၃)

ဂျွန် မက္ကာသီ (အင်္ဂလိပ်: John McCarthy) (၁၉၂၇-၂၀၁၁) သည် အမေရိကန်လူမျိုး ကွန်ပျူတာသိပ္ပံ ပညာရှင်နှင့် သိမြင်မှုသိပ္ပံ (Cognitive Science) ပညာရှင် တစ်ဦး ဖြစ်သည်။ ဉာဏ်ရည်တု အခြေခံသတ်မှတ်ချက်များ ပေးခဲ့သည့် ကနဦးလုပ်ဆောင်သူများအနက် တစ်ဦးဖြစ်သည်။ ဉာဏ်ရည်တု ဟူသော ဝေါဟာရကို တီထွင်ကာ အစောပိုင်းဖန်တီးမှုများ ဦးဆောင်ခဲ့ခြင်းက လည်းကောင်း၊ LISP ကွန်ပျူတာဘာသာစကားကို ဖန်တီးခြင်းကာ ALGOL ကွန်ပျူတာဘာသာစကား၏ ဒီဇိုင်းကို လွှမ်းမိုးနိုင်ခဲ့ခြင်းက လည်းကောင်း၊ အချိန်မျှသုံးခြင်း ကို လူသိများစေခြင်းက လည်းကောင်း မက္ကာသီအား ထင်ရှားစေခဲ့သည်။

အသက်မွေးဘဝကို စတန်းဖို့ တက္ကသိုလ်တွင် ကုန်ဆုံးစေခဲ့သည်။ ဆုတံဆိပ် အများအပြား ရခဲ့ရာ ဉာဏ်ရည်တုတွင် ပါဝင်ဆောင်ရွက်ခြင်းကြောင့် တူရင်းဆုအား ၁၉၇၁ ခုတွင် လည်းကောင်း၊ အမေရိကန်နိုင်ငံ၏ သိပ္ပံဆိုင်ရာ အမျိုးသားဆုတံဆိပ်ကို လည်းကောင်း၊ ကျိုတိုဆုကို လည်းကောင်း ချီးမြှင့်ခံရဖူးသည်။

တစ်ကိုယ်ရေ ဘဝ

[ပြင်ဆင်ရန်]

ဘာသာမဲ့ဟု မက္ကာသီက သူ့ကိုယ်သူ ခံယူထားသည်။ ကွန်မြူနစ်အဖြစ် မြေတောင်မြှောက်ခံရသော်လည်း ဆိုဗီယက် ဝင်ရောက်မှု ဖြစ်ပြီးသည့် ၁၉၆၈ ခုတွင် ချက်ကိုစလိုဗေးကီးယားသို့ ၂ ရက်ကြာ ခရီးသွားပြီးနောက် ကွန်ဆာဗေးတစ် ရီပါဗလစ်ကန် (Conservative republican) တစ်ဦး ဖြစ်လာသည်။

စတန်းဖို့ရှိ နေအိမ်၌ ၂၀၁၁ ခု၊ အောက်တိုဘာလ ၂၄ ရက်တွင် ကွယ်လွန်သည်။

ကိုးကား

[ပြင်ဆင်ရန်]