တိစီဝရိက်ဓုတင်
တိစီဝရိက်ဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ ဆောက်တည်မည့်ရဟန်းသည် ခါးဝတ်သင်းပိုင်၊ ကိုယ်ရုံဧကသီ၊ ဒုကုဋ် သင်္ကန်းကြီး ဟူသည့် သင်္ကန်းသုံးထည်ကိုသာ အသုံးပြုရ၏။ ထိုသုံးထည်မှတပါး အခြားသော သင်္ကန်းကို သုံးဆောင်ခြင်း မပြုရပေ။[၁]
ဆောက်တည်ပုံ
ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် “စတုတ္ထကစီဝရံ ပဋိက္ခိပါမိ” ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊ “ဝတ်လောက်ရုံလောက် လေးထည်မြောက် သင်္ကန်းကို ပယ်ပါ၏” ဟု မြန်မာဘာသာဖြင့် ဖြစ်စေ၊ “တေစီဝရိကင်္ဂံ သမာဓိယာမိ” ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊ “သုံးထည်သော သင်္ကန်းကို ဝတ်ရုံလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏” မြန်မာဘာသာဖြင့် ဖြစ်စေ ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]
ဓုတင် ပျက်စီးခြင်း
ဝတ်လောက်ရုံလောက် လေးထည်မြောက် သင်္ကန်းကို သာယာသော ခဏ၌ပင် ဓုတင်ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍ ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]