အာကာသအချိန်
ပုံပန်းသွင်ပြင်
ရူပဗေဒတွင် အာကာသအချိန် ဆိုသည်မှာ အာကာသနှင့် အချိန်တို့သည် အပြန်အလှန်ယှက်နွယ်နေသည့် ဆက်စပ်မှုရှိသောအရာများ အဖြစ်ဖေါ်ပြသော သင်္ချာပုံစံများကို ရည်ညွှန်းသည်။ ရှေးယခင်က စကြဝဠာ၏ အာကာသအချိန်ကို ယူကလစ်ဆိုင်ရာ အာကာသ ရှုထောင့်မှနေ၍ အရှေ့အနောက်၊ ဘယ်ညာနှင့် အထက်အောက် အတိုင်းအတာ သုံးမျိုးနှင့် အချိန်အတိုင်းအတာ စုစုပေါင်း အတိုင်းအတာ လေးခုရှိသော အရာအဖြစ် အဓိပ္ပါယ်ဖေါ်ဆောင်ခဲ့သည်။ အာကာသနှင့် အချိန်ကို တစ်ခုတည်းသောအရာ၏ အခက်အလက်နှစ်ခုအဖြစ်ယူဆသော မင်ကောစကီး အာကာသ ရှုထောင့်ဖြင့် ရူပဗေဒပညာရှင်များသည် ရူပဗေဒသီအိုရီ အတော်များများကို သိသာစွာ ရိုးရှင်းလွယ်ကူစေရန် ဆောင်ရွက်နိုင်ခဲ့သည်။ ထိုအပြင် စကြဝဠာ၏ ဂလက်ဆီများ၏ အတိုင်းအတာ ပမာဏတွင်လည်းကောင်း၊ အက်တမ်အောက်သေးငယ်သော အတိုင်းအတာ ပမာဏတွင် လည်းကောင်း ရူပဗေဒသီအိုရီများကို ပိုမိုညီညွတ်မျှတစွာ ရှင်းပြနိုင်ခဲ့သည်။