ခရစ်ယာန်မိန်းကလေးများအသင်း

ဝီကီပီးဒီးယား မှ
၂၂:၄၃၊ ၈ မတ် ၂၀၁၃ နေ့က Addbot (ဆွေးနွေး | ပံ့ပိုး) (Bot: Migrating 11 interwiki links, now provided by Wikidata on d:q643370 (translate me)) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)

ခရစ်ယာန်လူငယ်များအသင်း (ဝိုင်အမ်စီအေ) နှင့် ရည်ရွယ်ချက်ချင်း တူညီ သောအသင်းတစ်ခုမှာ ဝိုင်၊ ဒဗျူ၊ စီ၊ အေ၊ ခေါ် ခရစ်ယာန် မိန်းကလေးများအသင်း ဖြစ်၏။ ထိုအသင်းကို အင်္ဂလန်ပြည် တွင် ၁၈၅၅ ခုနှစ်၌ စတင်တည်ထောင် ခဲ့သည်။ ခရစ်ယန် လူငယ်များအသင်းသည် အမျိုးသားများအတွက် အကျိုးဆောင် သကဲ့သို့ ဝိုင်၊ ဒဗျူ၊ စီ၊ အေ သည် အမျိုးသမီးများအတွက် အကျိုးဆောင်လေသည်။ အသင်း၏ အထိမ်းအမှတ်မှာ အပြာရောင် တြိဂံဖြစ်သည်။ ယခုအခါ နိုင်ငံပေါင်း ၆၈ နိုင်ငံ တွင် ခရစ်ယာန် မိန်းကလေးအသင်းဝင်ပေါင်း ၅ဝဝဝဝဝ ကျော် မျှ ရှိလေသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့၊ မန္တလေးမြို့၊ မေမြို့၊ တောင်ကြီးမြို့နှင့် မော်လမြိုင်မြို့များ၌ ဝိုင်၊ ဒဗျူ၊ စီ၊ အေ အသင်းများ ဖွင့်လှစ်ပြီး ဖြစ်သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

တခြားကြည့်ရန်များ[ပြင်ဆင်ရန်]