2N3904

ဝီကီပီးဒီးယား မှ
2N3904

2N3904 သည် NPN အမျိုးအစား ထရန်စစ်စတာဖြစ်ပြီး Bipolar Junction Transistor = BJT အုပ်စုဝင်ဖြစ်ပါတယ် ။ အများသောအားဖြင့် သူ့အား၊ ပါဝါ၊အနိမ့်ပိုင်း၊အသံချဲ့ခြင်း( Amplifying) သို့မဟုတ် ခလုပ်ကဲ့သို့ ( Switching Mode ) အဖြစ်အသုံးပြုကြပါတယ် ။ Motorola Semi-Conductor ကုမ္ပဏီကြီးမှ ၁၉၆၀ ခုနှစ် အလယ်ပိုင်းလောက်တွင် မှတ်ပုံတင်ပြီး စတင်ထုတ်လုပ်ခဲ့ပါတယ် ။ နောက်ထပ်တစ်နှစ် အကြာမှာတော့ တွဲဘက်အဖြစ် PNP အမျိုးအစား 2N 3906 ကိုထပ်မံထုတ်လုပ်ပြီး စုံတွဲအဖြစ် ဖြည့်စွက်ထုတ်လုပ်ခဲ့ပါသေးတယ် ။ ပုံစံအနေဖြင့် Plastic TO - 92 ပုံစံဖြင့် အခုထိတိုင်ဆက်လက်ထုတ်လုပ်နေဆဲဖြစ်ပါတယ် ။ ဒီဇိုင်းပိုင်းအနေဖြင့် Low Current & Low Power အနေဖြစ်ပြီး Medium Voltage ဖြစ်ပြီး အသင့်အတင့်မြန်နှုန်းဖြင့် အလုပ်များကို ခိုင်းစေနိုင်ပါတယ် ။

2N3904 Transistor

Electronic ဝါသနာရှင်တွေ အနေဖြင့် ဈေးနှုန်းချိုချိုသာသာဖြင့် အလွယ်တကူ ဝယ်ယူနိုင်ပြီး Mini Project များကို အလွယ်တကူ ရယူတည်ဆောက်နိုင်ပါတယ် ။ ခပ်ပြားပြား Flat ပုံစံမျိုးဖြစ်ပြီး ခဲဆော်တပ်ဆင်နိုင်ရန် နှင့် Project များစမ်းသပ်နိုင်ရန် ခြေထောက်သုံးချောင်းကို အောက်ဘက်သို့ ထုတ်ထားပြီး ၊ နံပါတ်များကို စတင်ရည်တွတ်မည်ဆိုပါက နံပါတ်စာတမ်းကို မြင်နေရသည့်အနေအထားမှာ မျက်နှာဖြစ်ပြီး ခုံးနေသည့် ဘက်ခြမ်းမှာ အနောက်ဘက်ဖြစ်ပါတယ် ။ 2N 3904 ဟုဖတ်၍ ရသည့်ဘက်ကို မိမိ နှင့် အတည့်ထားပြီး ခြေထောက်များကိုစတင်ရေတွက်ပါက ။ စာဖတ်သည့် အတိုင်း ဘယ်မှညာသို့ စတင်သတ်မှတ်ရမှာဖြစ်ပြီး ဘယ်ဆုံး ခြေထောက်သည် ၁ ဖြစ်ပြီး အလည်မှာ ၂ ဖြစ်၍ ညာဘက်ဆုံး မှာတော့  နံပါတ် ၃ ခြေထောက်ဖြစ်ပါတယ် ။


ပုံပါအတိုင်း Motorola ကုမ္ပဏီထုတ် Transistor များတွင် Emitter Base Collector ကို တိုက်ရိုတ်ရေးသားဖော်ပြထားသဖြင့် မီတာကိုင်ပြီးခွဲခြားရန် မလိုသော်လည်း ၊ ဈေးကွက်အတွင်း တရုတ်ထုတ် Transistor များတွင်တော့ မည်သို့မျှရေးသားထားမှာမဟုတ်ပဲ မိမိကိုယ်တိုင် ခွဲခြားရန် လိုပါတယ် ။ 200 mA , 40 V , 625 mW ကိုရရှိစေနိုင်ပြီး Transistor Frequency အနေဖြင့် 300MHz ရရှိနိုင်ပါတယ် ။ Current Gainလည်း 300 hFE  ရရှိစေနိုင်ပါတယ် ။ Collector Current အနေဖြင့် 10 mA ဖြစ်ပြီး Base Current လည်း 10 mA ရရှိနိုင်ပါတယ် ။ Base Current ကိုရရှိပြီဖြစ်ပါက Base Resistor ၏ Ohm တန်ဖိုးကို တွက်ယူရရှိနိုင်ပါပြီ ။  2N 3904 Transistor လေးကို Mini Project များတွင် မကြာခဏ အသုံးပြုကြတာကိုတွေ့ရပြီး ၊ Home-Made ကြိုးမဲ့စကားပြောစက်များလည်း အလွယ်တကူ ပြုလုပ်နိုင်ပါတယ် ။ သို့မဟုတ် အိမ်သုံး အသံချဲ့စက်အငယ်စားလေးများ နှင့် ခလုပ်ကဲ့သို့အသုံးပြုပြီး Relay ကို ဖွင့်ပိတ်လုပ်ပေးခြင်းဖြင့်လည်း High-Voltage အပိုင်း နှင့် ပေါင်းစပ်အသုံးပြုနိုင်ပါသေးတယ် ။

Mosfet = Metal Oxide Semi-Conductor Field Effect Transistor

NPN နှင့် PNP ၂ လုံးကို ပေါင်းစပ်ပေးလိုက်ပြီး Mosfet = Metal Oxide Semi-Conductor Field Effect Transistor  ကဲ့သို့ Gate ကိုအဖိုပေးပါက Drain နှင့် Source ကိုဆက်သွယ်ပေးမှာဖြစ်ပြီး အမဓာတ်ပေးပါက ပြန်ပိတ်သွားခြင်းမှာ Mosfet အတွင်းတွင် PNP နှင့် NPN တလုံးစီကို သတ်မှတ်လမ်းကြောင်းအတိုင်း ဆက်သွယ်ပေးထားခြင်းသာလျှင်ဖြစ်ပါတယ် ။