​ရှော့​တို၊​ လီယိုနတ်၊​ ဟာရီ

ဝီကီပီးဒီးယား မှ

ခေတ်မွန် အဘိဓာန်နှင့် ရှေးမွန် အဘိဓာန်ပြုစုခဲ့သော 'ဟာရီလီယိုနတ်ရှော့တို'(Harry Leonard Sharto (M.A))ကို ၁၉၃၀ ပြည့်နှစ်တွင် ဖွားမြင်ခဲ့သည်။ မြန်မာနိုင်ငံ ၁၉၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ရောက်လာပြီး ဘီလူးကျွန်းမုဒွန်းရွာ အဂ္ဂမဟာပဏ္ဍိတ အရှင် ကောသလ္လတိုက်ကျောင်း၌ ဘုရားကြီးကျောင်းသားအဖြစ် နေထိုင်ကာ မွန်စကားဖြင့် မွန်စာများကို သင်ကြားခဲ့သည်။ သူ၏ ရှေးဦးမွန်ဆရာမှာ လန်ဒန်တက္ကသိုလ်၌ ပညာသင်ကြားခဲ့သော ကျုံဒိုးအနီး ကော့ကျိုက်ရွာသား အရှင်ဝါယမဖြစ်သည်။


ရှော့တိုသည် ခေတ်မွန်စာကို လေ့လာပြီး လန်ဒန်မြို့သို့ ပြန်၍ ၁၉၆၂ ခုနှစ်တွင် A Dictionary of Modern Spoken Mon ခေါ် 'ခေတ်မွန်စကား ပြောအဘိဓာန်' ကို ပြုစုထုတ်ဝေခဲ့သည်။ ထို့နောက် ၁၉၅၆ ခုနှစ်တွင် ဇနီးဖြစ်သူနှင့် အတူ မော်လမြိုင်မြို့၌ တစ်နှစ်ကြာနေထိုင်ကာ မွန်စာပေနှင့် မွန်ယဉ်ကျေးမှုများကို လေ့လာခဲ့သည်။ ထို့နောက် အင်္ဂလန်ပြည်သို့ ပြန်၍ လန်ဒန်တက္ကသိုလ်မှ ၁၉၇၁ ခုနှစ်တွင် မွန်ကျောက်စာအဘိဓာန်ကျမ်းကို ပြုစုထုတ်ဝေခဲ့သည်။ ထို့နောက် သူသည် လန်ဒန်တက္ကသိုလ်၌ မြန်မာစာ ပါမောက္ခဒေါက်တာ လှဖေကဲ့သို့ မွန်ခမာပါမောက္ခ ဖြစ်လာသည်။ ၁၉၉၅ ခု ၊ ဇူလိုင်လတွင် လန်ဒန်မြို့၌ ကွယ်လွန်ခဲ့သည်။