၂၀၁၆ အာဆီယံချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ

ဝီကီပီးဒီးယား မှ

၂၀၁၆ ခုနှစ် အာဆီယံချန်ပီယံရှစ်​ဘောလုံးပြိုင်ပွဲ ​​ခြေစစ်ပွဲ သည် ၂၀၁၆ ခုနှစ်အာဆီယံချန်ပီယံရှစ်​ဘောလုံးပြိုင်ပွဲအတွက် ကျင်းပ​သော ​ခြေစစ်ပွဲ ဖြစ်သည်။ ထို ၂၀၁၆ ခုနှစ်ပြိုင်ပွဲ၏ခြေစစ်ပွဲတွင် ၂၀၁၄ ခုနှစ်ပြိုင်ပွဲ၏အုပ်စုအဆင့်တွင် ​နောက်ဆုံးအဆင့်သာရ​သော လာအိုအသင်းနှင့် ၂၀၁၄ ခုနှစ်ပြိုင်ပွဲတွင် အုပ်စုအဆင့်သို့ ​ခြေစစ်ပွဲ​အောင်မြင်ခဲ့ခြင်းမရှိ​သော ကျန်အာဆီယံနိုင်ငံများ ပါဝင်ယှဉ်ပြိုင်ကြကာ ​ခြေစစ်ပွဲစဉ်များကို ​အောက်တိုဘာလ ၁၅ ရက်မှ ၂၁ ရက်​နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ က အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည်။ ​ခြေစစ်ပွဲတွင် ထိပ်ဆုံးရ ၁ သင်းတည်းသာ ၂၀၁၆ ခုနှစ်အာဆီယံချန်ပီယံရှစ်​ဘောလုံးပြိုင်ပွဲ​နောက်ဆုံးအဆင့် သို့ ဝင်​ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

ကျင်းပခဲ့သည့်ကွင်းများ[ပြင်ဆင်ရန်]

ဖနွမ်းပင်မြို့ကမ္ဘောဒီးယားနိုင်ငံ
ကမ္ဘောဒီးယား အိုလံပစ် အားကစားကွင်း RSN အားကစားကွင်း
ပရိသတ်ဝင်ဆံ့မှု: ၅၀၀၀၀ ပရိသတ်ဝင်ဆံ့မှု: ၅၀၀၀

ရလဒ်များ[ပြင်ဆင်ရန်]

စံ​တော်ချိန်မှာ ကမ္ဘောဒီးယားစံ​တော်ချိန် (UTC+7) ဖြစ်သည်။

အသင်းများ ပွဲပေါင်း နိုင်ပွဲ သရေပွဲ ရှုံးပွဲ ရဂိုး ပေးဂိုး ဂိုးကွာခြားမှု ရမှတ်
 ကမ္ဘောဒီးယား (H) +၅
 လာအို +၁
 ဘရူနိုင်း −၃
 အရှေ့တီမော −၃

(H)=အိမ်ရှင်

၁၅ အောက်တိုဘာ ၂၀၁၆ (၂၀၁၆-၁၀-၁၅)
၁၅:၃၀
ဘရူနိုင်း  ၂–၁  အရှေ့တီမော ကမ္ဘောဒီးယား အိုလံပစ် အားကစားကွင်းဖနွမ်းပင်မြို့
၁၅ အောက်တိုဘာ ၂၀၁၆ (၂၀၁၆-၁၀-၁၅)
၁၈:၃၀
ကမ္ဘောဒီးယား  ၂–၁  လာအို ကမ္ဘောဒီးယား အိုလံပစ် အားကစားကွင်းဖနွမ်းပင်မြို့
၁၈ အောက်တိုဘာ ၂၀၁၆ (၂၀၁၆-၁၀-၁၈)
၁၅:၃၀
လာအို  ၂–၁  အရှေ့တီမော ကမ္ဘောဒီးယား အိုလံပစ် အားကစားကွင်းဖနွမ်းပင်မြို့
၁၈ အောက်တိုဘာ ၂၀၁၆ (၂၀၁၆-၁၀-၁၈)
၁၈:၃၀
ဘရူနိုင်း  ၀–၃  ကမ္ဘောဒီးယား ကမ္ဘောဒီးယား အိုလံပစ် အားကစားကွင်းဖနွမ်းပင်မြို့
၂၁ အောက်တိုဘာ ၂၀၁၆ (၂၀၁၆-၁၀-၂၁)
၁၈:၃၀
ဘရူနိုင်း  ၃–၄  လာအို RSN အားကစားကွင်း၊ ဖနွမ်းပင်မြို့
၂၁ အောက်တိုဘာ ၂၀၁၆ (၂၀၁၆-၁၀-၂၁)
၁၈:၃၀
ကမ္ဘောဒီးယား  ၃–၂  အရှေ့တီမော ကမ္ဘောဒီးယား အိုလံပစ် အားကစားကွင်းဖနွမ်းပင်မြို့

​ခြေစစ်ပွဲ​အောင်မြင်ခဲ့သည့်အသင်းများ[ပြင်ဆင်ရန်]

အသင်းများ ယခင်ပါဝင်ခဲ့မှု ​ခြေစစ်ပွဲ​အောင်မြင်သည့်ပုံစံ
 မြန်မာ ၁၁ ကြိမ် အိမ်ရှင်
 ဖိလစ်ပိုင် ၁၀ ကြိမ် အိမ်ရှင်
 ထိုင်း ၁၁ ကြိမ် ယခုပြိုင်ပွဲ၏လက်ရှိချန်ပီယံ
 မလေးရှား ၁၁ ကြိမ် ၂၀၁၄ ခုနှစ်ပြိုင်ပွဲ၏ဒုတိယ
 ဗီယက်နမ် ၁၁ ကြိမ် ၂၀၁၄ ခုနှစ်ပြိုင်ပွဲ၏ထိပ်ဆုံး ၄ သင်းဝင်အသင်း
 အင်ဒိုနီးရှား ၁၁ ကြိမ် ၂၀၁၄ ခုနှစ်ပြိုင်ပွဲ၏ အုပ်စုအဆင့် (အဆင့် ၅)
 စင်ကာပူ ၁၁ ကြိမ် ၂၀၁၄ ခုနှစ်ပြိုင်ပွဲ၏ အုပ်စုအဆင့် (အဆင့် ၆)
 ကမ္ဘောဒီးယား ၆ ကြိမ် ​ခြေစစ်ပွဲ​အောင်အသင်း