၂၀၁၂ ရုပ်ရှင် (၂၀၀၉)

ဝီကီပီးဒီးယား မှ
2012
A buddhist monk standing against a background of the Himalayan mountains while a mega tsunami is surging over them.
ရုပ်ရှင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာရိုလန် အမ်မရစ်ချ် (Roland Emmerich)
ထုတ်လုပ်သူRoland Emmerich
Mark Gordon
Harald Kloser
Larry J. Franco
Ute Emmerich
စာရေးသူHarald Kloser
Roland Emmerich
သရုပ်ဆောင်ဂျွန် ကူးဆက်ခ် (John Cusack)
Chiwetel Ejiofor
Amanda Peet
Thandie Newton
Oliver Platt
Zlatko Burić
Beatrice Rosen
Chin Han
Jimi Mistry
Johann Urb
Morgan Lily
Liam James
John Billingsley
Thomas McCarthy
Blu Mankuma
George Segal
Osric Chau
Stephen McHattie
Danny Glover
Woody Harrelson
ဂီတမှူးHarald Kloser
Thomas Wander
ဓာတ်ပုံDean Semler
တည်းဖြတ်David Brenner
Peter S. Elliott
ထုတ်လုပ်ရေး
ကုမ္ပဏီ
Centropolis Entertainment
ကြာမြင့်ချိန်
၁၅၈ မိနစ်
နိုင်ငံအမေရိကန် ပြည်ထောင်စု
ကနေဒါ
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
၁၁ နိုဝင်ဘာ ၂၀၀၉
ထုတ်ဝေသူColumbia Pictures
ကုန်ကျငွေ$200 million[၁]
ရောင်းရငွေ$767,088,533[၂]

၂၀၁၂ ရုပ်ရှင်ဇာတ်ကားသည် ဒါရိုက်တာ ရိုလန် အမ်မရစ်ချ် (Roland Emmerich) ၏လက်ရာ ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် ရုံတင်ပြသသည့် သဘာဝ ဘေးအန္တရာယ် အကြောင်း ဇာတ်အိမ်တည်ကာ ရိုက်ကူးထားသည့် ရုပ်ရှင်ဖြစ်သည်။ ပါဝင်ရိုက်ကူးကြသည့် သရုပ်ဆောင်များမှာ ဂျွန် ကူးဆက်ခ် (John Cusack)၊ Chiwetel Ejiofor ၊ အမန်ဒါ ပိ (Amanda Peet) ၊ အိုလီဗာ ပလက် (Oliver Platt) ၊ ဒန်နီ ဂလိုဗာ (Danny Glover)၊ သန်ဒီ နယူတွန် (Thandie Newton) နှင့် ဝူဒီ ဟာရယ်စင် (Woody Harrelson) တို့ ဖြစ်ကြသည်။ ၂၀၁၂ ရုပ်ရှင်ဇာတ်ကားကို ကိုလံဘီယာ ရုပ်ရှင် ထုတ်လုပ်ရေး (Columbia Pictures) မှ ဖြန့်ချိပြီး ၂၀၀၈ ခုနှစ် ဩဂုတ်လက ကနေဒါနိုင်ငံ ဗင်ကူဗာမြို့တွင် စတင်ရိုက်ကူးခဲ့ကာ အထူးပြုလုပ်ချက်များစွာ ပါဝင်သည်။ ဝေဖန်မှုပေါင်းမြောက်မြားစွာ ကြုံတွေ့ခဲ့ရသော်လည်း စီးပွားရေးအရ အောင်မြင်သော ဇာတ်ကား ဖြစ်ပြီး ၂၀၀၉ ခုနှစ် အမြတ်အစွန်းအရဆုံးကားထဲမှ တကား ဖြစ်ခဲ့လေသည်။

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

၂၀၀၉ ခုနှစ်တွင် အမေရိကန် ဘူမိဗေဒပညာရှင် အေဒရီယံ ဟယ်မ်စလေ (Adrian Helmsley) က လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သည့် အိန္ဒိယနိုင်ငံသား ဒေါက်တာဘွဲ့ရ စတ်နမ် စူတွာနီ (Satnam Tsurtuani) ထံမှ အိန္ဒိယရှိ ကြေးနီသတ္တုတွင်းတွင် နေမျက်နှာပြင်တွင် မီးများ ရုတ်တရက် ထတောက်မှုကြောင့် နျူထရီနိုခေါ် အမှုန်လေးများသည် မိုက်ခရိုဝေ့လှိုင်း ဖြာထွက်သကဲ့သို့ ဖြစ်ကာ ကမ္ဘာ့ဗဟိုမှ အပူချိန် ရုတ်ခြည်း မြင့်တက်လာစေကြောင်း သိရှိရသည်။

အေဒရီယံက အိမ်ဖြူတော် ညွှန်ကြားရေးမှူး ကာလ် အင်နူးဆာ (Carl Anheuser) နှင့် အမေရိကန် သမ္မတ သောမတ် ဝယ်ဆင် (Thomas Wilson) အား ကမ္ဘာ့ဗဟို အပူချိန်မြင့်တက်လာခြင်းကြောင့် ကြီးမားသည့် ဘေးအန္တရာယ် ဖြစ်နိုင်ကြောင်း သတိပေးသည်။ ၂၀၁၀ ခုနှစ်၏ ဂျီအိတ် (G8) ထိပ်သီးဆွေးနွေးပွဲတွင် နိုင်ငံတော် အကြီးအကဲများက ဤအခြေအနေကို သတိပြုကာ လူသားများ အဓွန့်ရှည် တည်တံ့နိုင်ရေးအတွက် ကြီးမားသည့် လျှို့ဝှက် အစီအစဉ်တစ်ရပ်ကို စတင်သည်။ ယင်းအစီအစဉ်မှာ လူပေါင်း ၄ သိန်းခန့်ကို ရွေးချယ်ကာ ၎င်းတို့ကို သယ်ဆောင်နိုင်မည့် သင်္ဘောကြီးများကို ဟိမဝန္တာ တောင်တန်းတွင် တည်ဆောက်ရန် ဖြစ်သည်။ သင်္ဘောလက်မှတ် အများစုကိုမူ နိုင်ငံ့ခေါင်းဆောင်ကြီးများ၊ အစိုးရ အရာရှိကြီးများနှင့် ပါရမီပြည့်သူ ကျွမ်းကျင်သူ ပညာရှင်များအတွက် ချန်ထားပြီး ကျန်ရှိသည့် လက်မှတ်များကို ၁ စောင်လျှင် ယူရိုဒေါ်လာ ၁ ဘီလီယံနှင့် ရောင်းချကာ သင်္ဘော ဆောက်လုပ်ရေး အတွက် အပိုရန်ပုံငွေ ရှာရန် ဖြစ်သည်။

လော့စ်အိန်ဂျယ်လိစ်မြို့တွင် နေထိုင်သည့် စာရေးဆရာ ဂျက်ဆင် ကားတစ် (Jackson Curtis) သည် ရုရှား ဘီလျံနာ သူဌေးကြီး၏ လင်မိုစင်း ကားမောင်းသမားအဖြစ်လည်း အချိန်ပိုင်းလုပ်ကိုင်သည်။ သူ၏ ဇနီးဟောင်း ကိတ်၊ သား နိုဝါ၊ သမီး လစ်လီတို့သည် ကိတ်၏ ချစ်သူ ပလတ်စတစ်ဆာဂျင် (ခွဲစိတ်ဆရာဝန်) လည်းဖြစ် အပျော်တန်း လေယာဉ်မှူးလည်း ဖြစ်သည့် ဂေါ်ဒန် စီဘာမင်နှင့် နေထိုင်လျက်ရှိသည်။ ၂၀၁၂ ခုနှစ်အတွင်း ရက်တစ်ရက်တွင် ဂျက်ဆင်က သူ၏ ကလေးများနှင့်အတူ ရဲလိုးစတုန်း (Yellowstone) အမျိုးသားဥယျာဉ်သို့ အပျော်တန်း ခရီးထွက်သည်။ သူတို့သည် ယင်းအမျိုးသားဥယျာဉ်မှ အစိုးရဆိုသည်မှာ လျှို့ဝှက်စွာ ကြံစည်လုပ်ဆောင်သည့် အဖွဲ့အစည်းဟု ယူဆသူ အပျော်တန်း ရေဒီယို အစီအစဉ်မှူး ချာလီ ဖရော့စ် ဆိုသူနှင့် တွေ့ဆုံကြသည်။ ချာလီသည် သီအိုရီတစ်ရပ်ကို ကိုးကားကာ မာရန်လူမျိုးများက ၂၀၁၂ ခုနှစ်တွင် ကမ္ဘာကြီးပျက်သုဉ်းလိမ့်မည်ဟု အတိတ်နမိတ် ပေးထားကြောင်း ဂျက်ဆင်တို့ သားအဖကို ပြောကြားသည့်အပြင် လျှို့ဝှက်သင်္ဘောကြီးများအား တည်ဆောက်နေသည့် နေရာကိုလည်း မြေပုံပေါ်တွင် ထောက်ပြသည်။ ဂျက်ဆင်တို့ သားအဖ အိမ်ပြန်ရောက်သည့်အခါ မြေအက်ကြောင်းများ ပေါ်လာပြီး ငလျင်များ လှုပ်သည်နှင့် ကြုံကြသည်။ ထိုအခါတွင် ဂျက်ဆင်က သူ့မိသားစုကို ကယ်တင်နိုင်ရန် လေယာဉ်ငှားကာ ရဲလိုးစတုန်း အမျိုးသားဥယျာဉ်သို့ သွားကာ မြေပုံကို သွားယူကြသည်။

မြေပုံအရ သင်္ဘောကြီးများအား လျှို့ဝှက်စွာ တည်ဆောက်သည့် နေရာမှာ တရုတ်ပြည်ဖြစ်ကြောင်း သိရှိပြီးနောက် လေယာဉ်ကြီးနှင့် ခရီးဆက်ရန် လတ်စ်ဗေးဂတ်စ်သို့ ရောက်လေသည်။ လတ်စ်ဗေးဂတ်စ်တွင် ဂျက်ဆင်တို့သည် တရုတ်သို့ သွားမည့် သူကားမောင်းပေးသူ ရုရှသူဌေးကြီး မိသားစုနှင့် တွေ့လေသည်။ ရုရှသူဌေးကြီး မိသားစုနှင့် ဂျက်ဆင်တို့ မိသားစုမှာ လေယာဉ်ဖြင့် လတ်စ်ဗေးဂတ်စ် ပျက်သုဉ်းလုနီး အချိန်တွင် သီသီလေး လွတ်ကာ ထွက်ခွာနိုင်ခဲ့သည်။

အလားတူပဲ တရုတ်သို့ ဦးတည်နေသည့် အဲဖို့စ်ဝမ်း အမေရိကန် သမ္မတ စီးတော်လေယာဉ်ပေါ်တွင် အင်နူးဆာ၊ အေဒရီယံနှင့် သမ္မတ၏သမီး လော်ရာ ဝယ်ဆင်တို့ လိုက်ပါသွားသည်။ သမ္မတ သောမတ် ဝယ်ဆင်မှာမူ ဝါရှင်တန်တွင် နေရစ်ခဲ့ရာ များမကြာမီတွင် ဧရာမ ဆူနာမီကြီးထဲတွင် နစ်မျောကာ ကွယ်လွန်သွားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ၏ အုပ်ချုပ်ရေးအာဏာကို ဆက်ခံနိုင်သည့် ဒုတိယသမ္မတလည်း ကွယ်လွန်၊ ကွန်ဂရက်ဥက္ကဋ္ဌလည်း ပျောက်ဆုံး နေသည်မို့ အင်နူးဆာက ယာယီသမ္မတအဖြစ် ဆက်ခံလိုက်သည်။

ဂျက်ဆင်တို့လေယာဉ် တရုတ်ပြည် ပိုင်နက်အတွင်း ရောက်ရှိပြီးနောက် အဆင်းတွင် ပျက်ကျကာ တရုတ်လွတ်မြောက်ရေးတပ် လက်တွင်းသို့ ကျရောက်လေသည်။ တရုတ်စစ်သားများက လက်မှတ်ပိုင်ဆိုင်သည့် ရုရှားသူဌေးနှင့် သား ၂ ဦးကို သင်္ဘောကြီးရှိရာသို့ ခေါ်ဆောင်သွားသည်။ လက်မှတ်မရှိသည့် ဂျက်ဆင်တို့မှာ သင်္ဘောဆီသို့ ဦးတည်နေသည့် တိဗက်လာမား ဘုန်းကြီးမိသားစုနှင့် တွေ့သည်။ ဘုန်းကြီးက ဂျက်ဆင်တို့ကို ဂရုဏာသက်ကာ ၎င်းတို့နှင့်အတူ သင်္ဘောဆီသို့ ခေါ်ဆောင်သွားသည်။ ဘုန်းကြီး၏ အစ်ကိုမှာ သင်္ဘောဆောက်လုပ်ရေးတွင် ပါဝင်လုပ်ကိုင်သည့် အလုပ်သမားဖြစ်သည့်အတွက် လက်မှတ်မပါပဲ သင်္ဘောပေါ်သို့ တက်နိုင်မည့် နည်းလမ်းကို သိရှိသည်။ အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ပြီးနောက် နောက်ဆုံးအချိန်တွင်ပဲ ဂျက်ဆင်တို့သည် သင်္ဘောပေါ်တွင် လိုက်ပါသွားနိုင်လိုက်သည်။

မြောက်ကိုရီးယားမှ ဘန်းခြင်း[ပြင်ဆင်ရန်]

၂၀၁၂ ဇာတ်ကားကို ကြည့်ရှုခြင်း လက်ဝယ်ထားရှိခြင်းတို့ကို မြောက်ကိုရီးယား၌ တားမြစ်လေသည်။ အကြောင်းမှာ ၎င်းနှစ်သည် နိုင်ငံထူထောင်သူ ကင်အီဆွန်း၏ မွေးနေ့၏ ရာပြည့်နှစ် ဖြစ်နေပြီး အင်အားကြီးနိုင်ငံ ဖြစ်လာမည့် ဂိတ်တံခါးများကို ဖွင့်လှစ်မည့် နှစ်အဖြစ် သတ်မှတ်ထားရာ ထိုနှစ်ကို အဖျက်ညွှန်းသည့် ရုပ်ရှင်ကား ဖြစ်နေ၍ မြောက်ကိုရီးယားအစိုးရက ကန့်ကွက်သည့်ပုံ ပေါ်လေသည်။ မြောက်ကိုရီးယားရှိ ၂၀၁၂ ဇာတ်ကား ကော်ပီများကို ကြည့်သူဖြစ်စေ၊ လက်ဝယ်ပိုင်ဆိုင်ထားသူဖြစ်စေ နိုင်ငံတော်တိုးတက်မှုကို ဆန့်ကျင်၍ သေလောက်အောင် အမျက်ထွက်စေသည့် ပုဒ်မနှင့် တရားစွဲခံရသည်။

ပယ်ဖျက်လိုက်သည့်နောက်ဆက်တွဲရုပ်သံဇာတ်လမ်း[ပြင်ဆင်ရန်]

၂၀၁၀ ၌ အပတ်စဉ်ဖျော်ဖြေရေးမဂ္ဂဇင်းမှ တင်ပြသည်မှာ ၂၀၁၂ ဇာတ်ကားအဆက်ဖြစ်မည့် ၂၀၁၃ နောက်ဆက်တွဲရုပ်သံဇာတ်လမ်းကို ဖြစ်သည်။ ၂၀၁၂ ထုတ်လုပ်သူ မတ်ဂေါ်ဒွန်က အေဘီစီက ပြသလိုက်တာက ဘေးအန္တရာယ်ရဲ့ အဖွင့်ပိုင်းပဲ ရှိမယ်၊ အဲတော့ လူတွေကလည်း ဒီအကြောင်းကို စိတ်ဝင်စားကြတယ်၊ ရုပ်ရှင်ထဲမှာ မြင်ရတဲ့အတိုင်း ၂၀၁၂ ဘေးအန္တရာယ်ဟာ ဘယ်လောက်ထိခိုက်မှု ကြီးမားပေမယ့်လည်း ကမ္ဘာကြီးအတွက် မျှော်လင့်ချက်တော့ ရှိပါသေးတယ်၊ ရုပ်ရှင်အပြီးမှာ တချို့လူတွေ ရှင်ကျန်ခဲ့တယ်၊ မေးစရာက အဲလူတွေ ကမ္ဘာသစ်ကို ဘယ်လိုတည်ထောင်မှာလဲ နဲ့ အဲဒီကမ္ဘာသစ်ကြီးက ဘယ်လိုပုံပန်းဖြစ်နေမှာလဲ ဆိုတာပါပဲ၊ ဒါဆို ဒီဇာတ်လမ်းတွဲက တော်တော့်ကို စိတ်ဝင်စားဖို့ကောင်းမယ်ဟု မဂ္ဂဇင်းကို ပြောပြသည်။ သို့သော်လည်း ၎င်းအစီအစဉ်သည် ငွေရေးကြေးရေးကြောင့် ပျက်ပြားသွားလေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Blair၊ Ian။ "'2012's Roland Emmerich: Grilled"၊ The Wrap၊ November 6, 2009။ December 9, 2009 တွင် ပြန်စစ်ပြီး။ Archived from the original on 14 November 2009။ 
  2. Movie 2012 - Box Office Data။ Boc Office Mojo။ 2010-01-20 တွင် ပြန်စစ်ပြီး။