၂၀၁၁ ယူနန်ငလျင်

ဝီကီပီးဒီးယား မှ
၂၀၁၁ ယူနန်ငလျင်
၂၀၁၁ ယူနန်ငလျင် သည် ယူနန်ပြည်နယ် တွင် တည်ရှိသည်
၂၀၁၁ ယူနန်ငလျင်
UTC အချိန်2011-03-10 04:58:13
ISC ဖြစ်ရပ်16298683
USGS-ANSSComCat
ဒေသ ရက်စွဲ၁၀ မတ် ၂၀၁၁ (၂၀၁၁-၀၃-၁၀)
ဒေသ အချိန်12:58 CST
အတိုင်းအတာ5.4 Mw[၁]
အနက်၁၀ ကီလိုမီတာ (၆.၂ မိုင်)
ငလျင်ဗဟို24°42′36″N 97°59′38″E / 24.710°N 97.994°E / 24.710; 97.994ကိုဩဒိနိတ်: 24°42′36″N 97°59′38″E / 24.710°N 97.994°E / 24.710; 97.994
Yingjiang County, Yunnan, China
အမျိုးအစားStrike-slip
သက်ရောက်ဧရိယာChina
Burma
အများဆုံးပြင်းအားVII (Very strong)
ထိခိုက်သေကြေမှုများ26 deaths
313 injured
(133 seriously injured)[၂]

၂၀၁၁ ယူနန်ငလျင် သည် ပမာဏ ၅.၄ ရှိပြီး ၂၀၁၁ ခုနှစ်၊ မတ်လ ၁၀ရက် 12:58 CST အချိန်တွင် ဖြစ်ပွားခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ ငလျင်ဗဟိုချက်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ Yingjiang မြို့တွင် ဖြစ်ခဲ့သည်။ ၎င်းနေရာသည် မြန်မာနိုင်ငံနယ်နိမိတ်နှင့် နီးကပ်စွာတည်ရှိသည်။ [၁]လူစုစုပေါင်း ၂၆ ဦး သေဆုံးခဲ့ရပြီး ၃၁၃ ဦးသည် ထိခိုက်ဒဏ်ရာရရှိခဲ့ကြကာ ထိုအထဲမှ ၁၃၃ ဦးသည် အလွန်ပြင်းထန်သည့် အနေအထား ဖြစ်သည်။ တရုတ်စင်ဟွာသတင်းဌာနက မူလငလျင်ကြီးကြီးနောက်တွင် ငလျင်ငယ်များ ၇ ကြိမ် လှုပ်ခတ်ခဲ့ပြီး ၎င်းတို့တွင် အမြင့်ဆုံးငလျင်သည် ပမာဏ ၄.၇ ရှိခဲ့သည်။ ငလျင်ကြောင့် လူပေါင်း ၁၂၇၀၀၀ ဦးသည် အနီးအနားရှိ ကယ်ဆယ်ရေးအဆောက်အဦများသို့ ပြောင်းရွှေ့ခဲ့ရသည်။ [၃]ဤငလျင်မလှုပ်ခတ်မီကပင် အကြိုငလျင်အနေဖြင့် နှစ်လမတိုင်မီကပင် ထိုဒေသ၌ ငလျင်အသေးစားကလေးများသည် ၁၀၀၀ ကျော် လှုပ်ခတ်ခဲ့သည်။ [၄]ပျက်စီးဆုံးရှုံးမှုများကို ကွင်းဆင်းစာရင်းကောက်ပြီးနောက်တွင် လူနေအိမ် ၁၀၃၉ လုံး ပျက်စီးခဲ့ရပြီး ၄၉၉၄ လုံးကျော်သည် ပြင်းထန်စွာ ပျက်စီးခဲ့သည်။[၂] ဤငလျင်သည် ဆူနာမီလှိုင်းများကို ဖြစ်ပေါ်စေခဲ့သည့် ဂျပန်ရှိ ပိုမိုကြီးများသည့် ငလျင်မလှုတ်ခတ်မီ တစ်ရက်စောကာ လှုပ်ခတ်ခဲ့သည်။

ပျက်စီးမှုနှင့် သက်ရောက်မှုများ[ပြင်ဆင်ရန်]

ငလျင်ဗဟိုချက်သည် မြို့၏ ဗဟိုမှ ၂ ကီလိုမီတာ (၁.၂ မိုင်) အကွာတွင် တည်ရှိသည်။ ၎င်းမြို့သည် လူဦးရေ ၂၇၀,၀၀၀ ဦးကျော်နေထိုင်လျက်ရှိကာ လူနည်းစုတရုတ်လူမျိုးများစွာတို့ မှီတင်းနေထိုင်လျက်ရှိသည့် နေရာဖြစ်သည်။[၅] နိုင်ငံ၏ သတင်းအေဂျင်စီက အိမ်များနှင့် အဆောက်အဦ ၁၂၀၀ သည် ပျက်စီးခဲ့ရပြီး ၁၇၅၀၀ ပတ်ဝန်းကျင်ခန့်သည် ဆိုးရွားစွာပျက်စီးခဲ့ရသည်။[၃] ငလျင်နှင့် နောက်ဆက်တွဲငလျင်များများကြောင့် ပတ်ဝန်းကျင်ရှိဒေသများတွင်လည်း မီးပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရသည်။[၆] မြန်မာနိုင်ငံတွင်မူ ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ မသိရှိရပေ။[၆] မီးပြတ်တောက်မှုများကြုံတွေ့ခဲ့ရသော်လည်း တယ်ကီကွန်းဆက်သွယ်ရေးများသည် ငလျင်လှုပ်ခတ်ပြီးနောက်တွင် ဆက်လက်အလုပ်လုပ်ဆောင်ခဲ့သည်။ [၇] လူပေါင်း ၁၂၇,၀၀၀ ဦးနီးပါးကို ငလျင်လှုပ်ခတ်ပြီးနောက်တွင် Yingjiang မြို့မှ ရွှေ့ပြောင်းပေးခဲ့ရသည်။ ၎င်းငလျင်သည် လူပေါင်း ၃၄၄၆၀၀ ဦးအပေါ် သက်ရောက်မှု ရှိခဲ့သည်။[၈]

တရုတ်ဗဟိုတယ်လီဗွီးရှင်းက ပျက်စီးနေသည့်အဆော်ကအဦများကို ပြသခဲ့သည်။ ပျက်စီး၍ ပရမ်းပတာဖြစ်နေသည့် လမ်ပေါ်တွင် ရဲဝန်ထမ်းများသည် ယာဉ်သွားလာမှုကို ညွှန်ကြားနေသည်။ [၉]ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပြသည်မှာ "စူပါးမားကတ်အဆောက်အဦတစ်ခုသည် ပြိုလဲသွားခဲ့ပြီး အနီးအနားရှိ အခြားအဆောက်အဦ သုံးခုသည်လည်း ဆိုးရွားစွာပင် ပျက်စီးခဲ့သည်" ဟု ဆိုခဲ့သည်။ ထို့အပြင် "အိမ်တိုင်းနီးပါး၏ နံရံများသည်လည်း ပြိုကျနေသည်" ဟု ဆိုခဲ့သည်။[၆]

သေးငယ်သည့် ငလျင်ငယ်များသည် ဤဒေသတွင် နှစ်လကြာ ဆက်လက်ဖြစ်ပွားနေကာ များစွာသောအဆောက်အဦများကို ပျက်စီးစေခဲ့သည်။ ဘူမိသွင်ပြင်ဆိုင်ရာပညာရှင်များက ရှင်းပြသည်မှာ ဤငလျင်၏ ပြင်းအားသည် အဆောက်အဦများကို ပြိုလဲသွားစေရန်အတွက် လုံလောက်ခဲ့သည်ဟု ဆိုခဲ့သည်။[၁၀]

တုံ့ပြန်မှုများ[ပြင်ဆင်ရန်]

ဖြစ်ပွားသည့်ဒေသသို့ တဲ ၅၀၀၀၊ စောင် ၁၀၀၀၀ စသည်တို့နှင့် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် အင်အား ၁၀၀၀ နီးပါးကို စေလွှတ်ခဲ့သည်။[၆][၇] မကာအိုကြက်ခြေနီအသင်းက ၂၀၀၀၀၀ RMB ကို ငလျင်လှုပ်ခတ်မှုအတွက် ကယ်ဆယ်ရေးများ လုပ်ဆောင်နိုင်ရန် ပေးအပ်ခဲ့သည်။ [၁၁]စင်ဟွာက ဖော်ပြသည်မှာ ထိုဒေသသည် "ငလျင်ကျရောက်သည့်ခါးပတ်နေရာ" ဟု ဆိုခဲ့သည်။ ထိုဒေသတွင် မကြာသေးသည့်လများက ငလျင်ငယ်ပေါင်း ၁၀၀၀ သည် လှုပ်ခတ်ခဲ့သည်။[၁၂] မီးသတ်သမားများနှင့် အခြားကယ်ဆယ်ရေးသများများသည် မြေအောက်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေချိန်တွင်လည်း ငလျင်အပြီးများစွာသော ငလျင်များ လှုပ်ခတ်ခဲ့သည်။[၁၃] တရုတ်အစိုးရသည် မတ်လ ၁၁ ရက်နေ့တွင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ယွမ် ၅၅ သန်းကို သုံးစွဲခဲ့သည်။ ထိုအချိန်တွင်ပင် ငွေကြေးဝန်ကြီးဌာနက အဆောက်အဦပြင်ဆင်ရန်အတွက် ယွမ် သန်း ၅၀ ကို ပေးခဲ့သည်။[၁၄] ငလျင်လှုပ်ခတ်မှုကြောင့် Nujiang မြစ်ချိုင့်ဝှမ်းရှိ ၁၈၉,၀၀၀ ကီလိုဝပ်ထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းသည်လည်း ကြန့်ကြာခဲ့သည်။[၁၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Magnitude 5.4 - MYANMAR-CHINA BORDER REGIONUSGS (2011-03-10)။ 16 March 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-03-10 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Yan (2011-03-22)။ Death toll from SW China earthquake rises to 26Xinhua News Agency။ 2011-03-22 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ "At least 24 dead, 207 injured in SW China quake"၊ Xinhua News Agency၊ 2011-03-10။ 2011-03-10 တွင် ပြန်စစ်ပြီး 
  4. "Deaths reported in China quake"၊ Al-Jazeera၊ 2011-03-10။ 2011-03-10 တွင် ပြန်စစ်ပြီး။ Archived from the original on 10 March 2011။ 
  5. "Deaths and injuries from very dangerous earthquake in Yingjiang, Yunnan, China"၊ Earthquake-Report၊ 2011-03-10။ 2011-03-10 တွင် ပြန်စစ်ပြီး 
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ "Earthquake hits China south-west near Burma border"၊ BBC၊ 2011-03-10။ 2011-03-10 တွင် ပြန်စစ်ပြီး 
  7. ၇.၀ ၇.၁ "22 killed in China quake"၊ Times of India၊ 10 March 2011။ 11 March 2011 တွင် ပြန်စစ်ပြီး 
  8. Liu၊ Yinghua။ "127,100 people evacuated after southwest China's earthquake"၊ 12 March 2011။ 12 March 2011 တွင် ပြန်စစ်ပြီး 
  9. Jiang၊ Steven။ "China quake kills at least 16"၊ CNN၊ 2011-03-10။ 2011-03-10 တွင် ပြန်စစ်ပြီး 
  10. Archived copy။ 2011-07-07 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-03-11 တွင် ပြန်စစ်ပြီး။
  11. Macao Red Cross Offers 30,000 USD as Relief Fund for Quake-victims။ Xinhua (11 March 2011)။ 19 March 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2011 တွင် ပြန်စစ်ပြီး။
  12. Deadly Quake Strikes Near China-Burma Border (10 March 2011)။ 26 March 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2011 တွင် ပြန်စစ်ပြီး။
  13. "China quake kills at least 16"၊ CNN၊ 10 March 2011။ 10 March 2011 တွင် ပြန်စစ်ပြီး 
  14. Qin၊ Qing။ "China allocates 50 mln yuan for infra structure repair in quake-hit Yunnan"၊ 12 March 2011။ 12 March 2011 တွင် ပြန်စစ်ပြီး 
  15. "Earthquake casts doubt over Chinese hydropower project"၊ 12 March 2011။ 12 March 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 19 October 2012။