၂၀၁၀ ရှန်ဟိုင်းမီး

ဝီကီပီးဒီးယား မှ

၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့၊ ကျင့်အန်းမြို့နယ်တွင် (၂၈)ထပ်ရှိသော လူနေတိုက်ခန်းအဆောက်အဦးကြီး မီးလောင်ကျွမ်းခဲ့သည်။ (၅၈)ဦးသေဆုံးပြီး၊ (၅၆)ဦး ပျောက်ဆုံးနေလျက်ရှိကာ လူပေါင်း(၁၀၀)ကျော်ဒဏ်ရာရခဲ့သည်။[၁][၂] မီးစတင်လောင်ကျွမ်းသောအချိန်မှာ ဒေသစံတော်ချိန် နေ့လယ်(၂)နာရီ(၁၅)မိနစ် ဖြစ်သည်။ အဆိုပါတာဝါမှာ ကျောင်းကျိုးလမ်းနှင့် ယွိယွမ်လမ်းဆုံ (the intersection of Jiaozhou Road and Yuyao Road) တွင် တည်ရှိသည်။ ၁၉၉၀ခုနှစ်က တည်ဆောက်ခဲ့ပြီး ပြန်လည်မွမ်းမံပြင်ဆင်မှုများ ပြုလုပ်နေဆဲတွင် မီးလောင်ကျွမ်းရခြင်းဖြစ်သည်။ မျက်မြင်သက်သေများ၏အဆိုအရ ဆောက်လုပ်ရေး(ပြင်ဆင်ရေး)လုပ်ငန်းသုံးပစ္စည်းများမှ စတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု သိရသည်။ မီးသတ်ယာဉ် အစီး(၈၀)ကျော်လာရောက်ငြိမ်းသတ်ခဲ့သောလည်း မီးမှာ ပြင်းထန်လွန်းသည့်အတွက် နာရီပေါင်းများစွာကြာမြင့်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Barboza၊ David။ "China Detains Officials Over Shanghai Fire"၊ The New York Times၊ The New York Times Company၊ 24 December 2010။ 2011-01-16 တွင် ပြန်စစ်ပြီး။ Archived from the original on 10 January 2011။ 
  2. "上海市政府召开"11·15"特别重大火灾新闻发布会通报" (in Chinese)၊ China National Radio၊ Central People's Broadcasting Station၊ 17 November 2010။ 2010-11-17 တွင် ပြန်စစ်ပြီး