၁၉၈၈ မြန်မာ - အိန္ဒိယ ငလျင်

ဝီကီပီးဒီးယား မှ
၁၉၈၈ မြန်မာ - အိန္ဒိယ ငလျင်
epicenter.
epicenter.
၁၉၈၈ မြန်မာ - အိန္ဒိယ ငလျင် (မြန်မာနိုင်ငံ)
UTC အချိန်1988-08-06 00:36:24
ISC ဖြစ်ရပ်428070
USGS-ANSSComCat
ဒေသ ရက်စွဲ6 August 1988
ဒေသ အချိန်7:06 am
ကာလ2 minutes
အတိုင်းအတာ7.3 Mw
7.5 ML
အနက်90.5 km
ငလျင်ဗဟို25°08′56″N 95°07′37″E / 25.149°N 95.127°E / 25.149; 95.127ကိုဩဒိနိတ်: 25°08′56″N 95°07′37″E / 25.149°N 95.127°E / 25.149; 95.127
အမျိုးအစားOblique-reverse
သက်ရောက်ဧရိယာMyanmar, India and Bangladesh
အများဆုံးပြင်းအားVIII (Severe)[၁]
မြေပြိုမှုများYes
ထိခိုက်သေကြေမှုများ3 dead and 12 injured in India
2 dead and 30 injured or missing in Bangladesh

၁၉၈၈ မြန်မာ - အိန္ဒိယ ငလျင် ("အင်ဒို-ဘားမားငလျင်" ဟုလည်း သိကြ) သည် အိန္ဒိယနယ်စပ်မှ ၃၀ ကီလိုမီတာ (၁၉ မိုင်) ခန့်အကွာ မြန်မာနိုင်ငံ၊ စစ်ကိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ ၎င်းသည် မြန်မာစံတော်ချိန် ဩဂုတ်လ ၆ ရက်နေ့တွင် နံနက် ၇ နာရီ ၆ မိနစ်တွင် လှုပ်ခတ်ခဲ့သည်။ ပမာဏသည် ၇.၃ ရှိခဲ့သည်။ ဤငလျင်သည် Mw7.8 ပြင်းအားရှိသည့် Gulf of Alaska ပြီးပါက ထိုနှစ်အတွက် ကမ္ဘာပေါ်ရှိ လှုပ်ခတ်ခဲ့သမျှတွင် အကြီးဆုံးတစ်ခု ဖြစ်ခဲ့သည်။ လူငါးဦး သေဆုံးခဲ့ကာ ၃၀ ကျော်သည် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။[၂][၃] အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်လည်း ပြင်းထန်သည့် ပျက်စီးမှုများနှင့် ကြုံခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံမှာမူ အသေးစား ထိခိုက်ပျက်စီးမှုများသာ ရှိခဲ့သည်။ ထိုငလျင်ကို ဆိုဗီယက်ပြည်ထောင်စုကပါ ခံစားခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။

ငလျင်[ပြင်ဆင်ရန်]

ငလျင်သည် မြန်မာနိုင်ငံ၊ မန္တလေးမြို့နှင့် အိန္ဒိယနိုင်ငံ၊ Shillong မှ မိုင် ၂၀၀ ကျော် (၃၂၀ ကီလိုမီတာ) အကွာ ဝေးလံသည့်နေရာဒေသတွင် ဖြစ်ပွားခဲ့သည်။ သို့သော်လည်း အခြေချနေထိုင်သူ အနည်းငယ်ရှိကြသည့် ဟုမ္မလင်း၊ မောင်းကန်၊ ထမန်သီနှင့် ကော်ယ (Kawya) တို့သည် ထိုငလျင်နှင့် နီးကပ်စွာ တည်ရှိသည်။[၄] ငလျင်ဖြစ်ပေါ်ရာ အနောက်ဘက်တွင် ချင်းတောင်တန်း - ရခိုင်တောင်တန်းများ ရှိသည်။[၅] ဤငလျင်သည် လှုပ်ခတ်ခဲ့ချိန်သည် ၂ မိနစ် ကြာမြင့်ခဲ့သည်။

ပျက်စီးမှု၊ ထိခိုက်မှုနှင့် သက်ရောက်မှုများ[ပြင်ဆင်ရန်]

ဘင်္ဂလားဒေ့တွင် လူနှစ်ဦးသေဆုံးကာ ၃၀ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့အပြင် အိန္ဒိယနိုင်ငံ၌လည်း လူနှစ်ဦး သေဆုံးခဲ့သည်။ ကြီးမားသည့် မြေပြိုမှုများသည် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် ဖြစ်ပွားခဲ့သည်။[၆] အိန္ဒိယနိုင်ငံ၊ Gauhati တွင် ၂၀ စင်တီမီတာ (၇.၉ လက်မ) မြေကျွံမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ငလျင်ဒဏ်ကို ဘင်္ဂလားဒေ့တစ်နိုင်ငံလုံးနှင့် ကာလကတ္တားအပါအဝင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ခံစားခဲ့ရသည်။ ထို့အပြင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် နီပေါ်နိုင်ငံ၊ Kathmandu တို့တွင်လည်း ခံစားခဲ့ရသည်။ ငလျင်လှုခတ်တုန်ခါမှုကြောင့် လူနေအိမ်အဆောက်အဦများ၊ ရထားလမ်းများနှင့် ကားလမ်းများ ပျက်စီးခဲ့ရသည်။[၁]

အိန္ဒိယနိုင်ငံ၊ Assam တွင် ငလျင်ကြောင့် လမ်းများ၊ နိုင်ငံ့အမြန်လမ်းမကြီးများရှိ တံတားများ ပျက်စီးခဲ့ရသည်။ Silchar ရှိ ဟိုတယ်တစ်ခုသည်လည်း နံရံများ ကျိုးပဲခဲ့ခြင်း၊ ကြမ်ခင်းများ ကျိုးပဲခြင်းများ ဖြစ်ပေါ်ခဲ့သည်။ Borlongphar နှင့် Langchiliet ကို ချိတ်ဆက်ထားသည့် ရထားလမ်းသည် မြေပေါ်သို့ ၈ မီတာအထက် ရောက်ရှိသွားသည်။[၇]

ဩဂုတ်လ ၂၁ ရက်နေ့ ထိုတစ်နှစ်တည်းတွင်ပင် လူသေဆုံးမှု ရှိခဲ့သည့် သေးငယ်သည့် ငလျင်တစ်ခုသည် အိန္ဒိယနှင့် နီပေါနိုင်ငံတို့တွင် လှုပ်ခတ်ခဲ့ပြန်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ J. R. Kayal (2008)။ Microearthquake Seismology and Seismotectonics of South Asia (1 ed.)။ Springer, Dordrecht။ p. 287။ doi:10.1007/978-1-4020-8180-4ISBN 978-1-4020-8180-410 April 2021 တွင် ပြန်စစ်ပြီး
  2. "Homogeneous earthquake catalogue for Northeast region of India using robust statistical approaches" (2017). Geomatics, Natural Hazards and Risk 8 (2): 1477–1491. doi:10.1080/19475705.2017.1345794. [လင့်ခ်သေ]
  3. Earthquake Event Information MYANMAR (BURMA); INDIA: GAUHATI, SIBSAGAR, IMPHAL
  4. "7.3 Earthquake Rocks India-Burma Border"၊ Los Angeles Times 
  5. Focal Mechanism
  6. Tsunami Event Information BANGLADESH
  7. M. K. Gupta (4 June 1993). "Liquefaction During 1988 Earthquakes and a Case Study". Third International Conference on Case Histories in Geotechnical Engineering.