၁၉၅၀ အာသံ - တိဘက် ငလျင်

ဝီကီပီးဒီးယား မှ
1950 Assam–Tibet earthquake
၁၉၅၀ အာသံ - တိဘက် ငလျင် သည် Tibetan Plateau တွင် တည်ရှိသည်
၁၉၅၀ အာသံ - တိဘက် ငလျင်
UTC အချိန်1950-08-15 14:09:34
ISC ဖြစ်ရပ်895681
USGS-ANSSComCat
ဒေသ ရက်စွဲAugust 15, 1950 (1950-08-15)
ဒေသ အချိန်7:39 pm IST
အတိုင်းအတာ8.6 Mw [၁]
အနက်၁၅ km (၉.၃ mi) [၁]
ငလျင်ဗဟို28°22′N 96°27′E / 28.36°N 96.45°E / 28.36; 96.45 [၁]
အက်ကွဲကြောင်းMain Himalayan Thrust
အမျိုးအစားStrike-slip[၂]
အများဆုံးပြင်းအားXI (Extreme)[၃]
ထိခိုက်သေကြေမှုများ4,800

၁၉၅၀ အာသံ - တိဘက် ငလျင် [၄]("အာသံငလျင်" ဟုလည်း သိကြ) သည် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ ပမာဏ ၈.၆ ရှိခဲ့သည်။ ငလျင်ဗဟိုချက်သည် မစ်ရှ်မိတောင်တန်းများ (Mishmi Hills) တွင် ရှိခဲ့သည်။ ထိုတောင်တန်းများကို တရုတ်တို့က Qilinggong တောင်များ(祁灵公山) ဟု သိကြသည်။ ဤတောင်တန်းများသည် Kangri Garpo တောင်တန်းများ၏ တောင်ဘက်နှင့် ဟိမဝန္တာတောင်တန်းများ၏ အရှေ့ဘက်တွင် တည်ရှိသည်။ ထိုဒေသသည် McMahon Line ၏ တောင်ဘက်တွင် တည်ရှိကာ ယခုအခါတွင် Arunachal Pradesh ဟု သိကြပြီး တရုတ်နှင့် အိန္ဒိယအကြား အငြင်းပွားနေသည့် နေရာလည်း ဖြစ်သည်။ အိန္ဒိယစံတော်ချိန် အင်္ဂါနေ့၏ ညနေ ၇ နာရီ ၃၉ မိနစ်တွင် ဖြစ်ပွားခဲ့သည်။ ငလျင်ကြောင့် အာသံပြည်နှင့် တိဘက်ပြည်များတွင်ပါ ပျက်စီးခဲ့ရသည်။ ခန့်မှန်းခြေ လူပေါင်း ၄၈၀၀ သည် သေဆုံးခဲ့ရသည်။ ငလျင်သည် လှုပ်ခတ်သည့်အချိန်က ကျယ်လောင်သည့်ဆူညံသံများစွာဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ဤငလျင်သည် subduction ဖြစ်စဉ်ကြောင့် ဖြစ်သည်ထက် continental collision ဖြစ်စဉ်ကြောင့် ဖြစ်သည့်ငလျင်များထဲတွင် အကြီးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဘူမိဗေဒဆိုင်ရာ[ပြင်ဆင်ရန်]

ငလျင်[ပြင်ဆင်ရန်]

ဤငလျင်သည် ဟိမဝန္တာတောင်တန်းများနှင့် Hengduan တောင်တန်းများအကြား တောင်ထူထပ်ကြမ်းတမ်းသည့် ဒေသများတွင် ဖြစ်ပွားခဲ့သသည်။ ငလျင်သည် တိဘက်နှင့် အိန္ဒိယအကြား McMahon လိုင်း၏ တောင်ဘက်တွင် တည်ရှိသည်။ ငလျင်ကြောင့် ဒေသနှစ်ခုစလုံးတွင် ပျက်စီးမှုများ ဖြစ်ခဲ့သသည်။ ဤငလျင်သည် ပမာဏ ၈.၆ ရှိကာ ငလျင်တိုင်းတာရေးစခန်းများစတင်ကတည်းက ဤငလျင်သည် အရေးအကြီးဆုံးငလျင်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။

ဤငလျင်သည် ၂၀ ရာစုတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များထဲတွင် ခြောက်ခုမြောက်အကြီးဆုံး ဖြစ်သည်။[၅] ထို့အပြင် ဤငလျင်သည် သမုဒ္ဒရာအတွင်း Subduction ဖြစ်စဉ်ဖြစ်ပွားမှုမရှိခဲ့သည့် အကြီးဆုံးငလျင်တစ်ခုလည်း ဖြစ်သည်။ ထိုအစား ဤငလျင်သည် ကျောက်ချပ်လွှာနှစ်ခု၏ Continental collision ဖြစ်စဉ်ကြောင့် ဖြစ်ပွားခဲ့သည်။

ငလျင်ကြီးပြီးနောက် လှုပ်ခတ်သည့် နောက်ဆက်တွဲငလျင်များသည် များစွာရှိခဲ့သည်။ ထိုငလျင်များထဲမှ အချို့သည် ပမာဏ ၆ နှင့် ထိုအထက် ရှိကြသည်ကို အဝေးနေရာများတွင် ရှိသည့် ငလျင်စခန်းများက သိကြသည်။ အိန္ဒိယငလျင်ဝန်ဆောင်မှုက ငလျင်လှုပ်ခတ်မှုကြောင့် ပထဝီသွင်ပြင်ဆိုင်ရာ ပြန့်နှံ့မှုများကို ဖြစ်စေခဲ့သည်ကာ အရှေ့လောင်ဂျီကျူ ၉၀ ဒီဂရီမှ ၉၇ ဒီဂရီ အထိ ဖြစ်သည်။ ငလျင်၏ ဗဟိုချက်သည် အရှေ့ပိုင်းမျဉ်း၏ အနီးအနားတွင် ရှိခဲ့သည်။[ကိုးကားချက်လိုသည်]

သက်ရောက်မှု[ပြင်ဆင်ရန်]

၁၉၅၀ အာသန် - တိဘက်ငလျင်သည် တိဘက်နှင့် အာသံ နှစ်ဖက်စလုံးတွင် ပျက်စီးမှုများကို ဖြစ်စေခဲ့သည်။ အာသံပြည်နယ်ဘက်တွင် သေဆုံးသူ ၁၅၂၆ ဦး ရှိခဲ့ပြီး တိဘက်တွင် ၃၃၀၀ ဦး ရှိခဲ့သည်။[၆] စုစုပေါင်း သေဆုံးသူသည် ၄၈၀၀ ဦး ရှိခဲ့သည်။ [ကိုးကားချက်လိုသည်]

ကယ်ဆယ်ရေးလုပ်ငန်းများကို တောထူထပ်သည့် ပတ်ဝန်းကျင်ဒေသများနှင့် Mishmi တောင်တန်းများ စသည့် ကျောက်တောင်ထူထဲသည့် ဒေသများတွင် လုပ်ဆောင်ခဲ့သည်။ အဘောတောင်တန်း (Abor) တွင်လည်း ရွာပေါင်း ၇၀ သည် ပျက်စီးခဲ့ရကာ လူပေါင်း ၁၅၆ ဦးသည် မြေပြိုမှုကြောင့် သေဆုံးခဲ့သည်။ မြေပြိုမှုကြောင့် Brahmaputra မြစ်၏ မြစ်လက်တက်များကို ပိတ်ဆို့သွားစေဲ့သသည်။ Dibang ချိုင့်ဝှမ်းဒေသတွင် မြေပြိုမှုကြောင့် ကန်တစ်ခုသည် ပျက်စီးမှုမရှိဘဲ ကွဲထွက်သွားခဲ့သည်။ သို့သော်လည်း အခြားတစ်ဖက်တွင် Subansiri မြစ်တွင် ရှစ်ရက်ကြာမြင့်ပြီနောက် ပွင့်သွားကာ အမြင့် ၇ မီတာရှိသည့် ရေလှိုင်းများကို ဖြစ်စေခဲ့သည်။ ၎င်းရေလှိုင်များသည် ရွာများစွာကို နစ်မြုပ်သွားခဲ့ပြီး လူပေါင်း ၅၃၂ ဦးကို သေဆုံးစေခဲ့သည်။[ကိုးကားချက်လိုသည်]

ငလျင်လှုပ်ခတ်မှုသည် အာသံပြည်နယ်တွင် ပျက်စီးမှု ပိုမိုများပြားခဲ့သည်။ ပစ္စည်းဥစ္စာဆုံးရှုံးမှုများအရ ၁၈၉၇ ခုနှစ် ငလျင်ထက် ပိုမိုများပြားခဲ့သည်။[၇] ပြင်းထန်စွာလှုပ်ခတ်ခဲ့သဖြင့် မြစ်များတွင် သဲများ၊ ရွှံနွံများ၊ သစ်ပင်များနှင့် အပျက်အစီးအစအနအားလုံးတို့သည် မြစ်အတွင်းတွင် ရောက်ရှိခဲ့ကာ မြစ်ရေမြင့်မားမှုများ ဖြစ်ပေါ်ခဲ့သသည်။[ကိုးကားချက်လိုသည်] ငလျင်ဒဏ် ပြင်းထန်စွာခံစားခဲ့ရသည့် ဒေသကို ဝေဟင်မှ ကြည့်ရှုရာတွင် မြေမျက်နှာသွင်ပြင်သည် ကြီးမားစွာပြောင်းလဲမှုများ ဖြစ်ခဲ့သည်ဟု ဖော်ပြသည်။ ၎င်းပြောင်းလဲမှုများသည် မြေပြိုမှုများစွာတို့ ဖြစ်ပေါ်ခဲ့ခြင်းကြောင့်ဖြစ်ကာ အချို့နေရာများကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ [၈]

တိဘက်ပြည်တွင် Heinrich Harrer က ဖော်ပြသည်မှာ Lhasa တွင် ပြင်းထန်သော လှုပ်ခါမှုဖြစ်ပွားခဲ့ကာ ကမ္ဘာမှ ထိခိုက်ပွတ်တိုက်သည့် ကျယ်လောင်သည့်ဆူညံသံများလည်း ပေါ်ထွက်ခဲ့သည်ဟု ဆိုခဲ့သည်။[၉] Lhasa တွင် ငလျင်ကြီးပြီးနောက်ဆက်တွဲ ငလျင်များကို ရက်များကြာအောင် ခံစားခဲ့ရသေးသည်။ တိဘက်ပြည် ၊ ရိမ (ယခုအခါ - Zayü မြို့)၊ ဖရန့်ကင်းဒွန်းရပ်ကွက်တွင် ပြင်းထန်စွာလှုပ်ခတ်ခြင်း၊ ပြင်းထန်သည့် မြေရွေ့လျားမှုများနှင့် မြစ်ရေများ မြင့်တက်လာခြင်း စသည်တို့ကို ကြုံတွေ့ခဲ့ရသည်။ ထိုအချိန်က မြန်မာနိုင်ငံမြောက်ပိုင်း၊ ပူတာအိုမြို့တွင် နေထိုင်လျက်ရှိသည့် အမေရိကန်သာသာနာပြု Helen Myers Morse သည် အဓိကလှုပ်ခတ်မှုနှင့် ပတ်သက်ပြီး စာများကို အိမ်တွင် ရေးသားခဲ့ရာ ငလျင်ကြီးပြီးနောက် ငလျင်ငယ်များ အကြိမ်ရေများစွာ လှုပ်ခတ်ခဲ့ပြီး ကမ္ဘာမြေကြီးဆီမှလည်း ဆူညံသံများ ထွက်ပေါ်လာခဲ့သည်ဟု ရေးသားထားသည်။[၁၀]

ငလျင်ကြီးအပြီး ရက်အနည်းငယ်အကြာ အနောက်ဘက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်များထဲမှ တစ်ခုသည် အာသံပြည်နယ်တွင် အဓိကငလျင်ကြီးထက်ပင် ပိုမိုကာ ပြင်းထန်ခဲ့သည်ကို ခံစားခဲ့ရသည်။ ဤငလျင်ကြီးပြီးနောက် လှုပ်ခတ်ခဲ့သည့်ငလျင်သည် ပိုမိုကာကြီးမားသည်ကို ဂျာနယ်လစ်သမားများသည် ယုံကြည်ခဲ့ကြရပြီး ထိုငလျင်သည်လည်း လှုပ်ခတ်ခဲ့သမျှ ငလျင်များအားလုံးတွင် အကြီးဆုံးဖြစ်ခဲ့သည်။ဤငလျင်ဖြစ်ရပ်သည် ငလျင်၏ ပြင်းအားနှင့်ပမာဏတို့အကြား အရေးပါသည့် ပတ်သက်ဆက်နွယ်မှုဆိုင်ရာ ရှုပ်ထွေးမှု၏ ဥပမာတစ်ခု ဖြစ်ခဲ့သည်။ ကင်းဒွန်းရပ်ကွက်တွင် ပုံမှန်မဟုတ်သည့် အသံများကို ကြားခဲ့ရကာ ထိုအချိန်သည် အဓိကငလျင်သည် အခြားနေရာများတွင်ပါ လှုပ်ခတ်နေသည့်အချိန် ဖြစ်သည်။ Seiche လှိုင်းများသည် နော်ဝေနှင့် အင်္ဂလန်တို့မှ အဝေးနေရာမှ ဖြစ်ခဲ့သည်။ (p. 63–64.)

အနာဂတ်ကာလ ခြိမ်းခြောက်မှုများ[ပြင်ဆင်ရန်]

၂၀၀၁ ခုနှစ် Bhuj ငလျင်ကို တုံ့ပြန်ရန်အတွက် ရေးသားခဲ့သည့် သိပ္ပံနယ်ပယ်ဆိုင်ရာ ဆောင်းပါးတစ်ခုတွင် ဟိမဝန္တာတောင်တန်းရှိ ၇၀ ရာခိုင်နှုန်းသော ငလျင်များသည် အင်အားအလွန်ပြင်းထန်ကြသည်။ ထိုခန့်မှန်းချက်များသည် ၁၉၅၀ ခုနှစ် Medog ငလျင်သည် ကြီးမားသည့်ငလျင်တစ်ခုအဖြစ် ဖြစ်ပွားခဲ့သည့်အချိန်မှ စကာ ထိုဒေသတွင် သမိုင်းတစ်လျှောက် လှုပ်ခတ်ခဲ့သည့် ငလျင်များ၏ မှတ်တမ်းများအရ ရှာဖွေတွက်ချက်ထားခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ဟိမဝန္တာတောင်တန်းတွင် ပမာဏ ၇.၈ ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ငလျင်၏ ဗဟိုချက်သည် နီပေါနိုင်ငံအနောက်ပိုင်း ဝေးလံသည့်တစ်နေရာတွင် ဖြစ်သည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named ISC-GEM
  2. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named USGS
  3. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named PAGER-CAT
  4. Historic Earthquakes, Assam - TibetUnited States Geological Survey။ 10 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 July 2021 တွင် ပြန်စစ်ပြီး။
  5. Largest Earthquakes in the World Since 1900United States Geological Survey (September 20, 2011)။ 7 November 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 July 2021 တွင် ပြန်စစ်ပြီး။
  6. Significant Earthquake INDIA-CHINANational Geophysical Data Center (August 15, 1950)။ November 24, 2016 တွင် ပြန်စစ်ပြီး။
  7. Harrer၊ Heinrich (1953)။ Seven Years in Tibet။ Putnam။
  8. Myers Morse၊ Helen (2003)။ Once I Was Young။ Terre Haute, Indiana။ pp. 167–171။
  9. Harrer၊ Heinrich (1953)။ Seven Years in Tibet။ Putnam။
  10. Myers Morse၊ Helen (2003)။ Once I Was Young။ Terre Haute, Indiana။ pp. 167–171။