၁၉၁၈ တုပ်ကွေး ကမ္ဘာကပ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
အမေရိကန်ပြည်ထောင်စု ကန်းဆပ်ပြည်နယ် ဖို့တ်ဒ်ရေလီးမှ စစ်သားများ ဖန်စတန်စခန်း ဆေးရုံဆောင်တွင် စပိန်တုပ်ကွေးဖြင့် တက်ရောက် ကုသနေကြစဉ်

၁၉၁၈ တုပ်ကွေး ကမ္ဘာကပ် (၁၉၁၈ ဇန်နဝါရီ - ၁၉၂၀ ဒီဇင်ဘာ) သည် ပုံမှန်မဟုတ်သော သေစေလောက်သည့် တုပ်ကွေး ကမ္ဘာကပ် ဖြစ်ပြီး H1N1 တုပ်ကွေး ဗိုင်းရပ်စ်ကြောင့် ဖြစ်သော ကမ္ဘာကပ် ၂ ခုတွင် ပထမဆုံး တစ်ခု ဖြစ်သည်။[၁] ထိုကမ္ဘာကပ်တွင် တကမ္ဘာလုံးရှိ လူသန်းပေါင်း ၅၀၀ မှ သန်းပေါင်း ၈၀၀ အထိ ကူးစက်ဖြစ်ပွားပြီး ဝေးလံသော ပစိဖိတ်သမုဒ္ဒရာတွင်းမှ ကျွန်းများ နှင့် အာတိတ် ဒေသတို့ အထိ ကူးစက်ပျံ့နှံ့ခဲ့ကာ နောက်ဆက်တွဲအနေနှင့် လူသန်းပေါင်း ၅၀ မှ သန်းပေါင်း ၁၀၀ အထိ သေဆုံးခဲ့ရသည့်အတွက် (ကမ္ဘာ့လူဦးရေ၏ ၃ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်း အတွင်း[၂]) လူတို့၏ သမိုင်းတလျှောက်တွင် သေကြေပျက်စီးမှု အများဆုံး ကပ်ဘေးတစ်ခု ဖြစ်စေခဲ့သည်။ ထိုရောဂါကြောင့် ၂၀ ရာစု အစောပိုင်းတွင် လူ့သက်တမ်းကို ဆိုးရွားစွာ လျော့ကျစေခဲ့သည်။ ထိုကမ္ဘာကပ်ဖြစ်ပွားချိန်တွင် သိသာသော ပြောင်းလဲမှု ဖြစ်ပွားပြီး အထူးသဖြင့် ၁၉၁၈ ခုနှစ်တွင် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာပင် လူ့သက်တမ်းသည် ၁၂ နှစ်မျှ လျော့ကျခဲ့သည်။[၃][၄][၅]

အထူးသဖြင့် တုပ်ကွေး ပျံ့နှံ့မှုများတွင် အသက်မပြည့်သေးသူများ နှင့် အသက်ကြီးသူများကို အများဆုံး သေကြေပျက်စီးစေသော်လည်း ၁၉၁၈ ခုနှစ် ကမ္ဘာကပ်တွင် အဓိကအားဖြင့် ငယ်ရွယ်ကျန်းမာသော လူကြီးများကို အဓိက သေကြေပျက်စီးစေခဲ့သည်။

၁၉၁၈ တုပ်ကွေး ကမ္ဘာကပ်တွင် သေကြေပျက်စီးမှုနှုန်း အလွန်များရခြင်းအတွက် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းချက် အချို့ ရှိသည်။ အချို့သော သုတေသနများမှ ဆွေးနွေးတင်ပြသည်မှာ ဗိုင်းရပ်စ်၏ သီးသန့်မျိုးကွဲတစ်ခုတွင် ပုံမှန်မဟုတ်သော အလွန်ပြင်းထန်သော သဘာဝ ရှိသည်ဟူ၍ ဖြစ်သည်။ သုတေသနပညာရှင် တစ်ခုသည် အေးခဲနေသော သေဆုံးခဲ့သူ တစ်ဦး၏ ရုပ်အလောင်းမှ မူလ ဗိုင်းရပ်စ်ကို ပြန်လည် ရရှိခဲ့ပြီး တိရစ္ဆာန်များ နှင့် စမ်းသပ်ကြည့်သော အခါတွင် အသက်ရှုလမ်းကြောင်း ပျက်ယွင်းမှုသည် အလွန်လျင်မြန်သော အဆင့်ဖြင့် ဖြစ်ပွားသည်ကို တွေ့ရပြီး ဆိုင်တိုကိုင်း စတောင်း ဟုခေါ်သော ခန္ဓာကိုယ်၏ ကိုယ်ခံအား စနစ်မှ လိုအပ်သည်ထက် ပိုမို တုံ့ပြန်မှုကြောင့် သေဆုံးရသည်ကို တွေ့ရသည်။ ထို့အတွက်ကြောင့် ငယ်ရွယ်ကျန်းမာသော လူကြီးများ၏ အားကောင်းသော ကိုယ်ခံအား စနစ်သည် ခန္ဓာကိုယ်ကို ပျက်စီးစေပြီး ကလေးငယ်များနှင့် လူလတ်ပိုင်း လူကြီးများ၏ ပို၍ အားနည်းသော ကိုယ်ခံအား စနစ်ကြောင့် ထိုအုပ်စုတွင် အသေအပျောက် နည်းရသည်ဟု ကောက်ချက်ဆွဲခဲ့ကြသည်။

လတ်တလော စုံစမ်းစစ်ဆေးမှုများတွင် ကမ္ဘာကပ်ဖြစ်ပွားချိန်မှ မူရင်း ကျန်းမာရေးဆိုင်ရာ အစီရင်ခံစာများကို အဓိကထား လေ့လာခဲ့ပြီး[၆][၇]ဗိုင်းရပ်စ် ကူးစက်မှုသည် ယခင် တုပ်ကွေးများထက် ပိုမို၍ မပြင်းထန်သော်လည်း အထူး အခြေအနေများ (အာဟာရ မပြည့်စုံခြင်း၊ ကျန်းမာရေး စခန်းများနှင့် ဆေးရုံများတွင် လူအလွန်အကျွံများ နေခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု ညံ့ဖျင်းခြင်း) စသည့် အချက်များကြောင့် ဘက်တီးရီးယား ကူးစက်မှုကို အားပေးခဲ့ပြီး ရောဂါကူးစက်ခံရသူ အများစုကို အိပ်ရာပေါ်တွင် အတော်ကြာလဲနေပြီးနောက် သေဆုံး စေခဲ့သည် ဟု တွေ့ရှိရသည်။[၈][၉]

သမိုင်းကြောင်း နှင့် ကူးစက်ရောဂါဗေဒဆိုင်ရာ အချက်အလက်များ မပြည့်စုံသည့် အတွက် ကမ္ဘာ့ကပ်၏ ရင်းမြစ်ကို ဖော်ထုတ်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် ၁၉၂၀ ငိုက်မျဉ်းဦးနှောက် ရောင်ရမ်းနာ ပျံ့နှံ့မှုနှင့်လည်း ရောထွေး သွားခဲ့သည်။

ပထမကမ္ဘာစစ် ကာလအတွင်း စိတ်ဓာတ်မပျက်ပြားစေရန် အတွက် ဂျာမနီနိုင်ငံယူနိုက်တက်ကင်းဒမ်းနိုင်ငံပြင်သစ်နိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စု တို့တွင် ဖျားနာမှု နှင့် သေဆုံးမှုတို့ အကြောင်း သတင်းများကို ဖြတ်တောက် ထားခဲ့သည်။[၁၀] သို့သော်လည်း စပိန်နိုင်ငံတွင် သတင်းစာများမှ ရောဂါကူးစက်မှုအကြောင်း လွတ်လပ်စွာ ဖော်ပြခွင့် ရှိသည်။ (ဥပမာ စပိန်ဘုရင် အယ်လ်ဖွန်ဆို ၁၃ အပြင်းအထန် ဖျားနာခြင်း အကြောင်း) ထို့ကြောင့် စပိန် တစ်ခုတည်းတွင် ရောဂါဆိုးရွားစွာ ဖြစ်ပွားသည်ဟု လွဲမှားစွာ ထင်မြင်ကြသဖြင့် ကမ္ဘာ့ကပ်ကို စပိန်တုပ်ကွေး ဟု အမည်ပြောင် အနေနှင့် ခေါ်ဝေါ်ခဲ့ကြသည်။ စပိန်တွင်မူ ပထမအကြိမ် ရောဂါပျံ့နှံ့စဉ်က စပိန်တွင် စတင်ကပြခဲ့သော ဂီတအော်ပရာဇာတ်ပွဲ မှ သီချင်းကို အစွဲပြု၍ နပါလီ စစ်သား ရောဂါဟု အမည်ပြောင် မှည့်ခဲ့ကြသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပျံ့နှံ့ပုံ[ပြင်ဆင်ရန်]

ရောဂါဖြစ်ပွားနေသူမှ နှာချေလိုက်သော အခါ သို့မဟုတ် ချောင်းဆိုးလိုက်သောအခါ သန်းတစ်ဝက်မျှ ရှိသော ဗိုင်းရပ်စ်အမှုန်အမွှားများသည် အနီးအနားရှိ လူများဆီသို့ ပျံ့နှံ့သွားခဲ့သည်။ [၁၁] ပထမကမ္ဘာစစ် အတွင်း နီးကပ်စွာ နေထိုင်ခြင်းနှင့် စစ်တပ်များ အစုလိုက်အပြုံလိုက် ရွှေ့လျား ကြခြင်းတို့ကြောင့် ရောဂါပျံ့နှံ့မှု များပြားစေခြင်း နှင့် ရောဂါပိုးမွှားကို ပိုမို အားကောင်းလာစေခြင်းတို့ကြောင့် ကမ္ဘာကပ်ကို ပိုမို မြန်ဆန်စေခဲ့သည်။ စစ်ကြောင့်လည်း ဗိုင်းရပ်စ်၏ သေကြေပျက်စီးနိုင်မှုကို ပိုမို ပြင်းထန်စေခဲ့သည်။ အချို့က ခန့်မှန်းပြောကြသည်မှာ စစ်သားများ၏ ကိုယ်ခံအား စနစ် သည် အာဟာရ မပြည့်ဝခြင်းကြောင့် အားနည်းစေခဲ့ပြီး တိုက်ပွဲကြောင့် ဖြစ်သော စိတ်ဖိအားများ နှင့် ဓာတုတိုက်ခိုက်မှုများကြောင့် ရောဂါကူးစက်နိုင်မှု ပိုများလာစေခဲ့သည်။

ကမ္ဘာတဝှမ်းလုံးသို့ ကူးစက်ခြင်းမှာ ခရီးသွားမှု ပိုများလာသောကြောင့် ဖြစ်သည်။ ခေတ်မီ သွားလာရေးစနစ်များကြောင့် စစ်သားများ၊ သင်္ဘောသားများ နှင့် အရပ်သား ခရီးသွားများ ခရီးသွားရာတွင် ပိုမို လွယ်ကူစေသည့် အတွက် ရောဂါပျံ့နှံ့မှု ပိုများလာစေခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. La Grippe Espagnole de 1918 (Powerpoint) (in fr)။ Institut Pasteur။ Archived from the original on 17 November 2015။
  2. Historical Estimates of World Population။ 29 March 2013 တွင် ပြန်စစ်ပြီး။
  3. The Nation's Health (in en-us)။ U.S. Department of Health & Human Services။ Archived from the original on 2016-10-26။
  4. Life Expectancy
  5. The Influenza Epidemic of 1918။ National Archives and Records Administration။
  6. MacCallum, W.G. (1919). "Pathology of the pneumonia following influenza". JAMA-Journal of the American Medical Association 72 (10): 720–723. doi:10.1001/jama.1919.02610100028012. 
  7. "An epidemic of pneumococcus broncho-pneumonia" (1919). Journal of Infectious Diseases 24 (6): 594–617. doi:10.1093/infdis/24.6.594. 
  8. "What Really Happened during the 1918 Influenza Pandemic? The Importance of Bacterial Secondary Infections" (2007). Journal of Infectious Diseases 196 (11): 1717–1718. doi:10.1086/522355. 
  9. "The 1918 influenza pandemic: insights for the 21st century" (2007). Journal of Infectious Diseases 195 (7): 1018–1028. doi:10.1086/511989. 
  10. Anderson၊ Susan (29 August 2006)။ Analysis of Spanish flu cases in 1918–1920 suggests transfusions might help in bird flu pandemicAmerican College of Physicians။ 2 October 2011 တွင် ပြန်စစ်ပြီး။
  11. (2007) Twelve diseases that changed our world. Washington, DC: ASM Press, 161. ISBN 978-1-55581-466-3.