၁၇၆၂ ရခိုင်ငလျင်

ဝီကီပီးဒီးယား မှ
၁၇၆၂ ရခိုင်ငလျင်
၁၇၆၂ ရခိုင်ငလျင် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် တည်ရှိသည်
၁၇၆၂ ရခိုင်ငလျင်
ဒေသ ရက်စွဲ2 April 1762 (1762-04-02)
ဒေသ အချိန်17:00
အတိုင်းအတာ≤8.8 Mw
ငလျင်ဗဟို22°00′N 92°00′E / 22.0°N 92.0°E / 22.0; 92.0ကိုဩဒိနိတ်: 22°00′N 92°00′E / 22.0°N 92.0°E / 22.0; 92.0
သက်ရောက်ဧရိယာBangladesh
အများဆုံးပြင်းအားXI (Extreme)
ဆူနာမီYes
ထိခိုက်သေကြေမှုများ200+

၁၇၆၂ ရခိုင်ငလျင် သည် ဧပြီလ ၂ ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၅ နာရီအချိန်တွင် ဖြစ်ပွားခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ ငလျင်ဗဟိုချက်သည် စစ်တကောင်း (ဘင်္ဂလားဒေ့ရှ်နိုင်ငံ) မှသည် ရခိုင်ပြည်နယ် (မြန်မာနိုင်ငံ) နေရာအချို့တွင် ဖြစ်ပွားခဲ့သည်။[၁] ငလျင်သည် ခန့်မှန်းခြေပမာဏ ၈.၈ ရှိခဲ့သည်။ အမြင့်ဆုံးပြင်းအားသည် ၁၁ ရှိခဲ့သည်။ ငလျင်ကြောင့် ဘင်္ဂလားပင်လယ်အော်တွင် ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့သည်။ သေဆုံးမှုသည် အနည်းဆုံး ၂၀၀ ရှိခဲ့သည်။[၂]

ငလျင်[ပြင်ဆင်ရန်]

ငလျင်သည် စစ်တကောင်းတွင် လေးမိနစ်ခန့်ကြာအောင် လှုပ်ခတ်ခဲ့သည်။ ငလျင်ဗဟိုချက်ကိုမူ သေချာစွာမသိရှိရေသေးပေ၊ ၎င်းသည် စစ်တကောင်းအနီးမှသည် ရခိုင်ကမ်းရိုးတန်းအထိ နေရာများ ပြောင်းလဲကာ တည်ရှိနိုင်သည်။[၃]

ဆူနာမီ[ပြင်ဆင်ရန်]

ဒါကာနှင့်ကာလကတ္တားမြို့ ဘင်္ဂလားပင်လယ်အောင် အရှေ့မြောက်ကမ်းခြေတွင် ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့သည်။[၄] ဤဆူနာမီသည် ပင်လယ်အော်၏ အနောက်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သက်ရောက်မှု မရှိခဲ့ပေ။[၅]

ပျက်စီးမှုများ[ပြင်ဆင်ရန်]

စစ်တကောင်းမြို့တွင် အုတ်ဖြင့်ဆောက်လုပ်ထားမှုမရှိသည့် အဆောက်အဦများနှင့် နံရံများသည် ပျက်စီးမှု မရှိခဲ့ပေ။ အရှေ့အိန္ဒိယကုမ္ပဏီ၏ စက်ရုံတစ်ခုသည် ဆိုးရွားစွာပျက်စီးခဲ့ရပြီး လုံခြုံစိတ်ချစွာအသုံးပြုနိုင်ခြင်း မရှိသည်အထိ ဖြစ်ခဲ့သည်။[၆] ဧရိယာ ၆၀ စတုရန်းမိုင် (၁၆၀ စတုရန်းကီလိုမီတာ) ရှိသည့် နေရာတစ်ခုသည် စစ်တကောင်းမြို့ကမ်းခြေအနီးတွင် ပင်လယ်အောက်ခြေသို့ လုံးဝရောက်ရှိ ပျက်စီးသွားခဲ့ရသည်။ ကော့ဘဇား၏ မြောက်ဘက် ဘားချရာတွင် ကုန်းမြေသည် နစ်မြုပ်သွားခဲ့ပြီး လူပေါင်း ၂၀၀ ဦးသည် သေဆုံးခဲ့ရသည်။[၇]

ကိုးကား[ပြင်ဆင်ရန်]

  1. "Microatolls document the 1762 and prior earthquakes along the southeast coast of Bangladesh" (October 2018). Tectonophysics 745: 196–213. doi:10.1016/j.tecto.2018.07.020. Bibcode2018Tectp.745..196M. 
  2. "Flooding concerns return to northeastern India"၊ Al Jazeera 
  3. Cummins, P.R. (2007). "The potential for giant tsunamigenic earthquakes in the northern Bay of Bengal". Nature 449 (7158): 75–78. doi:10.1038/nature06088. PMID 17805292. Bibcode2007Natur.449...75C. 
  4. NGDC။ Comments for the Tsunami Event။ 22 March 2012 တွင် ပြန်စစ်ပြီး။
  5. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Kundu
  6. Verelst (1764). "An Account of the Earthquakes that have been felt in the Province of Islamabad, with the Damages attending them, from the 2d to the 19th of April, 1762". Philosophical Transactions of the Royal Society 53: 265–269. doi:10.1098/rstl.1763.0043. 
  7. NGDC။ Comments for the significant earthquake။ 22 March 2012 တွင် ပြန်စစ်ပြီး။