ဩဗဒိအနာဂတ္တိကျမ်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

၁။ စံတော်မီဝိသေသလက္ခဏာ

“ဩဗဒိဗျာဒိတ်ရူပါရုံ” ကျမ်းသည် ဓမ္မဟောင်းကျမ်းတွင် အတိုဆုံးနှင့် ကျမ်းစာတအုပ်လုံးတွင် တတိယအတိုဆုံးဖြစ်သည်။ ဦးတည်ချက်မှာ ယာကုပ်၏ အမွှာအစ်ကို ဧသောအမျိုး ပျက်စီးမည့်အကြောင်းဖြစ်သည်။ သမိုင်းစဉ်ကာလတလျှောက်လုံး ဧဒုံလူမျိုးများသည် ဣသရေလလူမျိုးအားဆန့်ကျင် တိုက်ခိုက်ခဲ့သည်။ ရွေးကောက်တော်မူထားသော လူမျိုးတော်ကို အံတုပြိုင်ဆိုင်ခဲ့ကြသည်။

၂။ ကျမ်းရေးသူ

ဓမ္မဟောင်းကျမ်းတွင် ဩဗဒိ (ယေဟောဝါ၏အစေခံဟု အဓိပ္ပါယ်ရသည်) ဟူသောနာမည်တစ်ဒါဇင် ပါရှိသည်။ သို့သော် ဤကျမ်းရေးသားသော ပရောဖက်ဩဗဒိ မဟုတ်ကြပါ။ စင်စစ်ဖြင့် ကျမ်းစာစောင်တွင် ဖော်ပြသောအကြောင်းအရာမှလွဲ၍ ဩဗဒိအကြောင်းကို ဘာမျှပိုမသိရှိပါ။

၃။ အချိန်ကာလ

ကျမ်းရေးသားသူအကြောင်း ခြေခြေမြစ်မြစ်မသိရသဖြင့် ကျမ်းစာပါအကြောင်းအရာအားဖြင့်သာ ကျမ်းရေးသည့် ကာလခန့်မှန်းရသည်။

Frederick A. Tatford

ဂိုဏ်းဂနစွဲကင်းသော လစ်ဘရယ်များနှင့် ရှေးရိုးဝါဒီအများစုက ဘီစီ-၅၈၆ ခုယေရုရှလင်မြို့တော် ပျက်သုဉ်းပြီး နောက်ပိုင်းကာလဟု ယူဆသော်လည်း မြို့တော်နှင့် ဗိမာန်တော်ပျက်စီးခြင်းအကြောင်း မပြောထားသဖြင့် ၎င်းထက်ပိုမို ရှေ့ကျလိမ့်မည်ဟု ယူဆချက်က သာ၍ သင့်လျော်ပေမည်။

အစောပိုင်းခေတ်အဖြစ် ယဟောရံမင်း (ဘီစီ-၈၄၈-၈၄၁)လက်ထက်၊ သို့မဟုတ် အာခတ်မင်း(ဘီစီ-၇၃၁ -၇၁၅) လက်ထက်ဟု ယူဆရသည်။ ၆ရာ၊၂၈:၁၇၌ ပါရှ်သည့် ဧဒုံလူများ ယေရုရှလင်ကို တိုက်ခိုက်သိမ်းပိုက်ကာ သုံ့ကျွန်အဖြစ် အာခတ်မင်းလက်ထက်ကို ပယ်သည်။

အကယ်၍ ယဟောရံမင်း လက်ထက်ယူဆချက်မှန်ကန်လျှင် ဩဗဒိကျမ်းသည် ဧလိရှဲနှင့် ခေတ်ပြိုင်ဖြစ်၍ အစောဆုံးပရောဖက်ပြုချက် ဖြစ်လိမ့်မည်။  ‘ဩဗဒိဗျာဒိတ်ကျမ်း’တွင် ဘီစီ-၅၈၆ခု၌ ယေရုရှလင်မြို့တော် ပျက်သုဉ်းခြင်းအကြောင်း မပါရှိသည်သာမက အငယ်၁၂-၁၄ သည် ဧဒုံလူတို့အား အတိတ်သမိုင်းကအမှားမျိုး မပြုမိစေရန် သတိပြုခြင်းဖြစ်သည်။ ယေရုရှလင်မြို့သာ ပြာပုံဖြစ်နေလျှင် ဤကျမ်းပိုဒ်သည် အဓိပ္ပါယ်ကင်းမဲ့နေမည်။

သမ္မာကျမ်းစာကို ယုံကြည်သော ခရစ်ယာန်များသည် အထက်ဖော်ပြပါ အမြင်(၃)ရပ်၌ အာရုံထွေပြားမနေဘဲ၊ ဝိညာဉ်တော်ဖွင့်ပြမူကိုသာ ခံယူသင့်ပေသည်။ အသင့်လျော်ဆုံးအဖြေဖြစ် ဘီစီ-၈၄၀ ဝန်းကျင်ဟု မှတ်ယူနိုင်ပါသည်။

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

ဤပရောဖက်ပြုချက်မှာဣသရေလလူတို့အား ရန်လိုသော ဧသောမျိုးနွယ်ဆက် ဧဒုံလူမျိုးများသို့ ဦးတည်ရေးသားထားခြင်း ဖြစ်သည်။ သူတို့သည်ယေရုရှလင်မြို့တော်ပျက်စီးခြင်းကို လိုလားသူများ ဖြစ်ကြသည်။ တိုတောင်းသော ဤကျမ်းစာကို Matthew Henry က ခံစားချက်အပြည့်ဖြင့် ဤကဲ့သို့ စာပန်းချီခြယ်မှုန်းထားသည်။

ချစ်တော်မူသော ယာကုပ်၏မျိုးဆက် ဣသရေလလူမျိုးတို့သည် ကြီးမားသော စုံစမ်းမှုခံစား လိမ့်မည်မဟုတ်ဟု ထင်မှတ်ရသော်လည်း ထိုဖြစ်ရပ်ကို နဖူးတွေ့ဒူးတွေ့ ခံစားရလေပြီ။ ဣသရေလတို့ ထိုသို့ ဒုက္ခရောက်နေစဉ်တွင် ဧသော၏ အမုန်းမျုးစေ့ကိုဆက်ခံသည့် ဧဒုံလူမျိုးတို့က ချမ်းသာကြွယ်ဝမှု၌ ထောင်လွှားနေသည် သာမက မိမိညီတို့ ဒုက္ခကို ကျေနပ်ဝမ်းမြောက်နေကြသည်။ ထို့ကြောင့်ဘုရားသခင်က ဧဒုံပြည်သည် မိမိမာနထောင်လွှားခြင်း အကျိုးဆက်ကြောင့် အလုံးစုံပျက်စီးခြင်းနှင့် ကြုံရမည်ဟု ဗျာဒိတ်ပရောဖက်ပြုစေခြင်း ဖြစ်သည်။၂

အချို့ကျမ်းစာလေ့လာသူများက ဤအချက်၌ နေဗုခပ်နေဇာမင်း တိုက်ခိုက်မှုကြောင့် ပျက်စီးခြင်းကို ဆိုလိုကြောင့် သဘောမတူကြပါ။

ဓမ္မသစ်ကျမ်းတွင် ဧဒုံနယ်ကို  Idumea ဟုသိရှိကြသည်။ အာရပ်များက စီးပွားရေးအရ အပိုင်အုပ်စီးခဲ့သည်။ ရောမက တိုက်ခိုက်သိမ်းပိုက်သော အေဒီ-၇၀ နောက်ပိုင်း၌ ဧဒုံလူမျိုးသည် ကမ္ဘာ့သမိုင်း စာမျက်နှာပေါ်မှာ လုံ:ဝ ပျောက်ကွယ်သွားသည်။

ပါဝင်သောအချက်များ

၁။ ဧဒုံပြည်၏ မာနထောင်လွှားမှု (ငယ်၁-၄)

၂။ ဧဒုံပြည်ပျက်သုဉ်းခြင်း(ငယ်၅-၉)

(က) ကျူးကျော်သူများ အင်အားတောင်းတင်းပုံ (ငယ် ၅-၆)

(ခ) မဟာမိတ်များက သစ္စာဖောက်ခြင်း(ငယ် ၇)

(ဂ) ဧဒုံခေါင်းဆောင်များ ပျက်ဆီးခြင်း (ငယ်၈-၉)

၃။ ဧဒုံပြည်ပြိုလဲခြင်းအကြောင်း (ငယ် ၁၀- ၁၄)

၄။ ဧဒုံပြည် တရားစီရင်ခံရခြင်း (ငယ် ၁၅-၁၆)

၅။ ဣသရေလနှင့် ယုဒတို့ ပြန်လည်သင့်မြတ်ခြင်းနှင့် ဧဒုံပြည်ချုပ်ငြိမ်းခြင်း (ငယ် ၁၇-၂၁)

TAGS: ဩဗဒိအနာဂတ္တိကျမ်း