မာတိကာသို့ ခုန်သွားရန်

ဧသတာဝတ္ထု နိဒါန်း

ဝီကီပီးဒီးယား မှ

နိဒါန်း

“ဧသတာဝတ္ထုသည် သမ္မာကျမ်းစာ စာမျက်နှာများ၌ တွေ့ရခဲသော ယုဒသမိုင်းအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထိုခေတ်ကာလတွင် ယုဒလူများ၏ နေ့စဉ်အသက်တာ၌ ပုရနေ့(ပူရမ်ပွဲတော်) အဓိပ္ပာယ်ထင်ဟပ်ပုံကို သင်ခန်းစာပေးပါသည်။”

Carl Armerding

၁။ စံတော်မီ ဝိသေသနလက္ခဏာ

“အကယ်၍ ဆိုဗီယက်ရုရှားနိုင်ငံက ဆီးမိုက်မျိုးနွယ်စု ဆန့်ကျင်ရေးမူဝါဒ Anti-Semitic Policies အား အဆင့်တိုးမြှင့် လုပ်ဆောင်လာမည်ဆိုလျှင် အကျိုးဆက် မည်သို့ဖြစ်လာမည် ထင်ပါသနည်း” ဟု အနောက်နိုင်ငံသားတစ်ဦးက ဆိုဗီယက်နွယ်ဖွားယုဒလူမျိုးတစ်ဦးအား မေးခွန်းထုတ်ဘူးသည်။ “ယုဒလူမျိုးများအတွက် ပွဲတော်တစ်ရပ် တိုးလာကောင်း တိုးလာလိမ့်မည်”ဟု ထိုသူကဖြေကြားသည်။ အကျယ်ဖွဲ့ ရှင်းပြရန်ပြောသောအခါ ထိုယုဒလူက “ရှေးအီဂျစ်ဖာရောဘုရင်က ဟေဗြဲလူများကို ရှင်းလင်းဖယ်ရှားရန် ကြိုးစားခဲ့ဘူးသည်။ အကျိုးဆက်မှာ ပသခါပွဲတော် ပေါ်ပေါက်လာသကဲ့သို့ ဟာမန်ကယုဒလူများကို ရှင်းပစ်ဖို့ ကြိုးစားလာသောအခါ ပုရနေ့(ပူရစ်ပွဲတော်) ပေါ်ပေါက်လာသည်။ အန္တိဩခုဧပိဖနိ Antiochus Epiphanes ကလည်း ထိုနည်းအတိုင်း ယုဒတို့ကို သုတ်သင်ဖယ်ရှားဖို့ ကြိုးစားသည့်အခါ ဟာနုက္ကပွဲတော် Hanukkah  ပေါ်ပေါက်လာခဲ့သည်”ဟုရှင်းပြပါသည်။

ဧသတာဝတ္ထု၌ ပူရမ်ပွဲတော်၏မူလရင်းမြစ်ကို တွေ့ရှိရသည်။ ယနေ့ခေတ်ကာလတွင် ယုဒလူတို့၏ ဘာသာရေးရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပေသည်။ ထိုနေ့၌ အများပြည်သူရှေ့၌ ဧသတာ ကျမ်းဝတ္ထုကို ဖတ်ကြားစေလျက် ဟာမန်၏ အမည်နာမရောက်တိုင်း ဆူညံစွာ အော်ဟစ်ကြွေးကြော်ကြလေသည်။

ဧသတာဝတ္ထုတွင် ထူးခြားချက် အများအပြားရှိသည်။ ယေရုဗာဗေလက်ထက် (ဧဇ ၂) ပြည်တော်ပြန်ဝင်လာကြသော လူနည်းစုထဲမှ ဘာသာရေး ယုံကြည်မှု ခေါင်းပါးသော ယုဒလူတဝက်က ပါရှန်းပြည်၏ စည်းစိမ်ချမ်းသာ အလွဲသုံးစားပြုပုံ ဝတ္ထုဇာတ်လမ်းဖြသည်။ ဘာသာတရားအခြား အပြုအမှုများထက် အစာရှောင် ဥပုသ်စောင့်ခြင်း အကြောင်းကို ဦးစားပေးသင်ပေးပါသည်။

အခြားထူးခြားချက်တစ်ခုမှာ ဧသတာဝတ္ထုတွင် ထာဝရဘုရား၊ ဘုရားသခင်ဟူသော ဝေါဟာရသုံးစွဲခြင်းမရှိ။ သို့ကြောင့် အချို့က သမ္မာကျမ်းစာတွင် ပါဝင်သင့်သလားဟု မေးခွန်းထုတ်ကြသည်။ J.Sidlow Baxter ကဗြောင်မဖော်ပြသော်လည်း လျှို့ဝှက်ထားသော ရတနာအဖြစ် (၁:၂၀။ ၅:၄။ ၅:၁၃။ ၇:၇) တို့တွင် (၄)ကြိမ်သုံးထားသည်ဟု ထောက်ပြသည်။ ထိုကျမ်းပိုဒ်များသည် ဧသတာဝတ္ထုတွင် အရေးပါအရာရောက်သော အချက်အချာ နေရာများဖြစ်သည်။ “ငါဖြစ်သည့်အတိုင်းငါဖြစ်သည်”ဟု အဓိပ္ပာယ်သက်ရောက်သော “Ehyeh.” ဟူသော ဝေါဟာရကို ၇:၅တွင် စကားစုပုံစံဖြင့် တွေ့ရသည်။ Scroggie က “ခက်ခဲနက်နဲသော်လည်း အသေအချာ ကြည့်ရှုသူများက တွေ့မြင်နိုင်သည်”၄ ဟုထောက်ခံထားသည်။

ဟေဗြဲဘာသာစကားကို မသိနားမလည်သူများအတွက် ဥပမာ ဥပမေယဖြင့် ရှင်းပြရန်လိုသည်။ Arthur T.Pierson က အင်္ဂလိပ်ဘာသာစကားဖြင့် YHWH LORD ဟူ၍ စကားလုံးနှစ်လုံးကို တလုံးတည်းအဖြစ်သို့ ပေါင်းစပ်အသုံးပြုသည်။ မူရင်းဝေါဟာရတွင် စကားလုံး၏အစဗျည်းများကို ယူ၍ နောက်တခုတွင်မူ နောက်ဆုံးဗျည်းများကို ကောက်ယူထားသည်။ ဘုရားသခင် “L-O-R-D” စကားလုံးမြှုပ်နှံထားပုံကို ဟေဗြဲသဒ္ဒါတွင် အခြေခံ၍ Pierson က ဤသို့ ဖော်ထုတ်ရှင်းပြသည်။

Due Respect Our Ladies,all

Shall give their husbands,great and small ( ၁:၂၀)

IIL tO feaR decreeD I find.

Toward me in the monarch’s mind(၇:၇)၅။

ဧသတာဝတ္ထုတွင် ဘုရားသခင်၏ နာမည်စကားလုံး အထင်အရှားမတွေ့ရှိရသော်လည်း လူမျိုးတော်အား အား ရွေ:နှုတ်ကယ်တင်ခြင်းဖြင့် လူမျိုးတော်နှင့်အတူ ဘုရားသခင်ပါရှိကြောင်း ပေါ်လွင်ထင်ရှားသည်။ ဘေးဒုက္ခ အသက်ကံကြမ္မာ ငင်နေသည့်အချိန်တွင် ကယ်နှုတ်လုံခြုံမှုပေးပါသည်။ နေရင်းဇာတိဠာနေ၌ မရှိကြဘဲ၊ ဗာဗုလုန်ပြည်တွင် ရှိနေကြသော်လည်း ဘုရားသခင်သည် သူ၏လူများအား ပစ်ပယ်မထား။ မည်သည့်နေရာ၊ မည်သည့်ဘဝရောက်ကြစေကာမူ၊ သားသမီးများသည် မိဘများ၏ သားသမီးဖြစ်သည်။

ဘုရားသခင်၏ လူများသည် မည်မျှဆိုးသွမ်း အကျင့်ဖောက်ပြန်ကြသော်လည်း ဘုရားသခင်က သားသမီးအဖြစ်မှ မစွန့်လွှတ်။ ဘုရားသခင်၏ လူဖြစ်မြဲ။ စာတန်က ဖျားယောင်းသွေးဆောင်၍ လူမျိုးဇာတိပျောက်အောင် သွေးနှောအိမ်ထောင်ပြုစေသော်လည်း ဘုရားသခင်က ကွယ်ကာစောင့်ထိန်းမြဲ။ သမိုင်းစာမျက်နှာ၌ ဘုရားသခင်၏နာမတော် တလုံးတပါဒမှ မပါရှိသော်လည်း ဣသရေလလူတို့၏ သမိုင်းတခေတ်မှ မကြွင်းကျန်ရလေအောင် ဘုရားသခင်က ပါဝင်ရေးသားပေးပါသည်။

ကြီးမားသောဝဋ်လည်မှု

သမိုင်းစာမျက်နှာ ကမ္ဗည်းထင်ခဲ့။

တယောက်သောသူ၊ အဝိဇ္ဇာမှောင်မိုက်

ကောင်းကင်တရားနှုတ်ကပတ်တော် မထီမဲ့မြင်ပြုလည်း

သမ္မာတရားသည် အောင်ပွဲခံဆဲ

အမှားဟူသည် ဆူးကြားထဲနေစမြဲ။

မှောင်မိုက်တရားက ရှေ့မဖြစ်အောင်

တိမ်ရိပ်ဖုံးသော်လည်း သမ္မာနောက်ကွယ်တွင်

တစုံတရာရှိနေ။

ဘုရားသခင်နှင့် အတူရှိနေစေ၊

တိမ်ဝဠာအထက်မှ ကွယ်ကာစောင်မနေ။

ဧသတာဝတ္ထုကို ဓမ္မသစ်ကျမ်းက ကိုးကားခြင်း မရှိပါ။ ပင်လယ်သေစာလိပ်များ Dead Sea Scrolls မှ ပြန်လည်ရှာဖွေတွေ့ရှိသော စာလိပ်များတွင်လည်း ဧသတာဝတ္ထုမပါဝင်ပါ။ ထို့ကြောင့် အချို့ကျမ်းစာ ပညာရှင်များက သမ္မာကျမ်းစာ၏ စံတော်မီအဆင့်အပေါ် မေးခွန်းထုတ်ကြသည်။ မည်သို့ဆိုစေ ဝိညာဉ်ရေးရာ သင်ခန်းစာကောင်းတခု ဖြစ်သည်။ လူအများနာခံမှု မရှိသည့်အချိန်တွင် ယုံကြည်ခြင်း သစ္စာရှိသူများ၏ အံ့ဩဖွယ်ရာ ဘဝသင်ခန်းစာဖြစ်သည်။

၂။ ကျမ်းရေးသူ

ပါရှန်းရိုးရာယဉ်ကျေးမှုနှင့် နန်းတွင်းအကြောင်း အသေးစိတ် နှံ့စပ်သိမြင်သူဖြစ်ကြောင်း သေချာသည်။ (ဧသတာဝတ္ထုပါ အကြောင်းအချက်များကို ရှေးဟောင်းသုတေသီများက အသိအမှတ်ပြု ထောက်ခံကြပြီးဖြစ်သည်)။ ပြည်ပရောက် ဟေဗြဲလူတစ်ဦး၏ ကိုယ်တွေ့မျက်မြင်ပုံစံဖြစ်သည်။ သို့ကြောင့် အချို့က ဧဇရ (သို့) နေဟမိဖြစ်သည်ဟုဆိုကြသည်။ ယုဒသမိုင်းတွင်မူ မော်ဒကဲဟုဆိုစမှတ်ပြုကြသည်။ BBC ဝိုင်းတော်သားများက မည်သည့်လူသား လက်ချက်ဖြစ်သည်ဟု ဆုံးဖြတ်မပေးလိုသော်လည်း မူရင်းစာရေးဆရာသည် ဘုရားသခင်ဖြစ်သည်ဟု ဆိုချင်ပါသည်။ သို့ကြောင့် “ဘုရားသခင် မယုံကြည်သူများက ရေးသားနိုင်သကဲ့သို့ မယုံကြည်သူအတွက်လည်း ဖတ်ချင်စဖွယ် ဖြစ်သည်။ ကြည့်တတ်လျှင် ဘာဝနာ၊ မကြည့်တတ်လျှင် တဏှာဖြစ်သည်” ဟုဆိုချင်ပါသည်။

၃။ အချိန်ကာလ

၁၀:၃တွင် အာရွှေရုဘုရင် ကွယ်လွန်ပြီးနောက်ပိုင်းဟုဆိုထားသည်။ အာရွှေရုသည် ဘီစီ ၄၆၅ ခုနှစ်တွင် ကွယ်လွန်သောကြောင့် ထိုနောက်ပိုင်းတွင် ရေးသားသည်။ ပါရှန်းရိုးရာ ယဉ်ကျေးမှု အသေးစိတ်ပါရှိခြင်း။ မှတ်တမ်းမှတ်ရာနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ ကိုယ်တွေ့အဖြစ်အပျက် ရေးသားခြင်းများကြောင့် အာရွှေရုမင်းလက်ထက် (ဘီစီ ၁၄၆၄-၄၂၄) ဖြစ်တန်ရာသည်။ ဘီစီ ၂၃ ရာစုနောက်ပိုင်းတွင် ဖြစ်လိမ့်မည်ဟု တွက်ဆသည်။

၄။ နောက်ခံ သမိုင်းနှင့် ရည်ရွယ်ချက်

ဧသတာဝတ္ထု ဇာတ်လမ်းသည် ဧဇရမှတ်စာ အခန်း ၆နှင့်၇ အကြားကြားကာလ ပါရှန်းဘုရင် အာရွှေရုမင်းလက်ထက်ဖြစ်သည်။ ယေရုဗာဗေလ လက်ထက်တွင် လူတချို့ ယေရုရှလင်သို့ ပြည်တော်ပြန်ဝင်ကြ (ဧဇရ ၂) ပြီးနောက်၊ ယေရုရှလင်သို့ မပြန်တော့်ဘဲ ရွက်ကျပင်ပေါက်ကဲ့သို့ ဗာဗုလုန်တွင် အခြေစိုက်ချင်ကြသော ယုဒလူလက်ကျန်တို့၏ ဇာတ်လမ်းတပိုင်းတစ ဖြစ်သည်။ မိဘမဲ့မိန်းကလေး ဧသတာမိဖုရားဖြစ်လာပုံ ဇာတ်လမ်းဖြစ်သည်။ ဧသတာ (ပါရှန်း ကြယ်စင်)သည် မိန်းမနတ်ဘုရား Ishtar ကို စွဲယူခြင်းဖြစ်ကောင်း ဖြစ်နိုင်သည်။ Hadassah ဟူသောသူမ၏ ဟေဗြဲ အမည်အဓိပ္ပာယ်မှာ “Myrtle” ပန်း(တနည်း) မွှေးနံ့သာ ပန်းမာလာဖြစ်သည်။

အာရွှေရု ပါရှန်းဘုရင်သည် Shushan (Susa NKJV Marg) တွင်နန်းထိုင်သည်။ ပါရှန်းပြည်၏ အခြားမြို့ကြီးများမှာ Achmetha (Ecbatana,NASB) နှင့် ဗာဗုလုန်ဖြစ်သည်။ Shushan သည် ဟေဗြဲဘာသာစကားဖြစ်၍ “Lily”၆ ဟုအဓိပ္ပာယ်ရသည်။ ဒံ ၈ တွင်လည်း တွေ့နိုင်သည်။ နေဟမိသည် ဧသတာနောက်ပိုင်းမှ ပေါ်ထွန်းလာခြင်းဖြစ်သည် (နေ ၁)။ (အာရွှေရုသည် ဘီစီ၄၈၆တွင် နန်းတက်၍ (၃)နှစ် အကြာ၌ ဧသတာဝတ္ထုအစပြုသည် (၁:၃)။

ပါဝင်သောအချက်များ

၁။ မိဖုရားဝါရှတိမောင်းထုတ်ခြင်း (အခန်း ၁)

၂။ ဧသတာအားမိဖုရား မြှောက်စားခြင်း (အခန်း ၂)

၃။ ယုဒလူများ သတ်ဖြတ် ညှဉ်းဆဲခြင်း စီမံကိန်း (အခန်း ၃၊၄)

(က) ဟာမှန်ရှင်ဘုရင်အား လျှောက်လဲခြင်း (အခန်း ၃)

(ခ) မော်ဒကဲက မိဖုရားကြီးအားတွေ့ဆုံခြင်း (အခန်း ၄)

၄။ ယုဒလူများသတ်ဖြတ် ညှဉ်းဆဲခြင်းမှ အသက်ရှူချောင်ခြင်း (အခန်း ၅−၉)

(က) ဧတသာ၏ အသနားခံခြင်း နှင့် ဟာမန်၏ ဒေါသ (အခန်း ၅)

(ခ) ဟာမန်အရှက်ကွဲခြင်းနှင့် မောဒကဲ၏ ဂုဏ်ကျက်သရေ (အခန်း ၆)

(ဂ) ဧသတာ၏ စွပ်စွဲချက်နှင့် ဟာမန်၏ အသက်ဘေးကံကြမ္မာ (အခန်း ၇)

(ဃ) မော်ဒကဲရာထူးတိုးခြင်းနှင့် ယုဒလူများ ကွယ်ကာရာရကြခြင်း (အခန်း ၈)

(င) ရန်သူများပျက်စီးကြခြင်းနှင့် ပူရမ်ပွဲတော် (အခန်း ၉)

၅။ မောဒကဲ၏ ပီတိ

TAGS: ဧသတာဝတ္ထု