ဧရာမ ဟတ်ဒရွန် တိုက်စက်

ဧရာမ ဟတ်ဒရွန် တိုက်စက် (Large Hadron Collider) ဆိုသည်မှာ ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် စွမ်းအင် အများဆုံးဖြစ်ပြီး အမှုန်အမွှားများကို အရှိန်မြှင့် စမ်းသပ်ရန် တည်ဆောက်ထားသော အမှုန်အရှိန်မြှင့်စက် ဖြစ်သည်။[၁] ၁၉၉၈ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်း ဥရောပ နျူးကလီးယားဆိုင်ရာ သုတေသန အဖွဲ့ (CERN) မှ တည်ဆောက်ခဲ့သည်။ အမှုန်အမွှားများ ဆိုင်ရာ ရူပဗေဒနှင့် စွမ်းအင်မြင့် ရူပဗေဒ တို့နှင့် သက်ဆိုင်သော အမျိုးမျိုးသော သီအိုရီများအား ရူပဗေဒ ပညာရှင်တို့ စမ်းသပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သည်။ အထူးသဖြင့် သီအိုရီ အရရှိပြီး သက်သေမပြနိုင်သော ဟစ်ဂ် ဘော်ဆွန် ကို ရှိမရှိ စမ်းသပ်နိုင်ရန်နှင့် စူပါဆမ်မစ်ထရီ သီအိုရီဖြင့် ခန့်မှန်းထားသော အမှုန်အမွှားများ ရှိမရှိ စမ်းသပ်နိုင်ရန် ဖြစ်သည်။ ဧရာမ ဟတ်ဒရွန် တိုက်စက်ကို အသုံးပြု၍ ရူပဗေဒနှင့် သက်ဆိုင်သော အခြေခံ အကျဆုံး မေးခွန်းများ၏ အဖြေကို ရှာဖွေနိုင်မည် ဖြစ်ပြီး သဘာဝ၏ နိယာမများနှင့် စပ်လျဉ်း၍ ပိုမို နက်ရှိုင်းစွာ နားလည်နိုင်မည် ဖြစ်သည်။ ထိုစက်အတွင်း ရှာဖွေရေး ကိရိယာ ၆ ခု ပါဝင်ပြီး တစ်ခုချင်းစီသည် ရှာဖွေစူးစမ်းမှု တစ်ခုချင်းစီကို ပြုနိုင်မည် ဖြစ်သည်။
ဧရာမ ဟတ်ဒရွန်တိုက်စက်သည် အဝန်း ၁၇မိုင် ရှိသော လှိုဏ်ခေါင်းအတွင်း တည်ရှိပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ အနီး ပြင်သစ်-ဆွစ်ဇာလန် နယ်စယ်အနီးတွင် မြေကြီးအောက် ၅၇၄ ပေ ( ၁၇၅ မီတာ) အနက် အထိ ရှိသည်။ နိုင်ငံပေါင်း ၁၀၀ ကျော်မှ သိပ္ပံပညာရှင် နှင့် အင်ဂျင်နီယာပေါင်း ၁ သောင်းကျော် ပါဝင်တည်ဆောက် ထားကြပြီး တက္ကသိုလ် နှင့် ဓာတ်ခွဲခန်း ရာပေါင်းများစွာလည်း ပါဝင် ပံ့ပိုးထား ကြသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ The Large Hadron Collider။ cern.ch။ 18 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 January 2016 တွင် ပြန်စစ်ပြီး။
- ↑ Highfield၊ Roger။ "Large Hadron Collider: Thirteen ways to change the world"၊ The Daily Telegraph၊ 16 September 2008။ 2008-10-10 တွင် ပြန်စစ်ပြီး။ Archived from the original on 24 September 2009။
| ဤ ရူပဗေဒနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |