ဧပင့်

ဝီကီပီးဒီးယား မှ

ဧပင့် (ကိုရီးယား에이핑크) သည် တောင်ကိုရီးယား အမျိုးသမီးတေးဆိုအဖွဲ့ဖြစ်ပြီး ပလေးမံဖျော်ဖြေရေး (ယခင်အမည် ဧကြုဖျော်ဖြေရေး၊ ၎င်းယခင်အမည် ပလန္နေဖျော်ဖြေရေး) မှ စင်တင်သည်။ ၂၀၁၁ ခု၊ ဧပြီလ ၁၉ ရက်တွင် အခွေတို ဧပင့်ရဲ့စပရိန် ၇ ခု ကို ဖြန့်ကာ ပွဲထွက်လာသည်။ အဖွဲ့ဝင် ၇ ယောက်ရှိသော်လည်း ၂၀၁၃ ခုတွင် ဟွန်းယူဂျောင်းက ကျောင်းဆက်တက်သဖြင့် အဖွဲ့မှထွက်သွားရာ ပတ်ချိုရောင်း၊ ယွန်းဘိုမိ၊ ဂျန်အွန်းဂျီ၊ ဆွန်းနာအွန်း၊ ကင်နမ်ဂျူးနှင့် အိုဟာရန်းတို့သာ ကျန်သည်။ ၂၀၂၁ ခု၊ ဧပြီလ ၂၉ ရက်တွင် ဆွန်းနာအွန်းသည် စာချုပ်ပြည့်သော်လည်း အေဂျင်စီနှင့် စာချုပ်ဆက်မချုပ်ကြောင်း ပလေးမံဖျော်ဖြေရေးမှ ကြေညာသည်။ သို့သော် အဖွဲ့ဝင်အဖြစ်မူ ဆက်ရှိနေဦးမည် ဖြစ်၏။

စတင်ပွဲထွက်ချိန်မှသည် ရွှေဓာတ်ပြားဆု၊ ဆိုးသီချင်းဆု၊ အမ္မနတ်အေးသျှန်းသီချင်းဆု စသော ဆုအမျိုးမျိုးကို ရဖူးသည်။ စတူဒီယိုခွေ ၃ ခွေ၊ အခွေတို ၉ ခွေ ထွက်သည်။ စတူဒီယိုခွေတို့ကို ဂျပန်ဘာသာဖြင့်ဆို၍လည်း ရောင်းလေ၏။