ဧကသညက၊ နာဂသမာလဝဂ်

ဝီကီပီးဒီးယား မှ

အရှင်ဧကသညကထေရ်သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ထိုမြတ်စွဘုရား၏ လက်ယာရံအဂ္ဂသာဝကဖြစ်သည့် “ခဏ္ဍ”ကို အရှင်ဧကသညကထေရ်သည် တစ်ထပ်စာဆွမ်း လှူခဲ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာလေးဆယ်ထက်တွင် “ဝရုဏ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။ ထိုကဲ့သို့ ဆွမ်းလှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဧကသညကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ နာဂသမာလဝဂ်