ဧကဗျည်း ဝါကျ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မြန်မာစာတွင် ဗျည်းတစ်ခုတည်းကိုသာ သုံး၍ ဝါကျ တည်ဆောက်နိုင်ပြီး အရှည်ဆုံး ဝါကျများကို ကြံဆလေ့ရှိသည်။ အများသိ ၎င်း ဧကဗျည်း ဝါကျများမှာ -

  • တ ၆၅ လုံး။ ။ တော်တော်တော်တဲ့ တို့တတွေ တောတွေတတိတိတိုး တောင်တွေတတိတိတက်တော့ တစ်တောာင်တိတိတိုင်းတ ာတူးတဲ့တွင်းတွေ၊ တီတီတာတာ တမ်းတမ်းတတ တွန်တတ်တဲ့ တစ်တီတူးတွေ၊ တွန့်တွန့်တက်တတ်တဲ့တီ တုတ်တုတ်တွေ၊ တောက်တဲ့တွေ၊ တက်တူတွေ၊ တော်တော်တွေ့တယ်။
  • မ ၃၁ ။ ။ မမျော်မမြင်မိုက်မိုက်မဲမဲမိန်းမမိုးမိမှာမို့ မောင်းမဲမိမှာမို့ မောင်မြန်မြန်မုန်းမေ့မယ် မြဲမြဲမြံမြံမှတ်မေ။
  • သ ၁၃ လုံး။ ။ သေသောသူသည် သုတ်သန်သို့ သက်သက်သာသာ သွားသည်။
  • က ၁၃ လုံး။ ။ ကန်ကြီးကျောင်းကကောင်ကြီးက ကြီးကြီးကျယ်ကျယ်ကြီးကွ။
  • က ၁၀ လုံး။ ။ ကုက္ကိုကိုင်းကြီး ကွေးကွေးကောက်ကောက်ကြီး ကွ။