ဝီကီပီးဒီးယား မှ

သည် မြန်မာသင်ပုန်းကြီးဝင် အက္ခရာ တစ်လုံး ဖြစ်သည်။ အသံထွက် အေဟု ရှည်ရှည်ဆွဲ ဖတ်ရသည်။ အေးဟု မဖတ်ရချေ။ အေးဟု ဖတ်လို ရေးလို သောအခါ၊ ဝစ္စနှစ်လုံးပေါက် ထည့်ကာ၊ ဧးဟု ရေးရသည်။ ဧဝံ မေ သုတံ ဧကံ သမယံကို ဖတ်ရာ၌ အေးဝံ မေ သုတံ အေးကံ သမယံဟု ဖတ်သူများ ရှိရာ၊ အေဝံ မေ သုတံ အေကံ သမယံဟု ဖတ်မှသာ အမှန် ဖြစ်လေသည်။ ရှေးအခါက အေးမြသည်ကို ဧမြသည်ဟု ရေးလေ့ရှိခဲ့ပြီး၊ ယခုအခါ ဤကဲ့သို့ အသုံးမပြုတော့ချေ။