ဦးသာစိန်ပန်း၊ ဒန်းလှကိုရှာ၊ မိတ်ဖက်သာ

ဝီကီပီးဒီးယား မှ

ဦးသာစိန်ပန်း၊ ဒန်းလှကိုရှာ၊ မိတ်ဖက်သာ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

တနင်္ဂနွေ နှင့် သောကြာ၊ အင်္ဂါ နှင့် ကြာသပတေး၊ စနေ နှင့် ဗုဒ္ဓဟူး၊ တနင်္လာ နှင့် ရာဟု သားသမီးတို့သည် အိမ်ထောင်ဖက်အဖြစ် ပေါင်းသင်းရန် သင့်သော နေ့နံများ ဖြစ်ကြသည်။ ( ဦး = တနင်္ဂနွေ၊ သာ = သောကြာ၊ စိန် = အင်္ဂါ၊ ပန်း= ကြာသပတေး၊ ဒန်း = စနေ၊ လှ = ဗုဒ္ဓဟူး၊ ကို = တနင်္လာ၊ ရှာ = ရာဟု။ )[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။