ဦးဘိုးသီးပိဋကတ်တိုက်

ဝီကီပီးဒီးယား မှ

ဦးဘိုးသီးပိဋကတ်တိုက် သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ သထုံမြို့ တွင်ရှိ၍ အငြိမ်းစားဝန်ထောက် ဦးဘိုးသီးဆိုသူက ၎င်းထံတွင် စုဆောင်းထားရှိသော ပေ၊ ပရပိုဒ်၊ ပိဋကတ်တော်များဖြင့် သာဓုဇနပါသာဓိက မဟာဓမ္မစေတီတော်တိုက် အမည်ဖြင့် တည်ဆောက်ခဲ့သည်။ သုဝဏ္ဏဘူမိ ပရိယတ္တိသာသနာဟိတအသင်းကြီး၏ စာမေးပွဲများသို့ ဝင်ရောက်ဖြေဆိုကြသော ရဟန်းသံဃာမျအတွက် အဆင်ပြေစေရန် ရည်ရွယ်၍ တည်ဆောက်ခဲ့သည်။ [၁]


တည်နေရာ[ပြင်ဆင်ရန်]

သာဓုဇနပါသာဒိကဓမ္မစေတီတော်တိုက် (သို့မဟုတ်) ဦးဘိုးသီးပိဋကတ်တိုက်သည် သထုံမြို့ မြသပိတ်တောင်ခြေရှိ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်ကြီးအတွင်း၌တည်ရှိသည်။[၂]

ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း[ပြင်ဆင်ရန်]

သာသနာတော်အတွက်အရေးကြီးလှသည့် ပိဋကတ်စာပေများကို အရှည်ထိန်းသိမ်းရန်၊ ဖတ်ရှုလေ့လာနိုင်ရန်ပိဋကတ်တိုက်(စာကြည့် တိုက်)များကိုဆောက်လုပ်ခဲ့ကြသည်။ ပိဋကတ်တိုက်(ပုဂံ)ပိဋကတ်တိုက် (မန္တလေး) စသည်ဖြင့်ရှိကြရာမွန်ပြည်နယ်၊ သထုံမြို့၊ မြသ ပိတ်တောင်ခြေရှိဦးဘိုးသီးပိဋကတ်တိုက်သည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။

သထုံရှိအငြိမ်းစားနယ်ပိုင်ဝန်ထောက်မင်းဦးဘိုးသီးနှင့်မင်းကတော်ခင်ခင်ကြီးတို့သည် ဘုရားတည်ကျောင်းဆောက်ကုသိုလ်တို့ဖြင့် အားမရနိုင်ဘဲဓမ္မဒါနကုသိုလ်အတွက် ပိဋကတ်တိုက်ကြီးဆောက်လုပ်လှူဒါန်းရန်အာသီသဖြစ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၈၈ခန့် က ငွေတစ်သိန်းအကုန်အကျခံပြီး ဦးလူဖေဝင်း နှင့်တိုင်ပင်ကာရှားပါးစာအုပ်များကိုလမ်းဘေးအဟောင်းဆိုင်များ၊ ရွှေတိဂုံဘုရားဈေး၊ မန္တလေးဈေးချိုတိုက်တန်းများတွင် ဝယ်ယူစုဆောင်းခဲ့သည်။ပိဋကတ်သုံးပုံ အတွက် ပိဋကတ္တသဝီဒူအဂ္ဂမဟာပဏ္ဍိတ်ပုဂ္ဂိုလ်ကျော်တို့အား လွှဲအပ်ကာပေးစာရေးသူများစွ ဖြင့် ဆယ်နှစ်ကျော်ခန့်ပေထက်အက္ခရာတင်ခဲ့သည်။ သီဟိုဠ်ကျွန်းရှိရှားပါးစာပေများကိုလည်း မရရအောင်ကူးယူခဲ့လေသည်။ တစ်ဆင့်ကူးယူလိုသောရဟန်းရှင်လူသုတေသီများ အခက်အခဲမရှိစေရန်ရည်ရွယ်ရင်းဖြစ်သည်။[၂]

ဓမ္မစေတီတော်တည်ဆောက်ထားပုံ[ပြင်ဆင်ရန်]

ပိဋကတ်တိုက်တွင်ဘုံသုံးဆင့်ပါဝင်ပြီး ပထမဆင့်တွင်စာပြန်ပွဲ၊ ကထိန်ပွဲများအတွက်သံဃာတော်များအစည်းအဝေးပြုလုပ်နိုင်ရန်ပိဋကတ်ကျမ်းများကို ညဉ့်အိပ်ညဉ့်နေ ကြည့်ရှုနိုင်ရန် စီစဉ်ထား၏။ ဒုတိယဆင့်တွင် အတွင်းခန်း၊ အပြင်ခန်းဟူ၍ နှစ်ခန်းရှိသည်။ အတွင်းခန်းတွင်ရွှေဖြင့်မွမ်းမံထားသော ဗီရို(၈)လုံးရှိပြီး ဗီရိုတစ်လုံးတွင်ပေစာ(၇၅)ထုပ်ရှိသည်။ ပိဋကတ်ပေစာထုတ်များကိုကတ်တလောက်သဘောဖြင့်လွယ်ကူစွာရှာဖွေနိုင်ရန် လယ်တီဦးလှတင်ကပိဋကတ်သုံးပုံစာတမ်းဟူသောစာအုပ်ကို ၁၉၄၀ ခုနှစ်တွင်ရေးသားခဲ့သည်။ ထိုစာအုပ်အကူအညီဖြင့် မိမိအလိုရှိရာကိုအလွယ်တကူရှာဖွေနိုင်သည်။ အပြင်ခန်းတွင်လွတ်လပ်စွာသွားနိုင်သော စင်္ကြံလမ်းနှင့်ထောင့်လေးထောင့်တွင် အခန်းလေးခန်းရှိသည်။ တတိယဆင့်တွင်ဓာတ်တော်များဌာပနာထားသောစေတီတော်လေးဆူကိုတည်ထား ပါသည်။[၂]

စာအုပ်စာပေများနှင့်ပေစာများ[ပြင်ဆင်ရန်]

စာကြည့်တိုက်တွင်ရှားပါးစာအုပ်များ(၁၅၀၀) နီးပါးနှင့်ပေစာထုပ်ပေါင်း(၁၃၄၅)ထုပ်ရှိသည်။ ထို့ပြင်ရှေးမြန်မာမင်းတို့၏ မင်းမြောက်တန်ဆာအဆောင်အယောင်များနှင့် စကြဝဠာနက္ခတ်တာရာများဆေးရောင်စုံရေးဆွဲထားသည့် ပိုးပုရပိုက်ဖြူများကိုညရွှေချထားသည့်ဗီရိုများတွင်သိမ်းဆည်းထားသည်။ ကောဇာ ၁၂၉၉ခု နှစ်တွင်သာဓုဇနပါသာဒိကဓမ္မစေတီတော် (ဦးဘိုးသီးပိဋကတ်တိုက်) ကိုရေစက်သွန်းချလှူဒါန်းခဲ့သည်။[၂]

ဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ်မှစတင်ကာပိဋကတ်တိုက်အတွင်းရှိ ရှေးဟောင်းစာပေများကိုသန့်ရှင်းရေးပြုလုပ်ခြင်း၊ ဓာတ်ပုံရိုက်မှတ်တမ်းတင်ကာ soft copy ပြုလုပ်သိမ်းဆည်းခြင်းတို့ကိုဆောင်ရွက်နေပြီးအင်တာနက်ဝက်ဘ်ဆိုက်ဒ်တစ်ခုအနေဖြလွှင့်တင်နိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "သထုံမြို့ ဦးဘိုးသီးပိဋကတ်တိုက်မှပေစာများကို ဒစ်ဂျစ်တယ်စနစ်ဖြင့်ထိမ်းသိမ်း။"၊ မြန်မာ့အလင်းသတင်းစာ၊ ၄ ဒီဇင်ဘာ ၂၀၁၅၊ စာ- ၁၅။ 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ပခုက္ကူဦးအုံးဖေစာပေဆုရမြန်မာနိုင်ငံပိဋကတ်တိုက်စာကြည့်တိုက်များစာအုပ်၊ ဇော်အောင်ထွတ်(စာကြည့်တိုက်ပညာ)