ဦးထုပ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
Chapeaux en peau de castor.jpg

ဦးထုပ်သည် ဦးခေါင်း၏ အကာအကွယ်အတွွွက် ဖြစ်စေ၊ အလှအပအတွက်ဖြစ်စေ ဦးခေါင်းတွင် ဆင်မြန်းသော တန်ဆာဖြစ်သည်။ ဦးထုပ် မည်သို့စတင်၍ဖြစ်ပေါ်လာသည် ဆိုသည်ကို မပြောနိုင်ချေ။ သို့သော် ရှေးကမ္ဘာဦးလူများသည် မြက်၊ သို့မဟုတ် တိရစ္ဆာန် သားရေများဖြင့် ပြုလုပ်ထားသော ဦးထုပ်များကို အသုံးပြုခဲ့ကြလေသည်။ အေးမြသော ကမ္ဘာ့ မြောက်ပိုင်းနေ လူများသည် သားရေဖြင့်ပြုလုပ်သော ဦးထုပ် များကို အသုံးပြုခဲ့ကောင်း ပြုခဲ့ကြပေမည်။ အီဂျစ်နိုင်ငံကဲ့သို့ ကမ္ဘာ့တောင်ပိုင်းနေ ရှေးအီဂျစ် လူမျိုးတို့သည် မြက်ဦးထုပ်များ ကို အသုံးပြုခဲ့ကြသည်။ အဂ‡လန်ပြည်သို့ ၁၂ ရာစုအတွင်းခန့် က ဦးထုပ်များ စတင်ရောက်ရှိလာသည်ဟု သိရသည်။ ပထမ တွင် ရာသီဥတု၏ဒဏ်ကို ခံနိုင်စေရန် ဦးထုပ်များကို အသုံးပြု ခဲ့ကြခြင်းဖြစ်သော်လည်း တဖြည်းဖြည်း အလှအပအတွက် ဖြစ်လာလေသည်။

တစ်ဆယ့်လေးနှင့် တစ်ဆယ်ငါး ရာစုနှစ်များအတွင်း တွင် ဦးထုပ်များ၌ အထူးပုံသဏ္ဌာန်များ ပြုလုပ်လာကြပြီးလျှင် ယင်းတို့ကို ပညာရှင်အလုပ်သမားများက အသုံးပြုခဲ့ကြသည်။ ၁၄ ရာစုနှစ်အတွင်းက ပညာရှင်အလုပ်သမားများသည် များသော အားဖြင့် ကြိတ်သက္ကလတ်ဖြင့်ပြုလုပ်သော အနားလန်ဦးထုပ် မြင့်မြင့်များကို ဆောင်းခဲ့ကြသည်။

စစ်သည်များအသုံးပြုသော ဟဲလမက်ခေါ် ဦးထုပ် တစ်မျိုးရှိသေးသည်။ ရှေးက ထိုဦးထုပ်မျိုးကို ဆောင်းကြခြင်း မှာ ဓားနှင့်မြားများ၏ဒဏ်ကို ကာကွယ်နိုင်ရန်အတွက်ဖြစ်၍ ဦးထုပ်ကို သတ္တုဖြင့်ပြုလုပ်ထားသည်။ ဦးထုပ်ပုံသဏ္ဌာန်များ မှာလည်း ကြောက်မက်ဖွယ်ကောင်းရာ၊ ရည်ရွယ်ချက်မှာ ကြောက်လန့်စေရန် ဖြစ်လေသည်။ ရှေးအခါက စစ်အသုံး အဆောင် ဦးထုပ်များကို လူမျိုးတိုင်းကပင် အသုံးပြုခဲ့ကြသည်။

အမေရိကန် တိုင်းရင်းသားများကမူ သူတို့၏ဆံပင်များကို အနည်းငယ်မျှသာ ချန်လှပ်ပြီးလျှင် အကုန်ရိတ်ပစ်လေ့ရှိခဲ့ကြ၍ ကျန်ရှိသည့်ဆံပင်တွင် ဘေးရန်ကင်းစေမည့် အဆောင်များကို တပ်ဆင်ထား လေ့ရှိကြသည်။ ထိုကဲ့သို့သော စစ်အသုံး အဆောင် ဦးခေါင်းတန်ဆာပလာများအပြင် လူတစ်မျိုးစီ၌ အလှအပအတွက်နှင့် အခမ်းအနားအတွက် အသုံးပြုသော ဦးခေါင်းတန်ဆာပလာတစ်မျိုးစီ ရှိကြလေသည်။

အာရှတိုက်၏ အနောက်ဘက်ပိုင်းတစ်ခွင်သို့ သံပုရာခွံ ဦးထုပ်တစ်မျိုးသည် ရောက်ရှိလာ၏။ ထိုဦးထုပ်မျိုး၏အရောင် မှာ များသောအားဖြင့် အနီရောင်ဖြစ်သည်။ အယူဝါဒရေးရာ (ရဟန်းနှင့်သီလရှင်များ) ဦးထုပ်မျိုးများကို အချို့နိုင်ငံများတွင် ယခုတိုင် အသီးသီးအသုံးပြုလျက် ရှိကြသေးသည်။ အာရပ် လူမျိုးများ အသုံးပြုကြသော ဗောင်းထုပ်သည်လည်း ဦးထုပ် တစ်မျိုးပင် ဖြစ်လေသည်။ အထိမ်းအမှတ် တစ်မျိုးမျိုးကိုသာ ထိုဦးထုပ်မျိုးတွင်တပ်ထားလျှင် ထိုသူ၏အဆင့်အတန်းးကို သိ နိုင်လေသည်။ ဘုရင်များ၏ သရဖူများတွင် အထိမ်းအမှတ် အမျိုးမျိုးကို တပ်ဆင်ထားလေ့ရှိကြရာ၊ ရှေးတရုတ်ဘုရင်များ၏ သရဖူများတွင် နေနှင့်လတို့၏ ပုံသဏ္ဌာန်များကို တပ်ဆင်ထား လေ့ရှိကြသည်။

ရှေးနှစ်ပေါင်းငါးရာ၊ ခြောက်ရာခန့်က ဦးထုပ်လုပ်ငန်း သည် စက်မှုလုပ်ငန်း ဖြစ်လာခဲ့လေသည်။ ပထမတွင် ဦးထုပ် ပြုလုပ်သော ကြိတ်သက္ကလတ်ကို သိုးမွေးမှ ပြုလုပ်ခဲ့ကြသည်။ အမေရိကတိုက်နှင့် ကူးသန်းရောင်းဝယ်ရေး ပွင့်သွားသောအခါ တွင်မူ သိုးမွေးအစား ဗီဗာဖျံ၏သားမွေးများဖြင့် ပြုလုပ်ယူလေ သည်။

၁၉၂၅ ခုနှစ် နိုဝင်ဘာလအတွင်းတွင် တူရကီလူမျိုး တို့၏ အမျိုးသားခေါင်းဆောင်ကြီးနှင့် တူရကီသမ္မတနိုင်ငံ၏ ပထမသမ္မတဖြစ်သော ကီမားအတာတပ်က တူရကီလူမျိုး အားလုံးအား သံပုရာခွံဦးထုပ်မျိုးကို စွန့်လွှတ်ကြရန် အမိန့် တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ယခုအခါ တူရကီတို့သည် ကြိတ် သက္ကလတ်ဖြင့် ပြုလုပ်သော သက္ကလတ်ဦးထုပ်မျိုးကို နယူး ယောက်နှင့်လန်ဒန်မြို့များတွင် လူကြိုက်များသကဲ့သို့ အစ္စတန်ဗူ နှင့် အန်ကာရာမြို့များတွင် အသုံးပြုများနေကြသည်။

ကြိတ်သက္ကလတ်ဖြင့်ပြုလုပ်သော သက္ကလတ်ဦးထုပ် များကို ခရစ် ၁ဝဝဝ ပြည့်နှစ်ခန့်ကစတင်၍ ပြုလုပ်ခဲ့ကြသည်။ အစဉ်အလာအရယုံကြည်ချက်မှာ ကြိတ်သက္ကလတ် ပြုလုပ်သည့် အတတ်ကိုအမှတ်တမဲ့ တွေ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုလေသည်။ တိဗက်ပြည်မှ ရဟန်းတစ်ပါးသည် တစ်နေရာမှ သူ၏ကျောင်း သို့ အပြန်တွင် သူ၏လွှာဖိနပ်၌ရှိသောအပေါက်ကို လမ်းတွင် တွေ့သော တွင်းယုန်၏အမွေးများဖြင့် ပိတ်ဆို့၍ ပြန်လာခဲ့ သည်။ ကျောင်းသို့အရောက်တွင် ထိုအမွေးများကို ဆွဲထုတ် လိုက်သောအခါ အပူဓာတ်၊ ရေငွေ့နှင့် လမ်းလျှောက်လာခဲ့သော လှုပ်ရှားမှုတို့ကြောင့် ထိုအမွေးများသည် ရက်ထည်သဖွယ် ဖြစ် နေသည်ကို တွေ့ရလေသည်။ ကြိတ်သက္ကလတ်ပြုလုပ်ရာတွင် ရေပူနှင့် ဖိအားပါသော လှုပ်ရှားမှုများသည် ယခုအခါ၌လည်း အရေးကြီးသော အချက်များပင်ဖြစ်သည်။ ခေတ်အမျိုးမျိုးတွင် ထိုကြိတ်သက္ကလတ်မျိုးဖြင့်ပင် များသောအားဖြင့် ဦးထုပ်များကို ပြုလုပ်ယူခဲ့ကြလေသည်။ ( ကြိတ်သက္ကလတ်။)

ကြိတ်သက္ကလတ်ကို အသုံးများကြခြင်းမှာ တွေ့ရသမျှသော ပစ္စည်းမျိုးများအနက် ထိုပစ္စည်းသည် တာရှည် အခံဆုံးနှင့် မချုပ်ဘဲနှင့် လိုသလိုပုံသဏ္ဌာန်အမျိုးမျိုးကို ပြုလုပ် ယူနိုင်ခြင်းကြောင့်ဖြစ်သည်။

သက္ကလတ်ဦးထုပ်ကိုပြုလုပ်ပုံမှာ ရှေးဦးစွာ သားမွေး သို့မဟုတ် သိုးမွေးအမျှင်များကို ကတော့ပုံရှိသော စည်တစ်ခု ပေါ်သို့မှုတ်၍ပို့ပေးသည်။ စည်သည် နှစ်ပေခွဲခန့်မြင့်၍ ထိုပုံ သဏ္ဌာန်သည် သက္ကလတ် ဦးထုပ်အဖို့ ပထမအဆင့်ဖြစ်သည်။ ထိုစည်သည် တဖြည်းဖြည်းလည်လျက်ရှိသည်။ အမွေးအမျှ၍် ကလေးများသည် စွတ်စိုလျက်ရှိသော စည်ပေါ်၌ လေစုတ်ပြွန် များအားဖြင့် ကပ်၍နေသည်။ လိုသောအထူရသည်အထိ ထိုသို့ ပြုလုပ်ပေးရသည်။

ထိုပုံသဏ္ဌာန်ကို မာကြောစေပြီးလျှင် စည်မှသတိဖြင့် ချွတ်လိုက်ပြီးနောက် အရွယ်ကိုရှုံ့စေခြင်းဖြင့် သေး၍သွားစေ သည်။ ထိုအခါ ကြိတ်သက္ကလတ်သည် ပို၍ခိုင်မာသွားသည်။ ထိုအကြမ်းထည်ကို ဦးထုပ်ပြုလုပ်သူများက တစ်ဖန် ပို၍ရှုံ့စေ ပြီးလျှင် လိုအပ်သလိုပုံသွင်းခြင်း၊ ဆေးဆိုးခြင်း၊ အချောကိုင် ခြင်း၊ အနားသတ်ခြင်းစသည်များဖြင့် ဦးထုပ်များကို လုပ်ယူကြ လေသည်။

မြက်ခြောက်များကို ရက်ပြီးလျှင် လုပ်ယူသော ဦးထုပ် မျိုးလည်း ရှိသေးသည်။ ကောက်ရိုးများကိုလည်း ဖွတ်မြီးထိုး ပြီးလျှင် စက်ဖြင့်ဦးထုပ်ဖြစ်အောင် ချုပ်ယူကြသည်။ ထိုဦးထုပ် မျိုးကို မာစေရန် ကော်တစ်မျိုးထည့်၍ပေးကြသည်။ ကောက်ရိုး ဦးထုပ်များအနက်အကောင်းဆုံးမှာ ပနာမာ ဦးထုပ်ဖြစ်သည်။ ယခုအခါ၌ အထူးသဖြင့် အမျိုးသမီးများ၏ဦးထုပ်များ သည် ပုံသဏ္ဌာန်တွင် မကြာခဏပြောင်းလဲလေ့ ရှိကြသည်။ သို့သော် ပြုလုပ်သည့်ပစ္စည်းတွင်မူ ပြောင်းလဲခဲသည်။ အမျိုး သမီးများအဖို့ ဦးထုပ်လုပ်ရာတွင် အသုံးများသော ပစ္စည်းများ မှာ ကောက်ရိုး၊ ကြိတ်သက္ကလတ်၊ သားမွေးနှင့် ချည်ထည်တို့ ဖြစ်ကြ သည်။ ဦးထုပ်များတွင် တစ်ဖန် ပန်းပွင့်ပုံ၊ သစ်သီးပုံ၊ ငှက်ကလေးပုံ စသည်များကို အလှအပအဖြစ် တပ်ဆင်ထားလေ့ ရှိကြသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားမှဦးထုပ်များ မရောက်လာမီ အခါကပင် ဝါးခမောက်၊ ဖက်ခမောက်၊ မြက်ခမောက် စသည် များကို ခေါင်းဆောင်းတန်ဆာပလာအဖြစ် အသုံးပြုခဲ့ကြသည်။ နောင်သော် ဦးထုပ်ကို အတုယူပြုလုပ်ထားသော ဝါးပတ်ဦးထုပ် များလည်း ပေါ်လာသည်။ ဝါးခမောက်ကို ဝါးပတ်ဖြင့် ပြုလုပ် ထားသည်။ ဖက်ခမောက်ကို အင်ဖက်၊ နှီး စသည်တို့ဖြင့် ပြု လုပ်ထားသည်။ မြက်ခမောက်ကို မြက်ဖြင့် ပြုလုပ်ထား၍ ရှမ်းခမောက်ဟုလည်းခေါ်သည်။ ထိုခမောက်များမှာ အလွန် ပေါ့ပါး၍ နွေရော မိုးပါ ကောင်းစွာအသုံးခံသဖြင့်မြန်မာနိုင်ငံ ကျေးလက်တောရွာများတွင် အထူးသဖြင့်တောင်သူလယ်သမား များ အသုံးများကြသည်။

ရှေးမြန်မာဘုရင်များလက်ထက်က ဦးခေါင်းအတွက် တန်ဆာပလာများကို အထူးစီမံ ဖန်တီးယူကြသည်။ အခမ်း အနားများတွင် ဆီလျော်သလိုသုံးနိုင်ရန်အတွက် ပေါင်းတော် အမျိုးမျိုးကို ထားရှိခဲ့ကြသည်။ ထိုပေါင်းတော်များကို ပေါင်း တော်ဆောင်တွင်ထားရာ အထွတ်အမြတ်အဦးဖြစ်၍ ပေါင်းတော် ဆောင်ကို နန်းမနန်းဦးတည့်တည့်၌ ဆောက်လုပ်ထားသည်။ ပေါင်းတော်၊ သရဖူတော်၊ မကိုဋ်တော်၊ ပတ္တမြားပေါင်းတော်၊ နဝရတ်ပေါင်းတော်၊ ရွှေသားပေါင်းတော်၊ ငွေသားပေါင်းတော်၊ ပကတိပေါင်းတော်တွင် ရွှေသားရွှေတွန့်ပေါင်းတော်၊ စိန်တွယ် ပေါင်းတော်၊ မြတွယ်ပေါင်းတော်များကို ခေါက်တုံ့ပြင်ဆင် ထားရာဖြစ်၍ ပေါင်းတော်ဆောင်ဟု ခေါ်ဝေါ်သမုတ်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)