ဥဿရရာမပုရာနဝိဟာရ

ဝီကီပီးဒီးယား မှ
Uththararama Purana Vihara
උත්තරාරාම පුරාණ විහාරය
The preaching hall and old Pintaliya
အချက်အလက်များ
တည်နေရာUdugampola, Sri Lanka
ကိုဩဒိနိတ်07°07′45.7″N 79°58′58.2″E / 7.129361°N 79.982833°E / 7.129361; 79.982833ကိုဩဒိနိတ်: 07°07′45.7″N 79°58′58.2″E / 7.129361°N 79.982833°E / 7.129361; 79.982833
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Gampaha
စီရင်စုWestern Province
နိုင်ငံသီရိလင်္ကာနိုင်ငံ
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument (8 July 2005)
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple

ဥဿရရာမပုရာနဝိဟာရ သည် သီရိလင်္ကာနိုင်ငံ၊ အနောက်ပိုင်းစီရင်စု၊ အုဒုဂမ်ပိုလမြို့တွင် တည်ရှိသည့် သမိုင်းဝင်ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်သည် အုဒုဂမ်ပိုလ - ဝီးဒိယဝက်တလမ်းဆုံတွင် တည်ရှိပြီး အုဒုဂမ်ပိုလအဝိုင်းမှ ခန့်မှန်းခြေ ၀.၅ ကီလိုမီတာ (၀.၃၁ မိုင်) အကွာတွင် တည်ရှိသည်။ ဤကျောင်းတော်ကို သီရိလင်္ကာအစိုးရက ရှေးဟောင်းသုတေသနနယ်မြေအဖြစ် သတ်မှတ်ပေးခဲ့သည်။ ၎င်းကို ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် အစိုးရဂေဇက်အမှတ် ၁၄၀၁ တွင်း ကြေညာခဲ့သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

အုဒုဂမ်ပိုလမြို့အကြောင်းကို ဖော်ပြထားသည့် သမိုင်းမှတ်တမ်းများဖြစ်ကြသည့်  Rajaveliya နှင့် Alakeshwara Yuddhaya တို့တွင် ပတ်ဝန်းကျင်ဒေသသည် ကော့တီခေတ်ကာလ၌ စီရင်စုဒေသတစ်ခု ဖြစ်သည်။[၂] ရင်းမြစ်များအရ ဘုရင် Parakramabahu VIII (1484–1505) ၏ သားသုံးယောက်မှ အကြီးဆုံးသည် ကော့တီဘုရင့်နယ်မြေ၏ မင်းဖြစ်လာခဲ့သည်။ ၎င်း၏ အမည်မှာ Dharma Parakramabahu  ဖြစ်သည်။ ထိုအချိန်တွင် ဒုတိယမြောက်သားဖြစ်သည့်haniya Wallabha သည် မဒမ်ပီ (Madampe) ပဒေသရာဇ်နိုင်ငံတွင် နေထိုင်ခဲ့သည်။ [၃]တတိယမြောက်မင်းသား Sakalakala Wallabha သည် ဘုရင့်ကိုယ်စားအဖြစ် အုဒုဂမ်ပိုလတွင် နေထိုင်ခဲ့သည်။ ထိုကဲ့သည့်နေထိုင်ခဲ့သည်ကို ကြေးနီပြားတွင် ရေးသားသည့် အထောက်အထားအရ သိရသည်။ Kadirana Sannasa သည် နီဂွန်ဘိုမြို့အနီး၊ Kadirana သစ်ကြံပိုးဥယျာဉ်ခြံအနီးတွင် တွေ့ခဲ့ရသည်။ Sannasa သည် ဘုရင်က တော်ဝင်အစည်းအဝေးတစ်ခု၌ ပုဏ္ဏားများကို နန်းတော်အသစ်ဖြစ်သည့် အုဒုဂမ်ပိုလ၌ လပြည့်ရက် (၁၅၁၇ ဇွန်လ ၁၈ ရက်) တွင် လှူဒါန်းမှုလုပ်ခဲ့သည့်အကြောင်းကို မှတ်တမ်းတင်ခဲ့သည်။[၄][၅]

ရှေးဟောင်းသုတေသနတို့၏ တွေ့ရှိချက်များအရ ထိုဒေသပတ်လည်တွင် Maligagodella (နန်းတော်မြေကုန်း)ရှိမည်ဟု ယုံကြည်ကြသည်။ ထိုကုန်းတွင်သည်လည်း ဥဿရရာမကျောင်းတော် ယခုလက်ရှိတည်ရှိနေသည့် နေရာဖြစ်သည်။ ထိုနေရာသည်ပင်  Sakalakala Wallabha ဘုရင်၏ နန်းတော်ဖြစ်ခဲ့သည်။ အချို့ကျောက်တုံးလက်ရာများ၊ အင်္ဂတေလနံရံများကျန်ရှိနေသည့် ရှေးဟောင်းရေကန်များနှင့် အပျက်အစီးများကို ယခုထက်တိုင် မြင်တွေ့နိုင်သေးသည်။ ရှေးဟောင်း Pathaha Pokuna ရေကန်သည် ဥဿရရာမကျောင်းတော်နှင့် စပ်ဆက်နေသည်။ ၎င်းရေကန်သည် ဘုရင်၏ ရေချိုးကန်ဟု သတ်မှတ်ကြသည်။[၆]

ကိုးကား[ပြင်ဆင်ရန်]

  1. "Gazette" (8 July 2005). The Gazette of the Democratic Socialist Republic of Sri Lanka 1401. 
  2. Wijesuriya၊ Dinithi (2015)။ Administration of Udugampola, sub kingdom: A Historical and Archaeological LegacyUniversity of Kelaniya။ 12 July 2017 တွင် ပြန်စစ်ပြီး။
  3. The Kandyan RebellionThe Sunday Times (21 December 2008)။ 7 July 2017 တွင် ပြန်စစ်ပြီး။
  4. Royal Asiatic Society of Great Britain and Ireland. Ceylon Branch, Colombo (1873)။ Journal of the Ceylon Branch of the Royal Asiatic Society5။ Colombo Apothecaries Company, 1873။ pp. 75, 76, 77။
  5. Sōmaratna၊ G.P.V. (1975)။ The Political History of the Kingdom of Kotte, 1400–1521။ Kotte: University of Michigan။ p. 328။
  6. Cultural background of the Minuwangoda Division။ Minuwangoda Urban Council။ 12 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 June 2017 တွင် ပြန်စစ်ပြီး။