ဥရောပဘုံအဖွဲ့

ဝီကီပီးဒီးယား မှ

ဥရောပ ဘုံအဖွဲ့ဆိုသည်မှာ ဥရောပဘုံဈေးအဖွဲ့၊ ဥရောပ ကျောက်မီးသွေးနှင့် သံမဏိအဖွဲ့၊ ဥရောပ အနုမြူစွမ်းအင်အဖွဲ့ဟူ သည့် အဖွဲ့သုံးဖွဲ့ကို ပေါင်းစည်းထားသော ဘုံအဖွဲ့အစည်း တစ် ရပ်ဖြစ်သည်။ ဥရောပဘုံဈေးအဖွဲ့ကို ၁၉၅၈ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ( ဥရောပ ဘုံဈေးအဖွဲ့) ဥရောပ ကျောက်မီးသွေးနှင့် သံမဏိအဖွဲ့ကို ၁၉၅၂ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

( ဥရောပကျောက်မီးသွေးနှင့် သံမဏိအဖွဲ့) ဥရောပ အနုမြူစွမ်းအင်အဖွဲ့ကို ၁၉၅၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ သည်။ ( ဥရောပ အနုမြူစွမ်းအင်အဖွဲ့) ထို့နောက် ၁၉၆၇ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ယင်းအဖွဲ့သုံးဖွဲ့ကို စုစည်းကာဥရောပဘုံအဖွဲ့ဟူ၍ ခေါ်ဝေါ်ခဲ့သည်။ ထိုသို့စုစည်း ထားသော် လည်း မူလအဖွဲ့များကား သီးခြားရှိမြဲပင် ဖြစ်သည်။

ဥရောပဘုံအဖွဲ့တွင် ဝန်0x100ကီးများ ကောင်စီ၊ ကျွမ်းကျင်သူ ကော်မရှင်၊ ဥရောပ လွှတ်တော်နှင့် တရားရုံး ဟူ၍ အမြဲတမ်း အဖွဲ့အစည်း လေးခုရှိသည်။ ယင်းအမြဲတမ်းအဖွဲ့အစည်း လေးခု တွင် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ အချိုးကျပါဝင်ရ သည်။

ဥရောပဘုံအဖွဲ့၏ ရည်ရွယ်ချက်များမှာ အဖွဲ့ဝင်နိုင်ငံများ ၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရန်၊ လူမှုရေး လုပ်ငန်းများတွင်အဖွဲ့ ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံရေးရာကိစ0x038များတွင် ပူးပေါင်းဆောင်ရွက် ရန်တို့ဖြစ်သည်။

ဥရောပ ဘုံအဖွဲ့တွင် တင်းပြည့်အဖွဲ့ဝင် ကိုးနိုင်ငံပါ ရှိသည်။ ယင်းတို့မှာ ဗဲလဂျီယမ်၊ ဒိန်းမတ်၊ ပြင်သစ်၊ အနောက် ဂျာမနီ၊ အိုင်ယာလန်၊ ဣတလီ၊ လူဇင်ဗတ်၊ နယ်သာလန်နှင့် ဗြိတိန်နိုင်ငံတို့ဖြစ်သည်။ အဖွဲ့ ၏ ဌာနချုပ်ကို လူဇင်ဘတ်နိုင်ငံ လူဇင်ဗတ်မြို့တွင် ထားရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)