ဥတ္တရာပုရပိုက်နက္ခတ်
ပုံပန်းသွင်ပြင်
ဥတ္တရာပုရပိုက်နက္ခတ်မှာ ၄ လုံး၊ ၂ လုံးစီ ခြေဖဝါးနှင့် တူ၏။ ပြုဗ္ဗာပုရပိုက်နက္ခတ်နှင့် ပေါင်း၍ အင်းပျဉ်သဏ္ဌာန် လေးလုံးရှိကြောင်း ဆိုသည်။ ထိုနက္ခတ်ကို အဟိပြနနတ်မင်း၊ သို့မဟုတ် အဟိဗုဓနတ်မင်း အစိုးရကြောင်းလည်းဆိုသည်။ ဗျိုင်းတာရာနှင့် ယှဉ်၍ သွား၏။[၁]
၂၆။ ဥတ္တရဘဒ္ဒပဒါ = ဥတ္တရဘဒြပိုဒ်နက္ခတ်
[ပြင်ဆင်ရန်]ရာဇမတ္တဏ်ကျမ်း၌ “ဥတ္တရဘဒ္ဒပဒါ၊ အဟိပြုနော”ဟူ၍ နက္ခတ်ပရိယာယ် နှစ်ပုဒ်ပြဆိုပြီး အဘိဓာန်ဋီကာ၌ကား ပြုဗ္ဗာဒြပိုက်နက္ခတ်နှင့်အတူ ရောနှောလျက် အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ ထိုနက္ခတ်၏ လုံးရေသင်္ချာနှင့် အဆင်းသဏ္ဌာန်ကို နက္ခတ် ကျမ်းများက ပြုဗ္ဗဘဒြပိုဒ်နက္ခတ်၏ လုံးရေနှင့် သဏ္ဌာန် အတိုင်း ပြဆိုပါသည်။
ထိုနက္ခတ်ကို အဟိပြန နတ်မင်းက အစိုးရကြောင်း ရာဇမတ္တဏ်ကျမ်းက ဆိုပြီး ဂြဟသျှန္တီကျမ်း ကမူ အဟိဗုဇနတ် မင်းက ပိုင်ဆိုင်ကြောင်း ပြဆိုပေသည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ http://martikar.pikay.org/2012/10/blog-post_5851.html
- ↑ နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)