မာတိကာသို့ ခုန်သွားရန်

ဥက္ကာမင်းမောင်

ဝီကီပီးဒီးယား မှ
ဥက္ကာမင်းမောင်
မွေးဖွားရဲထူးဝင်း
(1985-09-18) ၁၈ စက်တင်ဘာ၊ ၁၉၈၅ (အသက် ၃၉)
ရန်ကုန်, မြန်မာ
မိခင်ကျောင်းBerkeley College
အလုပ်အကိုင်
  • သရုပ်ဆောင်
  • မော်ဒယ်
  • အဆိုတော်
တက်ကြွလှုပ်ရှားနှစ်များ2004–present
အရပ်၅ ft ၁၀ in (၁.၇၈ m)
ဘွဲ့Mr.Tourism Myanmar 2016
အလှမယ်ဘွဲ့ ရရှိသူ
ဆံပင်အရောင်အမည်းရောင်
မျက်လုံးအရောင်အညိုရောင်
အဓိက ပြိုင်ပွဲ(များ)Mr.Tourism World Myanmar 2016 (Winner)
Mr. Tourism World 2016 (Winner)

ဥက္ကာမင်းမောင် (၁၉၈၅ မွေးဖွား) သည် မြန်မာလူမျိုး သရုပ်ပြမောင်၊ သရုပ်ဆောင်နှင့် အဆိုတော် ဖြစ်သည်။ သူသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပသည့် Mr. Tourism World 2016 ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သူ ဖြစ်သည်။[][]

ကြော်ငြာများမှစ၍ ရုပ်ရှင်များအထိ ပြည်တွင်း ထုတ်လုပ်မှုများစွာတွင် အဓိကအခန်းကဏ္ဍဖြင့် ပါဝင်သရုပ်ဆောင်ခဲ့ပြီး၊ ဖက်ရှင်ပြပွဲများစွာတွင်ပါဝင် ခဲ့သည်။[][]

ငယ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

ဥက္ကာမင်းမောင် ကို ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ အဖ ခိုင်ဝင်းနှင့် အမိ မနီလာသိန်းမြင့် တို့မှ မွေးဖွားခဲ့သည်။ အသက် ၂၄ နှစ်အရွယ်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။[] သူသည် မြန်မာတက္ကသိုလ်တွင် အင်္ဂလိပ်ဘာသာ ဖြင့် ဘွဲ့ရရှိပြီး၊ Berkeley College မှ စီးပွားရေးစီမံခန့်ခွဲမှု (Business Administration Management) ဘွဲ့ကို ဆက်လက်ရယူခဲ့သည်။[][]

အသက်မွေးဝမ်းကြောင်း

[ပြင်ဆင်ရန်]

ဥက္ကာမင်းမောင် သည် အသက် ၁၈ နှစ်တွင် သရုပ်ဆောင်လောကသို့ ဝင်ရောက်ခဲ့ပြီး ဇာတ်ကား ၄၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ်အထိ ဖက်ရှင်ပြပွဲများ၊ မဂ္ဂဇင်းအုပ်များနှင့် ကြော်ငြာဆိုင်းဘုတ်များတွင် မော်ဒယ်အဖြစ် ပါဝင်ခဲ့သည်။ သရုပ်ဆောင်လောကတွင် ရှစ်နှစ်ခန့် ဝေးကွာခဲ့ပြီးနောက်၊ မြန်မာနိုင်ငံ၏ ပထမဆုံး LGBT ဇာတ်ကားဖြစ်သည့် The Gemini ဖြင့် ရုပ်ရှင်လောကသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ထိုဇာတ်ကားတွင် ၂၀၁၆ ခုနှစ်၌ ဘန်နီဝေ (Bennie Way) အဖြစ် သရုပ်ဆောင်ခဲ့သည်။[][]

၂၀၁၆ ခုနှစ်တွင် Mister Tourism World Myanmar 2016 ကို ဆွတ်ခူးခဲ့ပြီး နိုင်ငံတကာအမျိုးသားအလှမယ်ပြိုင်ပွဲဖြစ်သည့် Mister Tourism World 2016 တွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[]

ယင်းပြိုင်ပွဲကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့သည်။ ပြိုင်ပွဲအပြီးတွင် Okkar သည် အဓိကဆုဖြစ်သည့် Mister Tourism World 2016 ကို ရရှိခဲ့သည်။ ထို့အပြင် Social Media Icon, Best in Style & Fashion နှင့် Best in Tourism Speaker တို့အတွက် continental titles သုံးခုကို ဆွတ်ခူးနိုင်ခဲ့သည်။[][]

ပုဂ္ဂိုလ်ရေးရာ

[ပြင်ဆင်ရန်]

၂၀၁၈ ခုတွင် အင်စတာဂရမ်မှ ယောက်ျားချင်း စိတ်ဝင်စားသူဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။

ရိုက်ကူးခဲ့သောရုပ်ရှင်များ

[ပြင်ဆင်ရန်]

ရုပ်ရှင်

[ပြင်ဆင်ရန်]
ခုနှစ် အင်္ဂလိပ် အမည် မြန်မာ အမည် အခန်းကဏ္ဍ
၂၀၀၆ Shwe-Moe-Thae ရွှေမိုးသည်း Bee Gar
၂၀၁၆ The Gemini မေထုံရာသီဖွား သစ်ဝေ
၂၀၁၈ Wat-Wat-Kwel-Aung-Pwint ဝက်ဝက်ကွဲအောင်ပွင့် မင်းမင်း
၂၀၂၄ VENGEANCE မရဲ့အေးခဲသွားကြသူများ မင်းသိုက်

ကိုးကား

[ပြင်ဆင်ရန်]
  1. "Ye Htoo Win from Myanmar wins Mister Tourism World 2016".
  2. ၂.၀ ၂.၁ ၂.၂ Okkar's profile on Backstage
  3. Nay Min Phyo။ "မိမိ၏လိင်တူ ချစ်သူနှင့်အတူ ဘဝကို အကောင်းဆုံး လှပအောင် ခြယ်မှုန်းသွားမည်ဆိုသည့် ဥက္ကာမင်းမောင်" (in my)၊ The Myanmar Times၊ 27 June 2018။ 
  4. ၄.၀ ၄.၁ "Burmese actor Okkar Min Maung comes out as gay"၊ 14 July 2018။ 
  5. ၅.၀ ၅.၁ OKKAR MIN MAUNG – MISTER TOURISM WORLD MYANMAR 2016 (12 May 2016)။ 28 December 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 May 2025 တွင် ပြန်စစ်ပြီး။
  6. Zwe Nyan။ "မပျော်တဲ့ဘဝကို ကြိတ်မှိတ် ဟန်မဆောင်တော့ဘူးဆိုတဲ့ ဥက္ကာမင်းမောင်" (in my)၊ 7Day News၊ 28 June 2018။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 30 November 2018။ 
  7. Yu Mon Kyaw။ "သရုပ်ဆောင် ဥက္ကာမင်းမောင် Mister Tourism World 2016 Winner ဆု ရရှိ" (in my)၊ The Irrawaddy၊ 13 December 2016။ 
  8. 18 Private Party with Okkar Min Maung (12 December 2016)။ 29 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 May 2025 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]