ဣန္ဒနီလာ

ဝီကီပီးဒီးယား မှ
ဣန္ဒနီလာ
Cyclic trilling of chrysoberyl
ယေဘုယျ
ကဏ္ဍOxide minerals
ဖော်မျူလာ
(repeating unit)
BeAl2O4
Strunz classification4.BA.05
ပုံဆောင်ခဲ စနစ်Orthorhombic
Crystal classDipyramidal (mmm)
H-M symbol: (2/m 2/m 2/m)
Space groupPbnm
Unit cella = 5.481 Å,
b = 9.415 Å,
c = 4.428 Å; Z = 4
ခွဲခြားသတ်မှတ်ခြင်း
အရောင်Various shades of green, emerald-green yellow, blue, brownish to greenish black, may be raspberry-red under incandescent light when chromian; colorless, pale shades of yellow, green, or red in transmitted light
Crystal habitCrystals tabular or short prismatic, prominently striated
TwinningContact and penetration twins common, often repeated forming rosette structures
CleavageDistinct on {110}, imperfect on {010}, poor on {001}
FractureConchoidal to uneven
TenacityBrittle
Mohs scale hardness8.5
LusterVitreous
Streakအဖြူ
Specific gravity3.5–3.84
Optical propertiesBiaxial (+)
Refractive indexnα=1.745 nβ=1.748 nγ=1.754
PleochroismX = အနီ Y = လိမ္မော်-ဝါ; Z = မြစိမ်း
2V angleMeasured: 70°
ကိုးကား[၁][၂][၃][၄]
Major varieties
Alexandriteအရောင်ပြေး။ အစိမ်း မှ အနီ
CymophaneChatoyant
ဣန္ဒနီလာ

ဣန္ဒနီလာသည် မရမ်းရောင်အခံတွင် အနီရောင်၊ အပြာရောင်သန်းသော နီလာဖြစ်သည်။ ဣန္ဒနီလာ အဆင်းကား နေခြည်ကဲ့သို့ အသွယ်သွယ် အရောင်ထွက်၏။[၅]

ထွက်ရှိရာ ဒေသများ[ပြင်ဆင်ရန်]

နီလာကို သီရိလင်္ကာ ၊ ဩစတြေးလျ ၊ ကတ်ရှ်မီးယား ၊ မြန်မာ ၊ ထိုင်း ၊ ကမ္ဘောဒီယား နှင့် အမေရိကန်ပြည်ထောင်စု တို့တွင်အဓိကထွက်ရှိပြီး သီရိလင်္ကာ နီလာမှာ အရည်အသွေး အကောင်းဆုံးဖြစ်ပြီး မြန်မာ့နီလာမှာ ၎င်း၏နောက်တွင် ရပ်တည်ပါသည်။ ကိုရိုဒမ် အုပ်စုဝင်ဖြစ်သော အခြားကျောက် ရောင်စုံများကို အရောင်အလိုက် ရှေ့တွင် နီလာတပ်ကာ နီလာဝါ၊ နီလာဖြူ (အရောင်မဲ့နီလာ) ၊ နီလာပန်းရောင် အစရှိသဖြင့် ခေါ်ဝေါ်ကြသည်။

  • နီလာ(ပြာ)
  • နီလာပုံဆောင်ခဲ
  • နီလာအမွှာပုံဆောင်ခဲ

မဏိသျှတ္တရကျမ်းလာ နီလာလေးမျိုး[ပြင်ဆင်ရန်]

မဏိသျှတ္တရကျမ်းတွင် နီလာနှင့်စပ်လျဉ်း၍ လင်္ကာ ဖော်ပြချက်ပါရှိသည်။ နီလာလေးမျိုးတို့၏ တန်ဖိုးကိုပါ တွက်ချက်ပေးထားသေးသည်။ အောက်ပါအတိုင်းဖြစ်သည်။ လေးသွယ်နီလာ၊ ပြားကြရာတွင်၊

'နီလာ'ခေါ်ဆို၊ အောက်မဲညိုပွင့်၊ ပန်းသို့ တင့်၏၊ ထပ်ဆင့် ဒုတိယ၊ 'နီလ ကဏ္ဍီ'၊ ရှု ဤလက္ခဏာ၊ အပြာတွင်ဖက်၊ ညိုညိုစွက်၏၊ အမျက်နှစ်ပါး၊ ဤကျောက်များကား၊ ကျပ်သားရွှေတိ၊ တင်လောက်ဘိမူ၊ သိင်္ဂိပဉ္စ၊ ကျပ်ထိုက်စွတည့်၊ 'ဣန္ဒနီလာ'၊ လက္ခဏာကား၊ သူရိယာနေခြည်၊ ရောင်သို့တည်၏၊ ရွှေရည် တကျပ်၊ တင်လောက်လပ်မူ၊ သုံးကျပ်ရွှေကောင်း၊ ထိုက်ပေရှောင်း၏၊

တကြောင်း 'ဥပ နီလာ'၊ သညာခေါ်ဆို၊ ကြာညိုပွင့်ရောင်၊ တကျပ်ခေါင်မှာ၊ စီမြှောင်သင့်စွာ၊ ထားလောက်ပါမူ၊ ရွှေသား နှစ်ကျပ်၊ အဘိုးပြတ်သည်၊ မချွတ်မှန်ဖြောင့် လှည့်သတည်း။

ကိုးကား[ပြင်ဆင်ရန်]

  1. Mineralienatlas - Fossilienatlas။ 2 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 January 2017 တွင် ပြန်စစ်ပြီး။
  2. Handbook of Mineralogy Archived 2011-12-15 at the Wayback Machine.
  3. Chrysoberyl: Chrysoberyl mineral information and data.။ 13 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 January 2017 တွင် ပြန်စစ်ပြီး။
  4. Barthelmy၊ Dave။ Chrysoberyl Mineral Data။ 19 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 January 2017 တွင် ပြန်စစ်ပြီး။
  5. မဏိသျှတ်။