အ.လ.က(၁)ဒဂုံ

ဝီကီပီးဒီးယား မှ
ကျောင်းတံဆိပ်

အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း ဒဂုံမြို့နယ်သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ စံပြအလယ်ကျောင်းတစ်ခု ဖြစ်သည်။ ဒဂုံမြို့နယ် ပြည်လမ်းမပေါ်တွင် တည်ရှိသည်။ စီးတီးမောစင်တာ၊ စိန်ဂေဟာကုန်တိုက်၊ တော်ဝင်စင်တာ၊ တော်ဝင်ဟိုတယ်၊ ရှမ်းကုန်းဘူတာတို့သည် ကျောင်း၏ ဘေးဘီဝဲယာတွင် တည်ရှိသည်။ ရုရှားဖက်ဒရေးရှင်း၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံး (Russia Embassy in Myanmar)သည်လည်း ကျောင်း၏ အနီးတွင် တည်ရှိသည်။

အ.လ.က(၁)ဒဂုံကျောင်းကို Bishop Holmesကျောင်းဟုလည်း ခေါ်ကြသည်။ မူလက အ.မ.က(၅)ဒဂုံအဖြစ် တည်ရှိခဲ့သော ထိုကျောင်းသည် နောက်ပိုင်းတွင် အလယ်တန်းကျောင်းအဖြစ် တိုးမြှင့်သတ်မှတ်ခြင်း ခံရသည်။ ရတနာဆောင်၊ ပတ္တမြားဆောင်၊ နဝရတ်ဆောင်ဟူ၍ ပင်မ စာသင်ဆောင်ကြီး သုံးဆောင်ရှိ၍၊ လက်ရှိတွင် ကျောင်းဆောင်သစ် တစ်ဆောင်ကို ထပ်မံတည်ဆောက်လျှက် ရှိကြသည်။ ကျောင်းသားဦးရေမှာ ခန့်မှန်းခြေ ၃၀၀၀နှင့် အထက် ဖြစ်မည်ဟု သိရ၍၊ ဆရာ၊ ဆရာမဦးရေ တစ်ရာဝန်းကျင်နှင့် လည်ပတ်နေသော ကျောင်းတစ်ကျောင်း ဖြစ်သည်။

လက်ရှိ ကျောင်းအုပ်ဆရာမှာ ဒေါက်တာဥမ္မာထွေး ဖြစ်သည်။ အ.လ.က(၁)ဒဂုံ၏ ကျောင်းသားထုအရေးကို ဆောင်ရွက်ရန် အ.လ.က(၁)ဒဂုံ ကျောင်းသားများ သမဂ္ဂကို ဗကသများအဖွဲ့ချုပ်လက်အောက်၌ ဖွဲ့စည်းထားပြီး ဖြစ်သည်။