အ.ထ.က - ထုံးကြီး

ဝီကီပီးဒီးယား မှ

အခြေခံပညာ အထက်တန်းကျောင်း၊ ထုံးကြီး (အ.ထ.က - ထုံးကြီး) သည် ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ်ထုံးကြီးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတစ်ခု ဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

များသောအားဖြင့် ထုံးကြီးရွာရှိ ကျောင်းသားများ ပညာသင်ကြားကြသည်။ ထို့ပြင် အနီးအနားရွာများဖြစ်ကြသည့် ဘုရားငုတ္တိုရွာကော့ချဲရွာဇီးဖြူကုန်းရွာ တို့မှ ကျောင်းသားအများစုသည်လည်း အလယ်တန်းနှင့် အထက်တန်းပညာများကို လာရောက်သင်ကြားကြသည်။

တည်နေရာ နှင့် ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

အင်းတကော်-ကဝ ကားလမ်းဘေးတွင် တည်ရှိသည်။ ထုံးကြီးရွာ၏ မြောက်ဘက်စွန်းပိုင်းတွင် တည်ဆောက်ထားသည်။

ကျောင်း၏ ဖွဲ့စည်းတည်ဆောက်မှု ပုံသဏ္ဌာန်မှာ U ပုံစံတည်ဆောက်ထားသည်။

ကိုးကား[ပြင်ဆင်ရန်]