အဲဟိမအိုးဟရှိတံတား
Eshima Ohashi Bridge 江島大橋 | |
---|---|
The Eshima Ohashi Bridge from the side | |
ကိုဩဒိနိတ် | 35°31′09″N 133°12′00″E / 35.519167°N 133.2°Eကိုဩဒိနိတ်: 35°31′09″N 133°12′00″E / 35.519167°N 133.2°E |
ဖြတ်သန်းမှု | Nakaumi |
တည်နေရာ | Shimane and Tottori prefectures |
ပြုပြင်ထိန်းသိမ်းသူ | Sakaiminato management association |
အချက်အလက်များ | |
စုစုပေါင်းအရှည် | 1.7 km |
အကျယ် | 11.3 m |
အမြင့် | 44.7 m |
အကျယ်ဆုံး တံတားအခန်း | 250 m |
သမိုင်းကြောင်း | |
စတင်ဆောက်လုပ်ချိန် | 1997 |
လုပ်ငန်းပြီးဆုံးချိန် | 2004 |
အဲဟိမအိုးဟရှိ သည် တော့တိုရိခရိုင်၊ ဆခိုင်ဆိပ်ကမ်းမြို့နှင့် ရှိမနဲခရိုင်၊ မဆွတ်အဲမြို့တို့ကို ဆက်သွယ်ထားသည့် တံတားဖြစ်သည်။ ဤတံတားကို ဆခိုင်ဆိပ်ကမ်းထိန်းသိမ်းရေးအဖွဲ့က စီမံခန့်ခွဲလျှက် ရှိသည်။ ပို့ဆောင်ဆက်သွယ်ရေးနှင့် ခရီးသွားလာရေးရုံးက တည်ဆောက်ခဲ့သည်။ နခမုအိရေကန်ပေါ်တွင် ဖြတ်သန်းကာ တည်ဆောက်ထားသည်။[၁]
တည်ဆောက်ခြင်း
[ပြင်ဆင်ရန်]၎င်းကို ၁၉၉၇ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ တည်ဆောက်ခဲ့သည်။ ဂျပန်နိုင်ငံတွင် အကြီးဆုံး rigid-frame တံတားတစ်စင်း ဖြစ်သည်။ ထို့အပြင် ဤတံတားသည် ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံးလည်း ဖြစ်သည်။
ဤတံတားတွင် ရွေ့လျားနိုင်သည့်တံတား ပါဝင်သည်။ သင်္ဘောများ ဖြတ်သန်းပါက ၇ မိနစ်၊ ၈ မိနစ်ခန့် ရပ်နားထားရသည်။ ၁၄ တန်နှင့်အထက်လေးသည့် ကြီးများသည့် ယာဉ်များကို တံတားအရှင်ပေါ်တွင် ဖြတ်သန်းသွားလာခွင့် ပြုမထားပေ။ ရွေလျားနိုင်သည့် တံတားတွင် နေ့စဉ်ယာဉ်ပေါင်း ၄၀၀၀ ဖြတ်သန်းလျက်ရှိသည်။
အချက်အလက်များ
[ပြင်ဆင်ရန်]- စတင်ရာနေရာ = တော့တိုရိခရိုင်၊ ဆိုင်းခိုင်မိနတိုမြို့၊ တိုမချိ
- အဆုံးနေရာ = ရှိမနဲခရိုင်၊ မဆွတ်အဲ၊ ယခဆွတ်ခမြို့၊ အဲရှိမ
- စုစုပေါင်းအရှည် = ၁.၇ ကီလိုမီတာ (တံတားအပြင်ဘက်အရှည် ၁၄၄၆.၂ မီတာ)
- အကျယ် = ၁၁.၃ မီတာ
ရုပ်ပုံများ
[ပြင်ဆင်ရန်]-
ရှိမနဲခရိုင်ဘက်မှ မြင်ရသည့်ဘက်ခြမ်း
-
ဘေးရှိ လမ်းလျှောက်သည့်နေရာ
-
မြောက်ဘက်မှ မြင်ရသည့် မြင်ကွင်း
ကိုးကား
[ပြင်ဆင်ရန်]- ↑ Japan's 'rollercoaster bridge' (April 30, 2015)။ 27 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 June 2016 တွင် ပြန်စစ်ပြီး။