အဲရာတောစသန်နီးဇ်

ဝီကီပီးဒီးယား မှ
(အဲရတိုစ်သီးနီးစ် မှ ပြန်ညွှန်းထားသည်)
Eratosthenes
An etching of a man's head and neck in profile, looking to the left. The man has a beard and is balding.
မွေးဖွား276 BC[note ၁]
Cyrene (ယနေ့ခေတ် လစ်ဗျားနိုင်ငံ)
ကွယ်လွန်194 BC (around age 82)[note ၂]
အလက်ဇန္ဒရီးယားမြို့
အလုပ်အကိုင်
  • Scholar
  • Librarian
  • Poet
  • Inventor
ကျော်ကြားမှုအရင်းခံ
  • Sieve of Eratosthenes
  • Founder of Geography

အဲရာတောစသန်နီးဇ် (အင်္ဂလိပ်: Eratosthenes) (၂၇၆ - ၁၉၅ ဘီစီခန့်) သည် ဂရိစွယ်စုံပညာရှင်တစ်ဦးဖြစ်ရာ ၎င်းကို သင်္ချာပညာရှင်၊ ပထဝီသမား၊ ကဗျာဆရာ၊ နက္ခတ္တဗေဒပညာရှင်၊ ဂီတသီအိုရီပညာရှင် အဖြစ် သတ်မှတ်ကြသည်။

၎င်းသည် ဂဲဩမေတြီကို အသုံးပြုပြီး ကမ္ဘာ၏အရွယ်ကို တွက်ချက်ခဲ့သူဖြစ်သည်။ ကမ္ဘာပေါ်တွင် လတ္တီကျုဒ် မတူညီသော နေရာနှစ်ခုမှ နေကိုကြည့်လျှင် မွန်းတည့်ချိန်နေ၏အမြင့် (၂)ခု ခြားနားချက်သည် လတ္တီကျုဒ်ခြားနားချက်နှင့်အတူတူဖြစ်သည်။ အလက်ဇန္ဒရီးယားမြို့ စာကြည့်တိုက်ကြီး၏ အကြီးအကဲ အဲရတိုစ်သီးနီးစ်သည် အီဂျစ်နိုင်ငံ အထက်ပိုင်းရှိ ဆိုင်ရင်းမြို့သို့ တပည့်တစ်ဦးစေလွှတ်ကာ ဥတ္တရယဉ်စွန်းတန်းတွင် ရောက်နေသောနေ၏အမြင့်ကို စောင့်ကြည့်ခိုင်းသည်။ တပည့်ဖြစ်သူက မွန်းတည့်ချိန်တွင် နေရောင်ခြည်သည် တွင်းနက်တစ်ခု၏ အောက်ခြေအထိရောက်ကြောင်း သတင်းပို့သည်။ ဆိုလိုသည်မှာ ထိုအချိန်တွင် နေသည် ဦးခေါင်းထက်တည့်တည့်ရောက်နေသောကြောင့် ဖြစ်သည်။ အလက်ဇန္ဒြီးယားရှိ နေ၏အမြင့်ကို အဲရတိုစ်သီးနီးစ်က တိုင်းကြည့်ရာ 82.8° ရကြောင်းတွေ့ရသည်။ အဓိပ္ပာယ်မှာ မြို့နှစ်မြို့သည် လတ္တီကျုဒ် 7.2° ခြားနားသည်။ တစ်နည်းအားဖြင့် စက်ဝိုင်းတစ်ပတ်၏ ငါးဆယ်ပုံတစ်ပုံ 1/50 ခြားနားခြင်း ဖြစ်သည်။ အကယ်၍ ဆိုင်ရင်းမြို့သည် အလက်ဇန္ဒြီးယားမြို့၏ တောင်ဘက်တည့်တည့်ရှိသည်မှာ မှန်လျှင် (အမှန်တကယ်လည်း အနီးစပ်ဆုံး မှန်ကန်သည်) ဆိုင်ရင်းမှ အလက်ဇန္ဒြီးယားထိ အကွာအဝေးသည် ကမ္ဘာတစ်ပတ်၏ ငါးဆယ်ပုံတစ်ပုံနှင့် တူညီရာရောက်သည်။ ဤနည်းဖြင့် အဲရတိုစ်သီးနီးစ် သည် ကမ္ဘာ၏ အဝန်းကို တွက်ချက်ခဲ့ရာ တကယ့်အဖြေမှန်နှင့် လုံးဝနီးပါး ကိုက်ညီ မှန်ကန်ခဲ့သည်။[၁][၂]

အဲရတိုစ်သီးနီး ကမ္ဘာ့အဝန်းကို တိုင်းတာခဲ့ပုံ

မှတ်စုများ[ပြင်ဆင်ရန်]

  1. The Suda states that he was born in the 126th Olympiad, (276–272 BC). Strabo (Geography, i.2.2), though, states that he was a "pupil" (γνωριμος) of Zeno of Citium (who died in 262 BC), which would imply an earlier year of birth (c. 285 BC) since he is unlikely to have studied under him at the young age of 14. However, γνωριμος can also mean "acquaintance", and the year of Zeno's death is by no means definite.[၃]
  2. The Suda states he died at the age of 80, Censorinus (De die natali, 15) at the age of 81, and Pseudo-Lucian (Makrobioi, 27) at the age of 82.

အကိုးအကား[ပြင်ဆင်ရန်]

  1. Imagine the Universe - The Earth
  2. အနန္တစကြဝဠာ။ လှိုင်သင်း။ ဒီဇင်ဘာ ၂၀၀၁။ ရဲရင့်စာပေ။ မန္တလေး။
  3. Eratosthenes entry in the Dictionary of Scientific Biography (1971)