အေး၊ ခေတ္တရာ

ဝီကီပီးဒီးယား မှ

ခေတ္တရာအေး (၁၉၁၃-၁၉၅၀) သည် မြန်မာ တေးရေးနှင့် ဂီတပညာရှင် ဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

၁၉၁၃ ခု၊ မေလ ၁၈ ရက်တွင် ပြည်၌ မြို့ပိုင် ဦးဘကလေး၊ ဒေါ်သောင်းသောင်းတို့မှ မွေးသည်။ အမည်ရင်းမှာ အေးမောင် ဖြစ်သည်။

ပြည်မြို့ ဦးဘသိန်း မူလတန်းကျောင်းနှင့် အေဘီအမ်ကျောင်းတွင် (၉) တန်းအထိ သင်သည်။

အနုပညာခရီး[ပြင်ဆင်ရန်]

၁၉၃၀ ပြည့်တွင် ပြည်မှ ရန်ကုန်သို့ ပြောင်းလာပြီး သီချင်းရေးသည်။

၁၉၃၆ ခု၊ ဩဂုတ်လ ၁၀ ရက်တွင် မြမျက်ခြယ် တေးသီချင်းကို အသံသွင်းခဲ့သည်။ ဝင်းဝင်း ပြဇာတ်ရုံတွင်လည်း ဆိုက်ဆိုဖုန်း မှုတ်ခဲ့သည့်အပြင် အေဝမ်းရုပ်ရှင်ကုမ္ပဏီတွင်လည်း အလုပ်ဝင်သည်။

မိသားစုဘဝ[ပြင်ဆင်ရန်]

၁၉၄၀ ပြည့်တွင် ဒေါ်သန်းကြည်နှင့် အိမ်ထောင်ပြုပြီး သားသမီး(၄)ဦး ထွန်းကားသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ရန်ကုန်မြို့၊ (၄၆)လမ်းတွင် နေထိုင်ခဲ့ပြီး၊ ၁၉၅၀ ပြည့် ဧပြီလ ၃၀ ရက်၊ မွန်းလွဲ (၃) နာရီ၊ မိနစ် (၂၀) တွင် အင်းယား၌ ရေနစ်ကွယ်လွန်သည်။ [၁]

ရည်ညွှန်းချက်[ပြင်ဆင်ရန်]

  1. ခေတ္တရာအေး၏ မှတ်စုစာအုပ်ပါ အချက်အလက်များနှင့် သမီးကြီးဖြစ်သူ ဒေါ်ကြည်ဌေး၏ ကိုယ်တိုင်ပြောပြချက်။