အေးဆန်း (ဘောလုံးသမား)
ကိုယ်ရေးအချက်အလက်များ | |||
---|---|---|---|
အမည် အပြည့်အစုံ | အေးဆန်း | ||
မွေးသက္ကရာဇ် | ၂၄ ဇန်နဝါရီ၊ ၁၉၈၂ | ||
မွေးရပ်ဇာတိ | မြန်မာ | ||
ကွယ်လွန်သည့်ရက် | ၁၂ ဇွန်၊ ၂၀၂၀ | (အသက် ၃၈)||
ကွယ်လွန်ရာအရပ် | ထားဝယ်မြို့ | ||
ကစားသည့်နေရာ | နောက်တန်း (ခံစစ်) | ||
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ | |||
လက်ရှိအသင်း | နေပြည်တော် FC | ||
အင်္ကျီနံပါတ် | ၃ | ||
အကြီးတန်း ကစားသမား* | |||
ခုနှစ် | အသင်း | ကစားပွဲ† | (သွင်းဂိုး)† |
၂၀၀၉-၂၀၁၃ | ကမ္ဘောဇ | ၃၉ | (၄) |
၂၀၁၄ | နေပြည်တော် FC | ၅ | (၀) |
နိုင်ငံကိုယ်စားပြုအသင်း | |||
၂၀၀၈- | မြန်မာ | ၉ | (၀) |
* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့် |
အေးဆန်း(၂၄ ဇန်နဝါရီ ၁၉၈၂ ခုနှစ်)သည် မြန်မာ ဘောလုံးသမားတစ်ဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် နိုင်ငံလက်ရွေးစင်အသင်းအတွက် ပထမဆုံး ရွေးချယ်ခံရသည်။[၁]
ကစားသမားဘဝ
[ပြင်ဆင်ရန်]သူသည် ပြည်နယ်/တိုင်း အသက် ၁၇နှစ်အောက် ဘောလုံးပြိုင်ပွဲများတွင် ၂၀၀၀ပြည့်နှစ်က စစ်ကိုင်းတိုင်းအသင်းတွင်ပါဝင်ပြီးနောက် အားကစားဝန်ကြီးဌာန၏ လူငယ်ဘောလုံးအသင်းသို့ရောက်သွားခဲ့သည်။၂၀၀၂ ခုနှစ်တွင် အဆင့်မြင့်တန်း၌ လူငယ်မွေးမြူရေးစီမံကိန်းအဖြစ် ယှဉ်ပြိုင်ကစားနေသည့် တံခွန်ဘောလုံးအသင်းတွင် ပါဝင်ကစားခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် တံခွန်နှင့် ညီအစ်ကိုဘောလုံးအသင်းဖြစ်သည့် ကမ္ဘောဇဘောလုံးအသင်းသို့ တံခွန်မှဘောလုံးသမား ၁၄ ဦးနှင့်အတူ ပြောင်းရွှေ့ကစားခဲ့သည်။
၁၇ နှစ်အောက် မြန်မာ့လူငယ်လက်ရွေးစင်အဖြစ် ၂၀၀၂ ခုနှစ်တွင် စတင်ရွေးချယ်ခံရပြီးနောက် သက်တမ်းလိုက်ပြိုင်ပွဲအဆင့်ဆင့် ကိုယ်စားပြုကစားပြီးနောက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသို့ ရောက်ရှိသွားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်တွင် ကမ္ဘောဇအသင်းနှင့် နေပြည်တော်တို့တွင် ကစားခဲ့သည်။ကစားသမားဘဝမှအနားယူပြီးနောက် အမျိုးသားဘောလုံးအကယ်ဒမီ ရန်ကုန်တွင် နည်းပြအဖြစ်လုပ်ကိုင်ခဲ့သည်။
ကွယ်လွန်ခြင်း
[ပြင်ဆင်ရန်]၂၀၂၀ပြည့်နှစ် ဇွန်လ၁၂ရက်နေ့တွင် ထားဝယ်မြို့ သရက်ချောင်းရေတံခွန်တွင် ရေနစ်သေဆုံးခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးနှင့် သားဖြစ်သူတို့ ကျန်ရစ်ခဲ့သည်။