အော်ရိုပရီတိုမြို့

ဝီကီပီးဒီးယား မှ
အော်ရိုပရီတိုမြို့

Ouro Preto
စည်ပင်သာယာနယ်နိမိတ်
Ouro Preto November 2009-7.jpg
နိုင်ငံဘရာဇီးနိုင်ငံ
ဒေသအရှေ့တောင်ပိုင်း
ပြည်နယ်မီနပ် ဂျရိုက်စ်
အော်ရိုပရီတို သမိုင်းဝင်မြို့*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ
တည်ရှိသည့် နိုင်ငံ  ဘရာဇီး
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i,iii
ကိုးကား ၁၂၄
ဒေသ** လက်တင်အမေရိက နှင့် ကာရစ်ဘီယံ
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၀  (စတုတ္တအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

အော်ရိုပရီတိုမြို့ သည် ဘရာဇီးနိုင်ငံ မီနပ် ဂျရိုက်စ်ပြည်နယ်ရှိ မြို့တစ်မြို့ ဖြစ်ပြီး ဆီရာဒို အက်စပီညာဆိုတောင်တန်းဒေသတွင် တည်ရှိသော ယခင်ကိုလိုနီခေတ် သတ္တုတွင်းမြို့ တစ်မြို့ ဖြစ်သည်။ အလွန်လက်ရာမြောက်သော ဘာရော့ခ် ဗိသုကာလက်ရာများကြောင့် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့သည်။

အော်ရိုပရီတိုသည် ဘရာဇီးနိုင်ငံ ရွှေရှာဖွေတွေ့ရှိချိန်က ရွှေထွက်ရာသို့ အလုအယက်သွားရောက်ကြရာတွင် အဓိကနေရာတစ်ခု ဖြစ်ခဲ့သည်။ တရားဝင်အားဖြင့် ၁၈ ရာစုအတွင်း ပေါ်တူဂီနိုင်ငံသို့ ရွှေတန်ချိန် ၈၀၀ ကျော် တင်ပို့ခဲ့သည်။ အခြား ရွှေများမှာ တရားမဝင် လှည့်ပတ်ခဲ့ပြီး အချို့မှာမူ ကိုလိုနီနယ်မြေ အတွင်း ဘုရားရှိခိုးကျောင်းများကို တန်ဆာဆင်ရန် နှင့် အခြားနေရာများတွင် အသုံးပြုခဲ့သည်။[၁]

၁၈ ရာစုအတွင်း အော်ရိုပရီတိုသည် ကမ္ဘာသစ် အတွင်း လူဦးရေ အများဆုံးမြို့ အဖြစ် တစ်ကြိမ်တစ်ခါက ရှိခဲ့ပြီး ၁၇၅၀ တွင် ခန့်မှန်းခြေ လူဦးရေ ၈၀,၀၀၀ မျှ ရှိခဲ့သည်။ ထိုအချိန်က နယူးယောက်မြို့ ၏ လူဦးရေမှာ ထိုဂဏန်း၏ တစ်ဝက်မျှသာ ရှိပြီး ဆောပိုလိုမြို့၏ လူဦးရေမှာ ၈,၀၀၀ မျှသာ ရှိသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Ouro Preto Ouro Preto။ 10 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 November 2017 တွင် ပြန်စစ်ပြီး။
  2. Ouro Preto Ouro Preto။ 10 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 November 2017 တွင် ပြန်စစ်ပြီး။