အော်ပရေးရှင်းဘလတ်စတုန်း

ဝီကီပီးဒီးယား မှ

အော်ပရေးရှင်းဘလက်စတုန်းမှာ  ဆိုဗီယက် ပြည်ထောင်စု ၊ လက်တင်အမေရိကနှင့် ကနေဒါနိုင်ငံများသာမက အမေရိကန် ပြည်ထောင်စုနိုင်ငံတွင်းပါမကျန် အမေရိကန်စုံစမ်းထောက်လှမ်းရေးအတွက် သူလျှိုလုပ်ဆောင်ပေးစေရေးအတွက် ဆိုဗီယက်ထိန်းချုပ်ထားသော နယ်မြေများတွင် နေထိုင်သည့် နာဇီများနှင့် လက်တွဲလိုသူများအား  ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) က အားထုတ်ကြိုးပမ်းသည့် တိတ်တိတ်ပုန်းစစ်ဆင်ရေးတရပ်ဖြစ်သည်။[၁][၂] ဘလက်စတုန်းအော်ပရေးရှင်း၏ လုပ်ငန်းအစိတ်အပိုင်းအတွက် ငှားရမ်းထားသူ အများစုမှာ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြသည့် နာဇီ အဆင့်မြင့်ထောက်လှမ်းရေးသမားများ ဖြစ်ကြသည်။ ထိုသူများစွာမှာ အယူတိမ်းမိသော နာဇီများ သို့မဟုတ် အခွင့်ရေးသမားများမဟုတ်ကြဘဲ ကွန်မြူနစ်ဆန့်ကျင်ရေး နာမအောက်တွင် ဟစ်တလာအစိုးရနှင့် ပလဲနံပသင့်ခဲ့သူများဖြစ်သည်။[၃]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အော်ပရေးရှင်းဘလက်စတုန်းကို အမေရိကန် ဖက်ဒရယ်အုပ်ချုပ်ရေးဌာနက ကနဦး၌ အဆိုပြုခဲ့ပြီး SANACC (နိုင်ငံတော်အစိုးရ ၊ တပ်မတော် ၊ ရေတပ် နှင့် လေတပ် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ) က ၁၉၄၈ ဇွန်လ ၁၀ ရက်နေ့ တွင် အတည်ပြုခဲ့သည်။ အော်ပရေးရှင်းအစပျိုးကာလများတွင် ဆိုဗီယက်ပတ်လမ်းပြင်ပရှိ အနောက်ဘက်ခြမ်း မဟုတ်သော နိုင်ငံများမှ “ကွန်မြူနစ်ဝါဒီတို့၏ ရန်စွယ်ကို တောင့်ခံနိုင်စွမ်းရှိပြီး လူထုလှုပ်ရှားမှုအားကြိုးကိုင်နိုင်ရေး ကွန်မြူနစ်ဝါဒဖြန့်ချိရေးနှင့်နည်းလမ်းများကို တန်ပြန်နိုင်သောအတတ်ပညာရှိသည့်”  ကွန်မြူနစ်ဆန့်ကျင်ရေး အခြေခံအင်အားစုများကို စာကြမ်းတစောင်က ရွေးထုတ်ဖော်ပြထားသည်။[၄] ရန်ပုံငွေ နှင့် နိုင်ငံတကာချိတ်ဆက်လှုပ်ရှားမှု မရှိသောကြောင့် “အဆွယ်ကျိုးနေသော” ထိုသူတဦးချင်းကို အသုံးချနိုင်ရန် အော်ပရေးရှင်းဘလက်စတုန်းက ကြိုးပမ်းခဲ့သည်။ ဇူလိုင်လ၌ SANACC က အော်ပရေးရှင်းကို ချဲ့ထွင်ခဲ့ရာတွင်[၅] -


"ရန်သူ့နယ်မြေတွင်းမှ မဟာမိတ်တပ်များဖြစ်စေ လိုလားသောအင်အားစုများကဖြစ်စေ ဆောင်ရွက်သည့် ရန်သူ့အား ဆန့်ကျင်လှုပ်ရှားမှုများ ပါဝင် ... စိတ်ဓာတ်စစ်ဆင်ရေး ၊ တော်လှန်ပုန်ကန်ရေး ၊ အဖျက်အမှောင့်လုပ်ငန်းတို့ နှင့် လုပ်ကြံသတ်ဖြတ်ခြင်း ၊ မဟာမိတ်လေတပ်သားများအား ပစ်မှတ်ထားဖမ်းဆီးခြင်း နှင့် ကယ်ဆယ်ခြင်းတို့ကဲ့သို့ သောင်းပြောင်းစစ်ဆင်ရေးများကို ထည့်သွင်းရန်" [အထိဖြစ်သည်။]


၁၉၇၆ ခုနှစ်ရောက်သောအခါ အော်ပရေးရှင်းဘလက်စတုန်းမှာ တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထိန်းသိမ်းခံ ထားရသည့် လျှို့ဝှက်ချက်တခုမဟုတ်တော့သည်သာမက ၎င်းနှင့်ဆက်နွယ်သော အထူးလျှို့ဝှက်ထားသည့် ပရိုဂရမ် ၂ ခု - Operation Paperclip  နှင့် Alsos Mission ရှိကြောင်းကို စုံစမ်းစစ်ဆေးမှုတရပ်က ဖော်ထုတ်နိုင်ခဲ့သည်။[၆]

အောက်ပါတို့ကိုလည်း ဖတ်ရှုရန်[ပြင်ဆင်ရန်]

  • Klaus Barbie
  • Operation Paperclip
  • Operation Rusty
  • Ratlines (World War II)
  • U.S. intelligence involvement with German and Japanese war criminals after World War II

ရည်ညွှန်း[ပြင်ဆင်ရန်]

  1. Valentine, Douglas (2004)။ The Strength of the Wolf: The Secret History of America's War on Drugs။ Verso။ p. 100။ ISBN 9781859845684
  2. Wilford, Hugh (2009)။ The Mighty Wurlitzer: How the CIA Played America။ Harvard University Press။ pp. 29–30။ ISBN 9780674045170
  3. Gerolymatos၊ Andre (2010-11-23)။ Castles Made of Sand: A Century of Anglo-American Espionage and Intervention in the Middle East (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Macmillan။ ISBN 9781429913720
  4. Simpson၊ Christopher (2014-06-10)။ Blowback: America's Recruitment of Nazis and Its Destructive Impact on Our Domestic and Foreign Policy (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Open Road Media။ ISBN 9781497623064
  5. Gerolymatos, Andre (2010)။ Castles Made of Sand: A Century of Anglo-American Espionage and Intervention in the Middle East။ Macmillan။ p. 144။ ISBN 9781429913720
  6. Dionisi၊ David J. (2011)။ Vigilant Christian II: Preventing an American Hiroshima (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Trafford Publishing။ ISBN 9781426993756