အော်ကျူပိုင်း လှုပ်ရှားမှု

ဝီကီပီးဒီးယား မှ

အော်ကျူပိုင်း လှုပ်ရှားမှု (Occupy movement) သည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားသည့် စီးပွားရေး၊ လူမှုရေး မညီမျှမှုကို ဆန့်ကျင်သော လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။ ပထမဦးဆုံး လှုပ်ရှားမှုမှာ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ Zuccotti ပန်းခြံ၌ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် စတင်ခဲ့သည့် Occupy Wall Street ဖြစ်သည်။ အောက်တိုဘာ ၉ ရက်နေ့တွင် နိုင်ငံပေါင်း ၈၂ နိုင်ငံမှ မြို့ကြီး ၉၅ မြို့၌ အော်ကျူပိုင်း လှုပ်ရှားမှုများ ရှိခဲ့သည်။ အောက်တိုဘာ ၁၅ ရက်နေ့တွင်မူ ကမ္ဘာတလွှား တပြေးညီ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ယင်းလှုပ်ရှားမှုများတွင် ‘ငါတို့ဟာ ၉၉ % ဖြစ်တယ်။’ ဆိုသည့် ကြွေးကြော်သံများကို ဟစ်ကြွေးကြပြီး အချမ်းသာဆုံး ၁ % နှင့် ကျန်လူများအကြား ဝင်ငွေနှင့် ချမ်းသာမှု မညီမျှခြင်းကို မီးမောင်းထိုး ပြကြသည်။